ဧဒင်အချစ်ပုံပြင်: ဘေးလူတွေ ဘယ်လောက်ပဲတိုက်ခိုက်ပါစေ ရှေ့ကိုပဲလျှောက်မယ် ဆိုတဲ့ နီနီခင်ဇော်

Monday 18 November 2013

ဘေးလူတွေ ဘယ်လောက်ပဲတိုက်ခိုက်ပါစေ ရှေ့ကိုပဲလျှောက်မယ် ဆိုတဲ့ နီနီခင်ဇော်

အဆိုပညာမှာ တော်တယ်လို့ ပရိသတ်အားလုံးက လက်ခံထားကြတဲ့ နီနီခင်ဇော်ရဲ့အနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ခုလို မေးကြည့်ဖြစ်တဲ့အခါ ‘လတ်တလောမှာတော့ တန်ဆောင်တိုင် ပွဲတွေဆိုနေရပါတယ်။ တန်ဆောင်တိုင်မှာ နေပြည်တော်နဲ့ တောင်ငူမှာ သီချင်းသွားဆိုဖို့ ရှိပါတယ်။ နောက်ပြီး မာရီယို DVD ရိုက်ကူးနေတာ ၇ပုဒ်လောက် ပြီးသွားပြီ ။မာရီယို DVD ကိုတော့ အတတ်နိုင်ဆုံး၊ အကောင်းဆုံးသူများတွေနဲ့ မတူအောင် ကောင်းလည်းကောင်းရမယ်။ အခုချိန် မှာ MTVတွေအကုန်လုံးက ကောင်းနေကြတာဆိုတော့ အိုင်ဒီယာလည်း မတူရအောင်၊ ကောင်းလည်း ကောင်းအောင် ခွဲပြီးရိုက်နေပါတယ်။’ လို့ သူကပြောပါတယ်။

 မာရီယိုထဲက မျှော်လင့်ချက်တစ်စုံတစ်ရာဆိုတဲ့ သီချင်းကို ပရိသတ်နှစ်ခြိုက်လက်ခံတာနဲ့ ပတ်သက်ပြီးတော့လည်း သူက ‘ကိုဆောင်းဦးလှိုင်က နီနီခင်ဇော် ဆိုဖို့ ပေးတဲ့သီချင်းပါ။ အဲဒီသီချင်းဆိုနေတဲ့ အချိန်မှာ နီနီခင်ဇော်အတွက် အရမ်းတာဝန်ကြီးခဲ့ပါတယ်။ သီချင်းပေါ်မှာထားရတဲ့စိတ် ခံစားချက်က တော်တော်ကိုခက်ပါတယ်။ ဆိုပြီးသွားတဲ့အချိန်မှာလည်း အခက်အခဲလေးတွေနည်းနည်းပါးပါးရှိခဲ့ပေမဲ့ အားရပါတယ်။ အဲဒီသီချင်းလေးဆိုပြီးသွားကတည်းက ပရိသတ်ကြိုက် လိမ့်မယ်လို့လည်း နီနီမျှော်မှန်းခဲ့တာပါ’တဲ့။ ရှိုးပွဲမှာ သူမကိုသီဆိုပေးဖို့ တောင်းခံရတဲ့သီချင်းတွေကတော့ နိုင်းဝမ်းနဲ့ ဆိုထားတဲ့ အရောင်မဆိုးနဲ့ ဆိုတဲ့သီချင်း၊ မျှော်လင့်ချက် တစ်စုံတစ်ရာဆိုတဲ့ သီချင်း တွေပါပဲတဲ့။

အပင်မြင့်လေ၊ လေတိုက်ခံရလေဆိုတဲ့အတိုင်း နာမည်ရလာလေ အတိုက်အခိုက်တွေ ပိုမိုများပြားလာတာနဲ့ ပတ်သက်ပြီး သူမကတော့ ‘ကိုယ့်အပေါ်မှာ တိုက်ခိုက်လာတဲ့သူနဲ့ ပတ်သက်လို့ ကတော့ ဘေးကလူတွေ ဘယ်လောက်ပဲပြောနေနေ ရှေ့ကိုလျှောက်ဖို့ပဲ ခေါင်းထဲမှာ အမြဲစဉ်းစားထားတယ်။ ကိုယ့်အကြောင်းကိုပြောကြတယ် ဆိုတာကလည်း ဘယ်သူမှတော့ အကြာကြီး မပြောနိုင်ကြပါဘူး။ ဒီလိုပါပဲ။ အတိုက်အခိုက် ဆိုတာလည်း အကြာကြီးကိုယ့်ကို မတိုက်ခိုက်နိုင်ပါဘူး။ ကိုယ်မှန်နေဖို့ အဓိကပါပဲ။ ဘေးကိုလှည့်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ဟန်ချက်တွေ ထိခိုက်သွားမှာစိုးတဲ့အတွက် နီနီခင်ဇော်ကတော့ရှေ့ကိုဆက်လျှောက်ဖို့ ပဲစဉ်းစားပါတယ်။’လို့ ပြောပါတယ်။
By Trend Myanamr

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...