ဧဒင်အချစ်ပုံပြင်: ချောင်းဆုံမှ မြင့်မိုရ်တောင်ဘုရား စိန်ဖူးတော်ပျောက်ဆုံး

Wednesday 29 February 2012

ချောင်းဆုံမှ မြင့်မိုရ်တောင်ဘုရား စိန်ဖူးတော်ပျောက်ဆုံး

ချောင်းဆုံမြို့နယ်တွင် ထင်ရှားသော မြင့်မိုရ်တောင်ဘုရားမှ စိန်ဖူးတော် ပျောက်ဆုံးသွားကြောင်း ဒေသခံအချို့က ပြောသည်။ မည်သည့် နေ့ရက်တွင် ပျောက်ဆုံး သွားသည်ကို မသိရှိ သော်လည်း ဖေဖော်ဝါရီ ၂၇ ရက် နေ့ နံနက်ပိုင်းမှသာ သိရှိကြောင်း ချောင်းဆုံအနောက်ပိုင်းသားတစ်ဦး
က ပြောသည်။ ချောင်းဆုံမြို့မှ မြင့်မိုရ် တောင် ကျောင်းဆရာတော် ဦးသုစိတ္တက ”ဒီနေ့ မနက် ၉ နာရီလောက်မှာ ချောင်းဆုံအနောက်ရပ်ကွက် အုပ် ချုပ်ရေးမှူးနဲ့ ဒုရဲအုပ် လွင်သန်း အောင်တို့ ဘုန်းကြီး ကျောင်း ရောက်လာပြီး စိန်ဖူးတော်ပျောက် သွားတဲ့အကြောင်း လာပြော တယ်”ဟု မိန့်သည်။ ဒုရဲအုပ် လွင်သန်းအောင် အား ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဆက်သွယ် မေးမြန်းခဲ့ရာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေ ဆဲဟု ပြောသည်။ အဆိုပါ စိန်ဖူးတော်ကို ရန်ကုန် မြို့မှ ဦးမောင်မောင်ကြည်၊ဒေါ်စိန်စိန် မိသားစုက ၂ဝ၁ဝ ခုနှစ်အတွင်းလှူ ဒါန်းခဲ့ခြင်းဖြစ်ပြီး စိန်ဖူးတော်အတွင်း ကျောက်မျက်ရတနာများလည်း ရှိ ကြောင်း ဆရာတော်ဦးသုစိတ္တက မိန့်သည်။  ”ဦးဇင်း သိသလောက် တခြား လူတွေလည်း လှူထားကြတယ်။ ကျောက်မျက်တွေ အများဆုံးပဲ။ လက်စွပ်တို့၊ ဆွဲကြိုးတို့လည်း ပါ တယ်။ စိန်ဖူးတော်ကို ရွှေရောင် စတီးနဲ့ လုပ်ထားတယ်”ဟု ဦးသုစိတ္တ က မိန့်သည်။ စိန်ဖူးတော် အောက်ရှိ ဘုရား ထီးတော် အကျယ်မှာ ခြောက်ပေရှိ သောကြောင့် လူတစ်ယောက် ကောင်းကောင်း ဝင်နိုင်သည်ဟု ဆရာတော်က ဆက်လက် မိန့်သည်။ ”မြင့်မိုရ်တောင် ဘုရားက တောင်ပေါ်မှာဆိုတော့ လူပြတ် တယ်။ ဘုရားပွဲရာသီပဲ လူစည်ကား တာ။ တောင်အောက်က ဦးခန္တီ တည်ထားတဲ့ မဟာမြတ်မုနိ ပုံတူ ဘုရားမှာတော့ လူပြတ်လေ့မရှိ ဘူး” ဟု ချောင်းဆုံအနောက် မြင့်မိုရ် တောင်ဘုရားလမ်းနေ ပြည်သူ တစ်ဦးက ပြောသည်။ မြင့်မိုရ်တောင်ဘုရား၏ ရာဇဝင်ကို အထောက် အထား ခိုင်ခိုင် လုံလုံမသိရှိသော်လည်း မွန်ရှမ်းလူ မျိုးများ တည်ထားသည်ဟု ပြော ကြကြောင်း၊ သာယာဝတီမင်း လက်ထက်ရောက်မှသာ ချောင်း ဆုံမြို့၊ ဘီလူးကျွန်း တွင် မွန် ရှမ်း လူမျိုးများ မရှိတော့ခြင်းဖြစ်ကြောင်း ဆရာတော်ကမိန့်သည်။  စိန်ဖူးတော်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ပ/၁၇ (၂ဝ၁၂) ဖြင့် အမှုဖွင့်ထားပြီး စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ချောင်းဆုံ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လင်းဦး  

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...