ဧဒင်အချစ်ပုံပြင်: ဘင်္ဂလားဒေ့ ရှ်က ခွေးနဲ့ မျောက် သံယောဇဉ်....

Tuesday 27 December 2011

ဘင်္ဂလားဒေ့ ရှ်က ခွေးနဲ့ မျောက် သံယောဇဉ်....

ဘင်္ဂလားဒေ့ ရှ်က ခွေးနဲ့ မျောက် သံယောဇဉ်....
ဘင်္ဂလားဒေ့ ရှ်နိုင်ငံအရှေ့ မြောက်ပိုင်းမှ မြို့ ကြီးပြကြီးနှင့် ဝေးကွာလှသည့် ကျေးလက်တောရွာတစ်ခုမှ ခွေး တစ်ကောင်ဟာ မျောက်ကလေးတစ်ကောင်အား ကျန်းမာရှင်သန်လာအောင် နို့ တိုက်ကျွေးနေခဲ့ သဖြင့် လူ အများ စိတ်ဝင်စားကာ ထင်ပေါ်ကျော်ကြားနေပါတော့ တယ်... အဆိုပါမျောက်ငယ်အား (၎င်းတို့ ၏စိုက်ခင်းများအားဝင်ရောက်ဖျက်ဆီးသည့် မျောက်အုပ်နှင့် အတူပါလာ သည့် အတွက် ) စိတ်ဆိုးဒေါသထွက်နေသည့် ရွာသားများထံမှ ကယ်တင်ထားခဲ့ ခြင်းဖြစ်ပါတယ်...
ခွေးမကြီးနို့ မျောက်ကလေးစို့ ....
မိတဆိုးလေးမို့ အကြင်နာပိုခဲ့ လေသလား...
လူပေါင်းများစွာဟာ ဘစ်ရှဝါနတ်ပုရ် ရွာကလေးမှ ခွေးပိုင်ရှင် ရှီပါရီဇာ ရဲ့ နေအိမ်သို့ လာေ၇ာက်ကာ ခွေး သားပေါက်ကလေး ၇ ကောင်ရှိသည့် ခွေးမကြီး မင်းတူ နှင့် မျောက်ကလေးတို့ ၏ ထူးခြားဆန်းကျယ် စွာ သံယောဇဉ်တွယ်ကာ ခွေးသားအုပ်မကြီးအတွင်း နေထိုင်လျှက်ရှိသည်ကို ကြည့် ရှုနေကြပါတယ်... အဆိုပါမျောက်ငယ်အား ၎င်းတို့ ၏စပါးခင်းကို လာရောက်ဖျက်စီးသည့် မျောက်အုပ်ကြီးထံမှ ရွာသားများ ဖမ်းဆီးခဲ့ စဉ်က ရက်ပိုင်းမျှသာ အရွယ်ရှိသေးတာဖြစ်တယ်လို့ ပိုင်ရှင်ဖြစ်သူ ဗြိတိသျှ၊ ဘင်္ဂလားဒေ့ ရှ်နွယ် ဖွား ရီဇာ ကပြောကြားခဲ့ ပါတယ်.... " (အိမ်ရောက်လာပြီး) နောက်နေ့ မှာပဲ မျောက်ငယ်လေးဟာ တစ်ခြားခွေးသားပေါက်ကလေးများနှင့် အတူ မိခင်ခွေးမကြီးထံမှ နို့ ကိုစို့ ပါတော့ တယ်... အဲဒီကတည်းကစပြီး ခွေးမကြီး မင်းတူ ကလည်း သင်းကွဲမျောက်ကလေးကို မိမိရင်သွေးပမာ မွေးမြူခဲ့ တာ ဖြစ်ပြီး ယခုအခါ ခွေးမကြီးနှင့် တစ်ကွ ခွေးသားပေါက်ကလေးများနှင့် အတူ အိပ်စက်လေ့ ရှိပါတယ်..." ဟု ၎င်းက ဆိုပါတယ်...
သံယောဇဉ်ဆိုတာ ဖြစ်တတ်ပါတယ်လေ...
" တစ်စုံတစ်ယောက်ယောက်ကများ မျောက်ကလေးကို နောက်ပြောင်ခဲ့ ယင်လည်း ခွေးမကြီးမင်းတူ က ဒေါသတစ်ကြီးနဲ့ ဟောင်ပါတယ်... မျောက်ကလေးဟာ ခွေးမကြီးကျောပေါ်ကနေသွားလေရာတစ်ရွာလုံး လိုက်ပါလေ့ ရှိပါတယ်... ကျွန်တော်မျောက်ကလေးကို တွေ့ ခဲ့ တာအခုဆိုယင် တစ်လရှိခဲ့ ပါပြီ...ဒါပေမယ့် တောထဲပြန်သွားမယ့် အ ရိပ်အယောင်၊ လက္ခဏာတောင်မပြပါဘူး..." လို့ လည်း သူကပြောကြားခဲ့ ပါတယ်...
ရေးသားသူ/ကိုပီတာ
http://mogokfamilysoneseeyar.ning.com/
မှကူးယူတင်ပြပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...