ဧဒင်အချစ်ပုံပြင်: Fast & Furious ရုပ်ရှင်များမှာ မင်းသား Paul Walker အသက်ဆုံးခဲ့ရသည့် ယာဉ်တိမ်းမှောက်မှု
Saturday 30 November 2013
Fast & Furious ရုပ်ရှင်များမှာ မင်းသား Paul Walker အသက်ဆုံးခဲ့ရသည့် ယာဉ်တိမ်းမှောက်မှု
Photo: Fast & Furious မင်းသား Paul Walker သေဆုံး
Sunday, December 1, 2013
Fast & Furious ဆိုတဲ့ နာမည်ကြီး ကားသူခိုး ဇာတ်ကားမှ မင်းသားတစ်ဦး ဖြစ်သူ Paul Walker တစ်ယောက်
စနေနေ့ ညနေ အချိန် တောင်ပိုင်း ကရီဖိုးနီးယား ပြည်နယ် ၌ ကားမတော်တဆ မှု တစ်ခုနဲ့ သေဆုံးသွားတယ်လို့ 
နိုင်ငံတကာ အနုပညာ သတင်းမီဒီယာများ ဖော်ပြချက်အရ သိရပါတယ်။
သေဆုံးသူ ပေါလ် ဝေါ့ကာဟာ အသက် ၄၀ ရှိပြီး  အဲ့ဒီနေ့  ညနေက လော့အင်ဂျလီ မြို့ အထွက်  ဆန်တာ ကလက်တီယား နားမှာ
ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။ လမ်းဘေးရှိ သစ်ပင် တစ်ပင်ကို အရှိန်မထိန်းနိုင်ဘဲ တိုက်မိပြီးနောက် သေဆုံးသွားတယ်လို့ 
Daily News  သို့  သူ့  အေဂျင့်က အတည်ပြု ပြောကြားသွားပါတယ်။
walkercrash3
ကားတစ်ခုလုံးလည်း ကြေမွသွားပြီး မီးတွေ လောင်ကာ ပေါက်ကွဲခဲ့တဲ့ အတွက် မီးသတ်သမားများလည်း အရေးပေါ်
မီးငြိမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။ သို့ သော် အရှိန်ပြင်းတဲ့အတွက် ပေါလ် ဝေါကာ ရဲ့ အသက်ကို မကယ်နိုင်ခဲ့ပါဘူး။
4181845
သူ့ ရဲ့ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခုဖြစ်တဲ့ Universal Picture က ပေါလ်အတွက် ၀မ်းနည်းခြင်း ကြေငြာချက် တစ်စောင်ကိုလည်း
ထုတ်ပြန်ခဲ့ပါတယ်။
ဒါကတော့ ” All of us at Universal are heratbroken ” ဆိုပြီး ဖြစ်ပါတယ်။
ပေါလ်ဟာ အသက် ၁၄ နှစ်အရွယ်ကထဲက ဒီစတုဒီယာမှာ စတင် သရုပ်ဆောင် အလုပ်လုပ်ခဲ့တာ ဖြစ်ပြီး
The Fast and Furious ဆိုတဲ့ ကားသူခိုး နဲ့ ကား ပြိုင်ပွဲ ကားကို အပိုင်းများစွာ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သူ့ ရဲ့  Biography ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Paul Walker
Actor
Paul William Walker IV is an American actor. He became well known in 1999 after his role in the hit film Varsity Blues. However, he is perhaps best known for starring as Brian O’Conner in The Fast and the Furious film series. 
Born: September 12, 1973 (age 40), Glendale, California, United States
Height: 6′ 2″ (1.88 m)
Partner: Rebecca
Children: Meadow Walker
Upcoming movie: Fast & Furious 7
Source – Wiki ,nytimes,BBC
MM Social Sky
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...