ဧဒင်အချစ်ပုံပြင်: iPhone ဝယ်လိုအားမြင့်လာခြင်းက Google အတွက် ခြိမ်းခြောက်မှုဖြစ်

Thursday 26 January 2012

iPhone ဝယ်လိုအားမြင့်လာခြင်းက Google အတွက် ခြိမ်းခြောက်မှုဖြစ်

Appleထုတ် iPhone 4S ထွက်ရှိလာပြီးနောက် iPhone၏ အရောင်းစံချိန်သည် နှစ်ဆထိ တက်လာခဲ့
Posted on Jan 27 12 - 10:01 AM | Hits : 174
iPhone ဝယ်လိုအားမြင့်လာခြင်းက Google အတွက် ခြိမ်းခြောက်မှုဖြစ်
Apple ကုမ္ပဏီထုတ် iPhoneများကို ဝယ်လိုအား မြင့်တက်လာခြင်းသည် Googleအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ကြောင်း သတင်းများက ဆိုသည်။ Appleထုတ် iPhone 4S ထွက်ရှိလာပြီးနောက် iPhone၏ အရောင်းစံချိန်သည် နှစ်ဆထိ တက်လာခဲ့သည်။ ဒီဇင်ဘာ (၃၁)ရက်နေ့ထိ iPhoneများ ရောင်းချခြင်းကြောင့် Apple၏ အသားတင် ၀င်ငွေသည် ဒေါ်လာ (၁၃.၁)ဘီလျံထိ ရှိလာကြောင်း သတင်းများက ဆိုသည်။ ထိုအနေအထားသည် iPhoneတွင် အသုံးပြုထားသည့် iOSကို ယှဉ်ပြိုင်နေသော Googleထုတ် Android OSအတွက်လည်းကောင်း၊ iPhone 4Sကို Hardwareပိုင်း ယှဉ်ပြိုင်နေသည့် Samsungထုတ် Galaxy S2 ဖုန်းအတွက်လည်းကောင်း သတင်းကောင်း ဖြစ်မလာခဲ့ပေ။


Appleသည် ပြီးခဲ့သည့် တစ်နှစ်အတွင်း iPhone အလုံးရေ (၃၇)သန်းကို ရောင်းချခဲ့ရသညည်။ အောက်တိုဘာလက iPhone 4S မော်ဒယ်လ်သစ် ထွက်ပေါ်လာချိန်တွင် အရောင်းပမာဏ သိသိသာသာ မြင့်တက်လာခဲ့သည်။ ယင်းသည် စတိဗ်ဂျော့ဘ်ခေတ်လွန် အမှုဆောင် အရာရှိချုပ်သစ် တင်ကွတ်ခ်၏ လွှမ်းမိုးမှု အနာဂတ်တစ်ခုကို စတင်လိုက်ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Apple၏ ရှယ်ယာတန်ဖိုးသည် ယခုသတင်းနှင့်အတူ (၁၂)ရာခိုင်နှုန်း ထိုးတက်လာခဲ့သည်။ ထို့အပြင် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုး စုစုပေါင်းသည် ဒေါ်လာ (၄၃၇.၁)ဘီလျံထိ ရှိလာခဲ့ပြီး Exxon၏ ဒေါ်လာ (၄၁၇.၉)ဘီလျံ တန်ဖိုးထက် မြင့်မားနေပြီဖြစ်သည်။ ကယ်လီဖိုးနီးယားတွင် အခြေစိုက်သော Appleသည် နောက်ထပ် ထုတ်ကုန်သစ် တစ်ခုဖြစ်သော Tablet ကွန်ပျူတာ iPad 3အတွက် အာရုံစိုက်နေပြီး ၎င်းကို ထုတ်လုပ် ရောင်းချချိန်တွင် ကုမ္ပဏီတန်ဖိုး ပိုမိုမြင့်တက်လာဖွယ် ရှိနေကြောင်း Bloomberg သတင်းဌာနက ဖော်ပြသွားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...