ဧဒင်အချစ်ပုံပြင်: ကျပ်ဘီလျံ ၁၀၀ မ, တည်ထားသည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ယခုနှစ် ဒီဇင်ဘာ ပထမအပတ် အတွင်း ဖွင့်လှစ်မည်

Thursday 14 November 2013

ကျပ်ဘီလျံ ၁၀၀ မ, တည်ထားသည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ယခုနှစ် ဒီဇင်ဘာ ပထမအပတ် အတွင်း ဖွင့်လှစ်မည်

Photo: ကျပ်ဘီလျံ ၁၀၀ မ, တည်ထားသည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ယခုနှစ် ဒီဇင်ဘာ ပထမအပတ် အတွင်း ဖွင့်လှစ်မည်
Friday, November 15, 2013

ကျပ်ဘီလျံ ၁၀၀ မ, တည်ထားသည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) အား ယခုနှစ် ဒီဇင်ဘာ ပထမအပတ် အတွင်း၌ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး နေရာတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါဘဏ်မှ စုံစမ်းသိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် မ, တည်ငွေရင်း ကျပ်ဘီလျံ ၁၀၀ အား ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ ကြီးကြပ်မှုနှင့် မြို့ရွာနှင့် ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး အပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများ၊ ဘဏ်လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများ စုပေါင်း မ, တည်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဘဏ် အနေဖြင့် လမ်းတံတား တည်ဆောက်ရေး၊ အိမ်ရာတည်ဆောက်ရေး စသည့်တိုYအတွက် ငွေထုတ်ချေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ၊ စီမံခန့်ခွဲရေးနှင့် နည်းပညာဌာနမှ ဒုတိယဦးဆောင် ညွန်ကြားရေးမှူး ဦးကျော်ဝင်းက ''နေအိမ်မရှိသေးတဲ့သူတွေ နေအိမ်တိုက်ခန်းတွေ ရဖို့အတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အနေနဲ့ အမြတ်အနည်းဆုံးနဲ့ ဆောက်နိုင်ဖို့အတွက် ထုတ်ချေးတာတွေ ဆောင်ရွက်သွားမှာပါ။ ဒီလိုလုပ်ဆောင်တဲ့ အခါမှာ ဘဏ်လုပ်ငန်းစနစ် အတိုင်းပဲ ပွင့်လင်းမြင်သာစွာနဲ့ ဆောင်ရွက်သွားပါမယ်။ ပုဂ္ဂိုလ်ကိုလုပ်ပြီး ဆောင်ရွက်ပေးတဲ့ ကိစ္စမျိုး မဟုတ်ဘဲ ပွင့်လင်းမြင်စွာနဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ကနေ ဆုံးဖြတ်ဆောင်ရွက် သွားတာမျိုး လုပ်မှာပါ။ တစ်ဦးတစ်ယောက်ရဲ့ သဘောနဲ့ ဆုံးဖြတ်တာမျိုး မရှိစေရပါဘူး'' ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား ပြန်လည် ဖြေကြားသည်။

''ပထမအဆင့် အနေနဲ့ ဒီဇင်ဘာလ ပထမအပတ်မှာ ဗိုလ်တထောင် ဘဏ်ခွဲကို ဖွင့်လှစ်မှာဖြစ်တယ်။ အမှန်ကတော့ ရုံးချုပ်ကို ဦးစွာဖွင့်လှစ်ဖို့ အဆောက်အအုံ မပြီးသေးတဲ့အတွက် ငွေကြေးလည်ပတ်မှုကို စတင်နိုင်ဖို့ ဗိုလ်တထောင် ဘဏ်ခွဲကို စတင်ဖွင့်မှာပါ'' ဟု ၎င်းက ပြောကြားသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့်အညီ ယခုနှစ် ဇူလိုင်လ အတွင်းက မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားသည့် ဘဏ်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံးရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဗိုလ်တထောင်ဘဏ်ခွဲ နေရာအား နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် ( ဓာတ်ပုံ - အောင်ဇော်ထွန်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...