ဧဒင်အချစ်ပုံပြင်: ကြွက်သား စားသုံးသူများလာသောကြောင့် ကြွက်များဖမ်းကာရောင်းသူများ ဈေးကောင်းရနေ

Tuesday 17 December 2013

ကြွက်သား စားသုံးသူများလာသောကြောင့် ကြွက်များဖမ်းကာရောင်းသူများ ဈေးကောင်းရနေ


အာရှဒေသမှာ ကြွက်သား စားသောက် ခြင်းဟာ သိပ်ပြီးထူးဆန်းတဲ့အရာတစ်ခု မဟုတ် တော့ပါဘူး။ ဒါပေမဲ့ အနောက်နိုင်ငံမှာတော့ ကြွက်သား စားသုံးတဲ့ဓလေ့မရှိသလောက် ရှားပါးလွန်းပါတယ်။ အရှေ့တောင် အာရှမှာ တော့ ကြွက်သားစားသောက်တဲ့ အလေ့အထ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိလာ တာဖြစ်ပါ တယ်။ ဗီယက်နမ်နဲ့ မဲခေါင်မြစ်ဝှမ်း မှာရှိတဲ့ လယ်သမား တွေဟာ ကြွက် တွေကို ဖမ်းဆီးပြီး စီးပွားရေး လုပ်ငန်း တစ်ခုလို ရောင်း ၀ယ် ဖောက်ကားနေကြတယ်လို့ သိရပါတယ်။ ဒီအချိန်ဟာ စပါးရိတ်သိမ်းချိန်လည်း ဖြစ်တာ မို့ လယ်သမားတွေဟာ ကြွက်တွေကို ရှာဖွေ ပြီး ဈေးကွက်မှာ ပြန်လည်ရောင်းချလေ့ရှိပါ တယ်။

တောင်ပိုင်း မဲခေါင်မြစ်ဝှမ်းဒေသနဲ့ မြောက်ပိုင်း ပင်လယ်နီတို့မှာ ကြွက်သားစား သောက် တဲ့ အလေ့ အ ထ ရှိ တာမို့ အရောင်းအ ၀ယ်အမြဲဖြစ် နေတယ် လို့ သိရပါတယ်။ ဗီယက် နမ်၊ ဟနွိုင်း မှာ ရှိတဲ့ စားသောက် ဆိုင် ကြီး တွေ မှာလည်း ကြွက်သား တွေကို ရောင်းချ ခဲ့ရာ ၀ယ်ယူ အားပေးသူ အများ အပြား ရှိခဲ့ ပါတယ်။ တောင် ပိုင်း မဲခေါင်မြစ်ဝှမ်းဒေသမှာ ရေလွှမ်း မိုးမှုကြောင့် ကြွက်တွေဟာ ရေလွတ်ရာ ထွက် ပြေးနေ တာမို့ အ လွယ်တကူ ဖမ်းယူလို့ရပါ တယ်။ ဖမ်းဆီးမိတဲ့ကြွက်တွေကို ကောက်ရိုး နဲ့ အတူ မီးရှို့ကျပ်တိုက်ပြီး ဈေးကွက်မှာ ပြန် လည်ရောင်းချခြင်းဖြစ်ပါတယ်။ ဒီလိုရောင်း ချရာမှာ တစ် ကီလိုဂရမ်ရှိ တဲ့ ကြွက်သား ရဲ့ တန် ဖိုးက ငါးဒေါ် လာ အထိ ရှိတယ်လို့ သိရပါတယ်။ 

By Messenger

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...