ဧဒင်အချစ်ပုံပြင်: " ကမ္ဘာ့ဖလားသီချင်းများအပေါ် သူတို့အမြင် "

Monday 9 June 2014

" ကမ္ဘာ့ဖလားသီချင်းများအပေါ် သူတို့အမြင် "

Photo: " ကမ္ဘာ့ဖလားသီချင်းများအပေါ် သူတို့အမြင် "

၂ဝ၁၄ ခုနှစ်အတွက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို ဇွန်လအလယ်မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ လေးနှစ်တစ်ကြိမ် ကမ္ဘာ့ဖလား ကျင်းပပြုလုပ်တိုင်း ကမ္ဘာ့ ဖလားအတွက် ရည်ရွယ်ပြီးဘောလုံးသီချင်းတွေ ထွက်ပေါ်လာလေ့ရှိပါတယ်။ 

ဒီနှစ်မှာလည်း ကမ္ဘာ့ဖလားကို ဂုဏ်ပြုတဲ့သီချင်းတွေများစွာ ထွက်ပေါ်လာပါတယ်။ ထွက်ပေါ် လာတဲ့ အထဲကမှ ကမ္ဘာ့ဖလား Theme Song အဖြစ် ရွေးချယ်ထားတဲ့ We are One သီချင်းတစ်ခုကိုတော့ Pit bull နဲ့ J-Lo တို့က သီဆိုထားကြပါ တယ်။ ယခုနှစ်အတွက် We are One သီချင်းအပေါ်ကို မြန်မာတေးသံရှင် တချို့ရဲ့ သုံးသပ်ချက်ကိုလည်း တင်ပြလိုက်ပါတယ်။

အားတီ

” ဒီနှစ်သီချင်းတော့ နားမထောင်ရသေးဘူး။ ဒါပေမဲ့ ကမ္ဘာ့ဖလား သီချင်းတွေမှာ မြူးဇစ်ဖန်တီးမှုက အားလုံးဝိုင်းပြီး ဖန်တီးတဲ့အတွက် သီချင်းကောင်းတွေထွက်လာပါတယ်။ ဒီနှစ်သီချင်းတွေထဲက ရှာကီရာ သီချင်းတော့ နားထောင်ဖြစ်တယ်။ ကြိုက်ပါတယ်။ ဒါပေမဲ့အရင်တုန်းက ဝါကာဝါကာကတော့ အကောင်းဆုံးပဲ။ သူက ရိုးရာသံစဉ်တွေရော၊ အာဖရိ ကမှာကျင်းပတာကို ဖော်ကျူးတဲ့အနေနဲ့ အာဖရိကရိုးရာတွေကိုလည်း ထည့်ထားတယ်။ ဒါက တစ်ကမ္ဘာလုံးစိတ်ဝင်စားကြ တဲ့အ တွက်သီချင်း ကို လည်း ကော် မာရှယ်ဖြစ်တဲ့ပုံစံမျိုးနဲ့လုပ်ကြတာများတယ်”

ဝိုင်းစုခိုင်သိန်း

” ဘောလုံးပွဲမှာ လုပ်တဲ့သီချင်းတွေတိုင်းက ဘယ်တော့မှ မေ့မသွားတဲ့ သီချင်းတွေ ထွက်တာများတယ်လေ။ ဝါကာဝါကာဆိုလည်း မမေ့ဘူး။ အရင်တုန်းက သီချင်းတွေ ကလည်း တအားကောင်းတယ်။ ဒီနှစ်ဘောလုံး ပွဲသီချင်းလည်း အရင်သီချင်းတွေလိုပဲ ကောင်းမယ်ဆိုတာကို ယုံကြည်ပါတယ်”

မိစန္ဒီ    

ညီမအနေနဲ့တော့ အရင်က Waka Waka တို့ Wavin’ Flatg တို့ အဲဒီသီချင်းတွေ ပိုကြိုက်တယ်။ ဒီနှစ်အတွက် ကမ္ဘာ့ ဖလားသီချင်း We are one ကတော့ သိပ်နား မထောင်ဖြစ်သလို နားထဲလည်း သိပ်မရောက်သေးဘူး။ ဒီရက်ပိုင်းက အခွေကိုပဲအာရုံစိုက်နေတော့ တခြားသီချင်းတွေ သိပ်နားမထောင်ဖြစ်ဘူး။

ပေါ်ပြူလာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...