ဧဒင်အချစ်ပုံပြင်: ရခိုင် တစ်ဦး မလေးတွင် ကားတိုက် သေဆုံးပြန်ပြီ

Wednesday 22 February 2012

ရခိုင် တစ်ဦး မလေးတွင် ကားတိုက် သေဆုံးပြန်ပြီ

မလေးရှာနိုင်ငံသို့ အလုပ် လာရောက် လုပ်ကိုင်နေသူ ရခိုင် အမျိုးသား တစ်ဦးသည် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ကားတိုက် သေဆုံးသွားခဲ့ကြောင်း သိရသည်။


Maung-ken-bow
သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ် ကျောက်ပြားကျေးရွာမှ အသက် ၄၂ နှစ်ရှိ မောင်ကံဘော်ဆိုသူ ဖြစ်ပြီး မွားမြို့နယ် Best Befeck ဖန်နီချာ စက်ရုံ တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။

မောင်ကံဘော်သည် ဖေဖေါ်ဝါရီလ ၁၉ ရက် တနင်္ဂနွေနေ့ အလုပ်ပိတ်ရက် ညဉ့် ၁၀နာရီ အချိန်တွင် သူငယ်ချင်း ရှိရာ စက်ရုံသို့ လည်သွားပြီး ပြန်အလာတွင် ကားတိုက် သေဆုံးသွားခြင်း ဖြစ်သည်။



" သူငယ်ချင်းတွေဆီကို သွားလည်ဖို့ဆိုပြီး အဲ့ဒီနေ့ ညနေပိုင်းက ကျွန်တော်တို့ ထွက်လာကြတယ်။ ညဥ့်၁၀နာရီမှာ အဲဒီ သူငယ်ချင်းတွေ ရှိတဲ့ စက်ရုံကနေ ပြန်လာတယ်။ ပြန်တဲ့ အချိန်မှာ လမ်းက အရမ်းမှောင်နေတယ်။ လမ်းမီးတွေက မရှိဘူး။ ကျွန်တော်က သူ့ရှေ့ကို ရောက်သွားတယ်။ ကျွန်တော် ကားလမ်းမှကို အရင် ဖြက်ကူးတယ်။ သူက နောက်မှ ကျန်ခဲ့တယ်။ ၀ုန်းခနဲ အသံကြား လိုက်တယ်။ နောက် လှည်ကြည့် လိုက်တော့ လူတစ်ဦး ကားတိုက်ခံရပြီး အပေါ်ကို ၁၅ ပေလောက် မြင့်တက် သွားတာကို တွေ့ရတယ်။ ရှေ့ကိုလည်း ပေ ၂၅ပေ လောက် လွင့်ထွက်သွားတယ်။ ဘယ်သူလဲဆိုပြီးတော့ လိုက် သွားကြည့်တော့ ကျွန်တော် ဦးလေး ကံဘော်ဖြစ်နေတာကို ၀မ်နည်းဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။ သူ့ကို စမ်းကြည်တော့ အသက် မရှိတော့ဘူး။ အဲဒီနေရာမှာဘဲ သူဆုံးသွားခဲ့ပါတယ်" ဟု ကိုကံဘော်၏ တူတော်စပ်သူ ကိုနေလင်းထွန်းက ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး နိရဉ္စရာသို့ ပြောပြသည်။

မောင်ကံဘော်တွင် အကြီးဆုံးဖြစ်သူ သမီးက ၉တန်း တက်နေပြီး အလတ်ဖြစ်သူ သမီးမှာ မသန်စွမ်းသဖြင့် သမီးကို ဆေးကုသရန် အတွက် ငွေရှာရန် မလေးရှားသို့ လာပြီး အလုပ် လုပ်နေစဉ် ယခုကဲ့သို့ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။

ကားလမ်းမကို ဖြက်အကူးတွင် အရှိန်ပြင်းစွာ မောင်းလာသော လော်ရီကားတစ်စီးက သူ့ကို တိုက်သွားခြင်း ဖြစ်သည်။ ကားတိုက်သူသည် မလေးရှား နိုင်ငံသားဖြစ်ပြီး ထိုနေရာမှ ချက်ချင်း ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်ဟု သိရသည်။ သို့သော် အဆို ကားတိုက်မူကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် သတင်းပေး တိုင်ကြား ထာကြောင်း သိရသည်။

အခုအခါ မောင်ကံဘော်၏ ဇနီးကို မလေးသို့ မှာယူထားပြီး သူ၏ ဇနီးရောက်မှ သဂြိုလ်မည် ဖြစ်ကြောင်း သူ၏ အလုပ်ရှင် သူဌေးက ပြောကြားထားကြောင်း သိရသည်။

အလားတူ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ကလည်း မလေးရှားနိုင်ငံ ပိုကလန်မြို့နယ်ရှိ Rapison Aluminum စက်ရုံတွင် အလုပ် လုပ်နေသူ ရမ်းဗြဲမြို့နယ် ချောင်းဝကျေးရွာမှ ကိုသန်းထွန်းသည် စက်ရုံတွင် ကုန်တင်ကား မောင်းနေစဉ် ကားတိမ်းမှောက်ပြီး သေဆုံးသွားခဲ့သည်။

 ခိုင်မောင်ဦး (မလေး) နိရဉ္စရာမှ သတင်းများ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...