ဧဒင်အချစ်ပုံပြင်: အမှုဖွင့်အရေးယူခံရသူ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ လက်နက်ခဲယမ်းများ တွေ့ရှိ

Monday 9 June 2014

အမှုဖွင့်အရေးယူခံရသူ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ လက်နက်ခဲယမ်းများ တွေ့ရှိ

Photo: အမှုဖွင့်အရေးယူခံရသူ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ လက်နက်ခဲယမ်းများ တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ထပ်မံအမှုဖွင့်အရေးယူထား
နေပြည်တော်၊ ဇွန် ၉
   ရှမ်းပြည်နယ်၊ ဟိုပုံးမြို့မရဲစခန်းတွင် ၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့က အမှုဖွင့်အရေးယူ ခဲ့သည့် (ပ)၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၀၈/၄၆၇ အမှုမှ ပြစ်မှုကျူးလွန်သူ ဟိုပုံးမြို့နယ်၊ ညောင်ဖြူ ကျေးရွာနေ ၀ူးရှောင်ဟွ(၅၃)နှစ်အား ဇွန်လ ၇ ရက်နေ့ ည ၉ နာရီအချိန်တွင် အမှုဖြင့်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ လက်နက်ပုန်းကိုင်ဆောင်ကြောင်း သိရှိရသဖြင့် ၎င်းနေထိုင်သည့် ညောင်ဖြူကျေးရွာရှိ ““ငွေကမ္ဘာကျော်””သတ္တုတူးဖော်ရေးကုမ္ပဏီ၊ ၀န်ထမ်းအိမ်ရာလိုင်းခန်းသို့ ဟိုပုံးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ အိမ်ခန်းဝင်ပေါက်တံခါးကြားရှိ ကြွပ်ကြွပ်အိတ်အဖြူရောင်အတွင်းမှ ပိတ်စအနီရောင်ဖြင့်ထုပ်ထားသည့် ဂျာမနီနိုင်ငံလုပ် ၉ မမ ပစ္စတို သေနတ် ၁ လက်၊ ၎င်းကျည်အိမ်(၂)ခု၊ စက္ကူဗူးဖြင့်ထည့်ထားသည့် ၉ မမ ကျည်(၅၀)တောင့်၊ အမေရိကန်နိုင်ငံလုပ် ၃၂ ဗို့ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ်(၁)ခုနှင့် ၇.၆၅ ကျည်(၄၉)တောင့် တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ၀ူးရှောင်ဟွအား ဟိုပုံးမြို့မရဲစခန်း(ပ)၃၈/၂၀၁၄၊ ရှမ်းလက်နက် ဥပဒေပုဒ်မ ၁၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
အမှုဖွင့်အရေးယူခံရသူ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ လက်နက်ခဲယမ်းများ တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ထပ်မံအမှုဖွင့်အရေးယူထား
နေပြည်တော်၊ ဇွန် ၉
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့မရဲစခန်းတွင် ၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့က အမှုဖွင့်အရေးယူ ခဲ့သည့် (ပ)၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၀၈/၄၆၇ အမှုမှ ပြစ်မှုကျူးလွန်သူ ဟိုပုံးမြို့နယ်၊ ညောင်ဖြူ ကျေးရွာနေ ၀ူးရှောင်ဟွ(၅၃)နှစ်အား ဇွန်လ ၇ ရက်နေ့ ည ၉ နာရီအချိန်တွင် အမှုဖြင့်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ လက်နက်ပုန်းကိုင်ဆောင်ကြောင်း သိရှိရသဖြင့် ၎င်းနေထိုင်သည့် ညောင်ဖြူကျေးရွာရှိ ““ငွေကမ္ဘာကျော်””သတ္တုတူးဖော်ရေးကုမ္ပဏီ၊ ၀န်ထမ်းအိမ်ရာလိုင်းခန်းသို့ ဟိုပုံးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ အိမ်ခန်းဝင်ပေါက်တံခါးကြားရှိ ကြွပ်ကြွပ်အိတ်အဖြူရောင်အတွင်းမှ ပိတ်စအနီရောင်ဖြင့်ထုပ်ထားသည့် ဂျာမနီနိုင်ငံလုပ် ၉ မမ ပစ္စတို သေနတ် ၁ လက်၊ ၎င်းကျည်အိမ်(၂)ခု၊ စက္ကူဗူးဖြင့်ထည့်ထားသည့် ၉ မမ ကျည်(၅၀)တောင့်၊ အမေရိကန်နိုင်ငံလုပ် ၃၂ ဗို့ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ်(၁)ခုနှင့် ၇.၆၅ ကျည်(၄၉)တောင့် တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ၀ူးရှောင်ဟွအား ဟိုပုံးမြို့မရဲစခန်း(ပ)၃၈/၂၀၁၄၊ ရှမ်းလက်နက် ဥပဒေပုဒ်မ ၁၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...