ဧဒင်အချစ်ပုံပြင်: ကိုယ်ဝန်ရှိလာသော ချစ်သူမိန်းကလေးများအား အဓမ္မပြုကျင့်ပြီး နှိပ်စက်ခဲ့သူ

Sunday 10 November 2013

ကိုယ်ဝန်ရှိလာသော ချစ်သူမိန်းကလေးများအား အဓမ္မပြုကျင့်ပြီး နှိပ်စက်ခဲ့သူ

စကော့တလန်နိုင်ငံ Glasgow တွင် နေထိုင်သော အသက်(၃၆)နှစ်အရွယ်ရှိ လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်သော James Keaney ဟာ ကိုယ်ဝန်ရှိလာသော ၎င်း၏ချစ်သူမိန်းကလေးနှစ်ဦးအား နှိပ်စက်ညှဉ်းပန်းခဲ့ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
၎င်းက ၎င်း၏ကလေးနဲ့အတူ အိမ်ပြန်ရောက်လာတဲ့ ကလေးမွေးပြီးစ ၎င်း၏ ချစ်သူမိန်းကလေးအား
မိန်းကလေး သဘောတူညီမှုမရှိဘဲ အိမ်နောက်ဖေးမီးဖိုချောင်သို့ တရွတ်တိုက်ဆွဲခေါ်လာကာ အဓမ္မပြုကျင့်ခဲ့ပြီး တခြားလူတစ်ယောက်နဲ့ ကလေးယူရင် ဒီလိုဖြစ်မယ်လို့ ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုမိန်းကလေးဟာဆိုရင် James Keaney နဲ့ ကိုယ်ဝန်ရှိလာကတည်းက နေ့စဉ်ဆိုသလို Keaney ၏ နှိပ်စက်ညှဉ်းပန်းမှု ခံလာရကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်းကိုလည်း အမြဲလို ခံခဲ့ရကြောင်း သိရသည်။
သူမ အပြင်ထွက် ဈေးဝယ်တုန်း တစ်ယောက်ယောက်နဲ့ စကားပြောမိရင် သူမအား စောင့်ကြည့်ထိန်းချုပ်ထားသော Keaney က ဆံပင် သို့မဟုတ် လက်မောင်းမှ တရွတ်တိုက်ဆွဲ၍ နှိပ်စက်ကာ မေးမြန်းစစ်ဆေးလေ့ရှိပြီး သူမ ပြန်ပြောပြတာကိုလည်း ယုံကြည်လေ့မရှိကြောင်း သူမက ဆိုခဲ့သည်။
သူမအား ခါးပတ်ဖြင့်ချည်နှောင်ကာ ဗီရိုလွတ်ထဲသို့ Keaney က ထည့်ပိတ်ထားတတ်ကြောင်းလည်း သိရသည်။
Keaney ၏ နောက်ထပ် ချစ်သူရည်းစားဖြစ်ခဲ့သော အသက်(၃၂)နှစ်အရွယ် မိန်းကလေးဟာဆိုရင်လည်း သူမ ကိုယ်ဝန်စရှိကတည်းက ပထမ မိန်းကလေးကဲ့သို့ပင် ကံဆိုးခဲ့ခြင်း ဖြစ်သည်။
သူမ၏ ဖုန်းများကို နားထောင်လေ့ရှိသော Keaney က သူမအား မိဘများနှင့်ပင် တွေ့ခွင့်မပေးဘဲ အိမ်သော့အား သူသာ သိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုမိန်းကလေးနှစ်ဦးဟာ တစ်ဦးနှင့် တစ်ဦး သိကျွမ်းကြသူတွေ မဟုတ်ဘဲ တစိမ်းပြင်ပြင်များ ဖြစ်ကြောင်းလည်း သိရသည်။
James Keaney က ထိုမိန်းကလေးနှစ်ဦးဟာ ၎င်းအား မတရားစွပ်စွဲနေခြင်းဖြစ်ကြောင်း ငြင်းဆိုထားသည်။
၁၉၉၆ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း Glasgow ၌ နှိပ်စက်ညှဉ်းပန်းမှု ၊ မုဒိမ်းမှုများ ကျူးလွန်ခဲ့သော James Keaney အား လာမည့်လအတွင်း တရားရုံးက အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
Source : Daily Mail
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...