ဧဒင်အချစ်ပုံပြင်: ခန္ဓာကိုအောက်ပိုင်းချင်းဆက်နေသော ဘရာဇီးအမြွှာကို အောင်မြင်စွာခွဲစိတ်

Sunday 19 February 2012

ခန္ဓာကိုအောက်ပိုင်းချင်းဆက်နေသော ဘရာဇီးအမြွှာကို အောင်မြင်စွာခွဲစိတ်

ခန္ဓာကိုယ်အောက်ပိုင်းချင်းဆက်နေသော ဘရာဇီးအမြွှာကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ၁၀ နာရီခွဲစိတ်ကုသပြီးနောက် အောင်မြင်စွာခွဲခြားနိုင်ခဲ့ကြောင်း ဆရာဝန်များက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ ၁၄ လသားရှိပြီဖြစ်သည့် ယောက်ျားလေးမြွှာနှစ်ဦးမှာ တင်ပါးနှင့်ဝမ်း ဗိုက်ပိုင်းချင်း ဆက်နေခြင်းဖြစ်သည်။ အချင်းချင်း အူများဆက်နေသလိုဆီးအိမ်နှင့်အင်္ဂါဇာတ်မှာလည်း နှစ်ဦးပေါင်းမှတစ်ခုသာ ပါရှိခဲ့သည်။
''အလွန်ကို ခက်ခဲပြီးရှုပ်ထွေးတဲ့ကိစ္စပါ။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်''ဟု ဘရာဇီးနိုင်ငံ၊ Goias ပြည်နယ်၊ Goiania မြို့ ဆေးရုံမှ ခွဲစိတ်ဆရာဝန်ကြီး ဇာချရီယာစ်ကာလီက ဆိုသည်။ အစ္စရေးနှင့် လေဗီဟုအမည် ပေးထားသော အမြွှာမှာ နှစ်ဦးပေါင်းခြေလေးချောင်းရှိသော်လည်း အောက်ပိုင်းချင်းဆက်နေသောကြောင့် ခွဲစိတ်ရာတွင် ဒုတိယမြောက်အခက်အခဲဆုံး ကိုယ်ချင်းဆက်အမြွှာများဟုဆိုနိုင်သည်။ အခက်ခဲဆုံးမှာဦး ခေါင်းခွံဆက်နေသော အမြွှာများဖြစ်သည်။ ခွဲစိတ်ပေးသည့် အဖွဲ့တွင် ဆရာဝန်၊ ပညာရှင်နှင့် သူနာပြု ၃၀ ခန့် ပါဝင်ခဲ့ကြပြီး အူများ၊ ဆီးလမ်းကြောင်း၊ တင်ပါးတို့ကို ခွဲထုတ်ကာ ဆီးအိမ်နှစ်ခုဖြစ်စေရန် ပြန်လည် တည်ဆောက်ပေးခဲ့ရသည်။ ယခုအခါ ကလေးနှစ်ဦးမှာ ပြန်လည်ကျန်းမာစအဆင့်တွင်သာရှိသေးပြီး အင်္ဂါအစိတ်အပိုင်းများ ပုံမှန်အလုပ် လုပ် မလုပ်ကို ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။
အဲလဗင်းဆိုဒ်မှကူးယူဖော်ပြသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...