ဧဒင်အချစ်ပုံပြင်: အိမ်ကိုခိုးဝင်နေထိုင်သူက အိမ်ရှင်ကို တရားပြန်စွဲ

Saturday 7 December 2013

အိမ်ကိုခိုးဝင်နေထိုင်သူက အိမ်ရှင်ကို တရားပြန်စွဲ


Photo: အိမ်ကိုခိုးဝင်နေထိုင်သူက အိမ်ရှင်ကို တရားပြန်စွဲ

အမေရိကန်ပြည်ထောင်စု၊ စပရင်းဒေးမြို့ မှာ နေထိုင်တဲ့ မိသားစုတစ်စုဟာ နာမကျန်းဖြစ်နေတဲ့ ဆွေမျိုးတစ်ယောက်ဆီ ခရီးထွက်သွားပြီး ပြန်အလာမှာ သူတို့ အိမ်ဧည့်ခန်းမှာ လူတစ်ယောက်က ခြေပစ်လက်ပစ်လှဲနေတာကို တွေ့ လိုက်ရပါတယ်။ မိသားစုက မေးတဲ့အခါ ဒီအိမ်ဟာ သူ့ အိမ်ဖြစ်ပြီး သူ့ မှာ ဟာမင်တန်တရားရုံးနဲ့ လုပ်ထားတဲ့ ပိုင်ဆိုင်မှုစာချုပ်တွေရှိကြောင်း ပြန်ပြောလိုက်ပါတယ်။ တကယ်တမ်းတော့ ရော်ဘတ်ကားဆိုသူဟာ ခရီးထွက်သွားတဲ့ မိသားစု ရဲ့ အိမ်ကိုခိုးဝင်ပြီး တံခါးသော့ကို ပြောင်း ၊ အိမ်တစ်ခုလုံးကို ပြောင်သလင်းခါအောင် လုပ်ပစ်လိုက်ပြီး သူ့ အိမ်ဖြစ်ကြောင်း စာချုပ်အတုတွေလုပ်ထားတာပါ။ သူ့ အဆိုအရ တော့ “ ကျွန်တော် အိမ်မှာဝင်မနေခင် ဒီအိမ်မှာဘယ်သူမှမရှိကြောင်းသေချာအောင်လုပ်ပါတယ်။သူတို့ အိမ် ကနေ ထွက်ခွာသွားတာနဲ့ ဒီအိမ်ကို သူတို့ မပိုင်တော့ဘူးလေ၊ဒါကြောင့်ကျွန်တော်ဝင်နေလိုက်တယ်။ ကျွန်တော်ရှိနေရင် ဒါကျွန်တော့်အိမ်ပေါ့လို့ ” ကားလ်က ပြန်လည်ချေပခဲ့ပါတယ်။
အခုဆို ၂၁ နှစ်ကြာ အဲဒီ့အိမ်မှာနေထိုင်လာတဲ့ မိသားစုဟာ တစ်ပါတ်လောက် အိမ်ကနေ ထွက်ခွာသွား မိတာနဲ့  အိမ်တစ်လုံးကို ဆုံးရှုံးရတော့မှာပါ။ အခုတော့ ကားလ်ကို တရားစွဲဆိုထားပြီး မကြာမီ အမှုကို စစ်ဆေးသွားမှာပါ။
ကားလ်ရဲ့သီအိုရီကတော့ “ ခင်ဗျား အိမ်ကနေ ထွက်ပြီး တစ်နေရာကို သွားတာနဲ့  အဲဒီအိမ်ဟာ ခင်ဗျားပိုင်ဆိုင်မှု မဟုတ်တော့ပါဘူး၊ခင်ဗျားစွန့် ပစ်လိုက်သလိုပါပဲ ။တစ်ယောက်ယောက်က အိမ်ထဲ ၀င်သွားပြီး အိုး - ဒါငါ့ဟာ လို့ ပြောနိုင်ပါတယ် “ တဲ့။ ကားလ်ဟာ ဒီအိမ်တစ်အိမ်ထဲကို အခုလိုလုပ်ခဲ့တာမဟုတ်ဘဲ တခြား အိမ် ၁၀ လုံးကျော်ကိုလည်း အခုပုံစံအတိုင်း လုပ်ဖို့ စီစဉ်ခဲ့သေးတယ်လို့ သိရပါတယ်။

http://myawadynews.blogspot.com/2013/12/blog-post_7420.htmlအမေရိကန်ပြည်ထောင်စု၊ စပရင်းဒေးမြို့ မှာ နေထိုင်တဲ့ မိသားစုတစ်စုဟာ နာမကျန်းဖြစ်နေတဲ့ ဆွေမျိုးတစ်ယောက်ဆီ ခရီးထွက်သွားပြီး ပြန်အလာမှာ သူတို့ အိမ်ဧည့်ခန်းမှာ လူတစ်ယောက်က ခြေပစ်လက်ပစ်လှဲနေတာကို တွေ့ လိုက်ရပါတယ်။ မိသားစုက မေးတဲ့အခါ ဒီအိမ်ဟာ သူ့ အိမ်ဖြစ်ပြီး သူ့ မှာ ဟာမင်တန်တရားရုံးနဲ့ လုပ်ထားတဲ့ ပိုင်ဆိုင်မှုစာချုပ်တွေရှိကြောင်း ပြန်ပြောလိုက်ပါတယ်။ တကယ်တမ်းတော့ ရော်ဘတ်ကားဆိုသူဟာ ခရီးထွက်သွားတဲ့ မိသားစု ရဲ့ အိမ်ကိုခိုးဝင်ပြီး တံခါးသော့ကို ပြောင်း ၊ အိမ်တစ်ခုလုံးကို ပြောင်သလင်းခါအောင် လုပ်ပစ်လိုက်ပြီး သူ့ အိမ်ဖြစ်ကြောင်း စာချုပ်အတုတွေလုပ်ထားတာပါ။ သူ့ အဆိုအရ တော့ “ ကျွန်တော် အိမ်မှာဝင်မနေခင် ဒီအိမ်မှာဘယ်သူမှမရှိကြောင်းသေချာအောင်လုပ်ပါတယ်။သူတို့ အိမ် ကနေ ထွက်ခွာသွားတာနဲ့ ဒီအိမ်ကို သူတို့ မပိုင်တော့ဘူးလေ၊ဒါကြောင့်ကျွန်တော်ဝင်နေလိုက်တယ်။ ကျွန်တော်ရှိနေရင် ဒါကျွန်တော့်အိမ်ပေါ့လို့ ” ကားလ်က ပြန်လည်ချေပခဲ့ပါတယ်။
အခုဆို ၂၁ နှစ်ကြာ အဲဒီ့အိမ်မှာနေထိုင်လာတဲ့ မိသားစုဟာ တစ်ပါတ်လောက် အိမ်ကနေ ထွက်ခွာသွား မိတာနဲ့  အိမ်တစ်လုံးကို ဆုံးရှုံးရတော့မှာပါ။ အခုတော့ ကားလ်ကို တရားစွဲဆိုထားပြီး မကြာမီ အမှုကို စစ်ဆေးသွားမှာပါ။
ကားလ်ရဲ့သီအိုရီကတော့ “ ခင်ဗျား အိမ်ကနေ ထွက်ပြီး တစ်နေရာကို သွားတာနဲ့  အဲဒီအိမ်ဟာ ခင်ဗျားပိုင်ဆိုင်မှု မဟုတ်တော့ပါဘူး၊ခင်ဗျားစွန့် ပစ်လိုက်သလိုပါပဲ ။တစ်ယောက်ယောက်က အိမ်ထဲ ၀င်သွားပြီး အိုး - ဒါငါ့ဟာ လို့ ပြောနိုင်ပါတယ် “ တဲ့။ ကားလ်ဟာ ဒီအိမ်တစ်အိမ်ထဲကို အခုလိုလုပ်ခဲ့တာမဟုတ်ဘဲ တခြား အိမ် ၁၀ လုံးကျော်ကိုလည်း အခုပုံစံအတိုင်း လုပ်ဖို့ စီစဉ်ခဲ့သေးတယ်လို့ သိရပါတယ်။

myawadynews

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...