ဧဒင်အချစ်ပုံပြင်: လပြည့်နေ့က မဲဇလီဖူးတက်ခူးသူ လူ ၂ ယောက်ဓာတ်လိုက်သေဆုံး

Monday 18 November 2013

လပြည့်နေ့က မဲဇလီဖူးတက်ခူးသူ လူ ၂ ယောက်ဓာတ်လိုက်သေဆုံး



၁၇.၁၁.၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် သာကေတမြို့နယ်၊ ၁၀/တောင်(၁၄)ရပ်ကွက်၊ တမာလမ်းနေ မျိုးမင်းသိန်း (ဘ)ဦးမောင်သိန်းသည် သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ ရှုခင်းသာမြို့ပတ် လမ်းမကြီးဘေး မယ်ဇလီပင်ပေါ်သို့ မယ်ဇလီဖူးခူးရန်တက်ရောက်စဉ် သာကေတဓါတ်အားပေးစက်ရုံမှ သီတာဓါတ်အားခွဲရုံသို့သွယ်တန်းထားသော 66 KV ဓါတ်အားကြိုးမှ
ဓါတ်လိုက်ပြီး မယ်ဇလီပင် ပေါ်တွင် ချိတ်တွယ်သေဆုံးနေသဖြင့် သာကေတမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၃ ဖြင့် ဖွင့်လှစ်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ၁၂၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၂)နေ အောင်သူထွန်း(ဘ)ဦးလှစိုးသည် စက်မှုဇုံ(၂)၊ ဦးအောင်သူလမ်းနှင့်ဦးမိုးလမ်းထောင့်ရှိ မယ်ဇလီပင်ပေါ်သို့
မယ်ဇလီဖူးတက်ခူးစဉ် 11 KV ဓါတ်အားကြိုးကို ကိုင်ဆွဲမိကာ
မယ်ဇလီပင်ပေါ်တွင် ဓါတ်လိုက်သေဆုံးနေသဖြင့် လှိုင်သာယာမြို့မ ရဲစခန်းသေမှုသေခင်းအမှတ်စဉ် ၇၅/၂၀၁၃ဖြင့် ဖွင့်လှစ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

By Yangon Police

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...