ဧဒင်အချစ်ပုံပြင်: iPhone 5 တွင် ရေစိုခံနိုင်သည့် အရည်အသွေး ပါဝင်လာနိုင်

Thursday 26 January 2012

iPhone 5 တွင် ရေစိုခံနိုင်သည့် အရည်အသွေး ပါဝင်လာနိုင်

HZOဟု အမည်ပေးထားသော အလွှာတစ်မျိုးကို မိုဘိုင်းလ်ဖုန်းပေါ်တွင် ထပ်ပေးထားခြင်းဖြင့် ရေစိုခြင်းကြောင့် ဖုန်းပျက်စီးမှု မဖြစ်အောင် တားဆီးနိုင်မည်ဟု လေ့လာသူများကဆို
Posted on Jan 18 12 - 07:48 AM | Hits : 1435
iPhone 5 တွင် ရေစိုခံနိုင်သည့် အရည်အသွေး ပါဝင်လာနိုင်
နောက်ထပ် အသစ်ထွက်ရှိမည့် iPhone 5 သည် ရေစိုခံနိုင်သည့် အရည်အသွေးမျိုး ရှိလာနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။ Appleနှင့် Samsungတို့ အဓိက မိုဘိုင်းလ်ဖုန်း ရောင်းချရေး အင်အားစုကြီး နှစ်ခုလုံးသည် အသစ်ထွက်လာမည့် စမတ်ဖုန်းများအတွက် ရေစိုခံနိုင်သော ဖြည့်တင်းမှု ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ Nanotech နည်းပညာသစ် တစ်ခုဖြင့် ဆေးရည်ဖြန်းထားသော အလွှာကို အပေါ်ယံတွင် ထပ်ထားပေးခြင်းဖြင့် ရေထိသောအခါ ဖုန်းကို ထိခိုက်မှု မရှိအောင် တားဆီးနိုင်ဖွယ် ရှိနေကြောင်း သိရသည်။


hzo

ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း ဖုန်းအလုံးရေ (၁)သန်းကျော်သည် ရေထိမှုကြောင့် ပျက်စီးနေရသည်။ HZOဟု အမည်ပေးထားသော အလွှာတစ်မျိုးကို မိုဘိုင်းလ်ဖုန်းပေါ်တွင် ထပ်ပေးထားခြင်းဖြင့် ရေစိုခြင်းကြောင့် ဖုန်းပျက်စီးမှု မဖြစ်အောင် တားဆီးနိုင်မည်ဟု လေ့လာသူများက ဆိုသည်။ HZOကို တီထွင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက “ဒါကို ကျွန်တော်တို့ Samsung ဥက္ကဋ္ဌကို ပြခဲ့ပြီးပါပြီ။ Samsungဘက်ကတော့ သိပ်ကို စိတ်လှုပ်ရှားနေပုံပဲ”ဟု ဆိုသည်။

အဆိုပါ ကုမ္ပဏီသည် Appleနှင့်လည်း ဆွေးနွေးနေပြီး ယင်းနည်းပညာမှာ iPhone 5တွင်လည်း ပါဝင်လာဖွယ် ရှိနေသည်။ HZOကို တီထွင်သည့် ကုမ္ပဏီ၏ အဆိုအရ ထိုအပေါ်ယံလွှာ ဖြည့်တင်းမှု နည်းပညာသည် ရေစိုခြင်းနှင့် သံချေးတက်ခြင်းစသည်တို့ကို ထိရောက်စွာ တားဆီးနိုင်မည်ဖြစ်ပြီး လာမည့်နှစ်ပိုင်းအတွင်း ဖုန်းများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာဖွယ် ရှိနေကြောင်း သိရှိရသည်။

DailyMail

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...