ဧဒင်အချစ်ပုံပြင်: စကာင်္ပူ ရထားပေါ်တွင် ဓါးလွတ်ကိုင် ဆာမူရိုင်း

Monday 16 December 2013

စကာင်္ပူ ရထားပေါ်တွင် ဓါးလွတ်ကိုင် ဆာမူရိုင်း

Photo: စကာင်္ပူ ရထားပေါ်တွင် ဓါးလွတ်ကိုင် ဆာမူရိုင်း

၁၆.၁၂.၂၀၁၃၊ တနင်္လာနေ့

ယနေ့ နေ့ခင်း ၁၂:၃၀ တွင် ဓါးလွတ်ကိုင် ဆာမူရိုင်းဝတ်စုံဝတ် လူတစ်ဦးသည် ပယာလီဘာ Paya Lebar MRT အခပေးဂိတ် ကို ကျော်၍ ရထားပေါ်သို့ တက်လာကြောင်း SMRT စင်ကာပူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ၄င်းဖေ့စ်ဘွတ်ခ် မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

၎င်းဆာမူရိုင်းသည် မြို့တော်ခန်းမ City Hall MRT ၌ ရထားပေါ်က ဆင်းသွားပြီး Jurong East ရှိရာ မြောက်ဖက်သွား ရထားတစ်စင်းပေါ်သို့ ဆက်လက် စီးနင်းခဲ့သည်။ နောက်ဆုံးတွင် ဒိုဘီဂေါ့ Dhoby Ghaut ဘူတာ ၌ ပြန်လည်ဆင်းသွားခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောဆိုခဲ့သည်။

နေ့ခင်း ၁၂း၄၅ တွင် ထို ဓါးသမားကို ဂျလန်းပီဆန်း Jalan Pisang ၌ ဖမ်းဆီးနိုင်ခဲ့ကာ ရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းမေးမြန်းလျက် ရှိကြောင်း သိရသည်။

Ref : The Strait Times Singapore 

Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...