ဧဒင်အချစ်ပုံပြင်: အာကာသယာဉ်၏ အစိတ်အပိုင်းများသည် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်ဟု ရုရှားစစ်ဘက်မှ ပြောခြင်း

Wednesday 18 January 2012

အာကာသယာဉ်၏ အစိတ်အပိုင်းများသည် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်ဟု ရုရှားစစ်ဘက်မှ ပြောခြင်း

အာကာသယာဉ်၏ အစိတ်အပိုင်းများသည် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်ဟု ရုရှားစစ်ဘက်မှ ပြောခြင်း


ရုရှားတို့၏ မအောင်မမြင် ဖြစ်ခဲ့သော အင်္ဂါဂြိုလ်လေ့လာရေး အာကာသယာဉ်မှ အစိတ်အပိုင်းများသည် တနင်္ဂနွေနေ့ (၁၅.၁.၂၀၁၂) တွင် ချီလီနိုင်ငံ ကမ်းခြေမှ အလှမ်းဝေးသော ပိစိဖိတ် သမုဒ္ဒရာထဲသို့ ကျသွားပြီဖြစ်ကြောင်း စစ်ဘက်မှ အရာရှိတစ်ယောက်အား ကိုးကား၍ ရုရှား သတင်းဌာနများက အစီရင်ခံကြသည်။

အာကာသ အတွင်းပိုင်းသို့ မရောက်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုရှိခဲ့သဖြင့် မျက်နှာပျက်စရာ ဖြစ်နေရာမှ လွတ်မြောက်စေရန် ရုရှားတို့က အင်္ဂါဂြိုဟ်၏ လ (Phobos) ပေါ်မှ မြေသား နမူနာ ယူရန် အာကာသယာဉ်အား လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ အာကာသယာဉ် Phobos-Grunt မှအစိတ်အပိုင်းများသည် ကမ်းခြေအလွန်ရှိ ဝယ်လင်တန် (Wellington) ကျွန်း၏ အနောက်ဘက် ကီလိုမီတာ ၁၂၅၀ (၇၇၅ မိုင်) အကွာ သမုဒ္ဒရာထဲသို့ ကျသွားသည်ဟု လေပြင်နှင့်အာကာသ ကာကွယ်ရေး တပ်များ (Aerospace Defense Forces) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အယ်လက်ဆီ ဇိုလိုတူကင် (Colonel Alexei Zolotukhin) ကပြောသည်ဟု အစိုးရပိုင်သတင်းဌာနများဖြစ်ကြသော RIA နှင့် အီတာတာ့စ် (Itar-Tass) သတင်းဌာနတို့က အစီရင်ခံသည်။

အာကာသယာဉ်သည် နိုဝင်ဘာလအတွင်း လွှတ်တင်ချိန်မှ စ၍ ကမ္ဘာပတ်လမ်းမှ အပြင်သို့ မထွက်နိုင်ခဲ့ပါ။ ၁၉၈၁ ခုနှစ်တွင် မိမိ၏ နျူကလီးယား စွမ်းအင်သုံး ထောက်လှမ်းရေး ဂြိုလ်တု ကော့စမော့စ် ၉၅၄ (Kosmos 954) မှ အပိုင်းအစများ ကနေဒါနိုင်ငံတွင်းသို့ ကျရောက်ခဲ့ရာ ရေဒီယိုသတ္တိကြွ အပိုင်းအစများအားရှင်းရသော ကုန်ကျစရိတ် ဒေါ်လာ ၃ သန်း ဆိုဗီယက် ယူနီယမ် (Soviet Union) သည် ကနေဒါအား ပေးရသည်။

ရုရှား အာကာသယာဉ်မှ အပိုင်းအစများသည် ချီလီနိုင်ငံ အနောက်ဘက် ပိစိဖိတ် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်။
ရွှေမြန်မာဥယျဉ်မှဖောပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...