ဧဒင်အချစ်ပုံပြင်: မာမာအေးကို ဖိတ်ခေါ်ပြီး စုံတွဲသီချင်း တစ်ပုဒ် လောက် သီဆိုချင်ကြောင်း ဇော်ဝင်းထွဋ် ဖွင့်ဟ

Sunday 19 February 2012

မာမာအေးကို ဖိတ်ခေါ်ပြီး စုံတွဲသီချင်း တစ်ပုဒ် လောက် သီဆိုချင်ကြောင်း ဇော်ဝင်းထွဋ် ဖွင့်ဟ

ဇော်ဝင်းထွဋ်က ပထမခြေလှမ်းဖြစ်တဲ့ မြန်မာပြည်သိန်းတန်ကို ဖိတ်ခေါ်ပြီးနောက်ပိုင်းမှာ ဒုတိယခြေလှမ်းဖြစ်တဲ့ မေဆွိကိုလည်း ဖိတ်ခေါ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာပြည် သိန်းတန်ရဲ့ ဖျော်ဖြေပွဲတိုင်းမှာ လည်း ဇော်ဝင်းထွဋ်က ပါဝင်သီဆိုပေးခဲ့သလို၊ ပရိသတ်တစ်ယောက် အနေနဲ့လည်း အားပေးခဲ့ပါတယ်။ အခုမေဆွိပွဲမှာ လည်း မေဆွိနဲ့ အတူ စုံတွဲသီချင်းတစ်ပုဒ်သီဆိုမှာ ဖြစ်ပါတယ်။ မေဆွိပြီးတဲ့နောက်ပိုင်းမှာ လည်း တတိယခြေလှမ်းအဖြစ် လားရှိုးသိန်းအောင်နဲ့ မာမာအေးတို့ ကို ဖိတ်ခေါ်ဖို့ စဉ်းစား ထားကြောင်းပြောတဲ့ ဇော်ဝင်းထွဋ်က…
”ကျွန်တော့်ရည်ရွယ်ချက်က ရန်ကုန်မှာ အားလုံးပြန်ဆုံချင် တာပါပဲ။ သူများတွေဖိတ်ခေါ်ပြီး စီစဉ်လည်း ကျွန်တော်ဝမ်းသာ အားရသွားအားပေးမှာပဲ။ အနုပညာရှင်တွေ တကွဲတပြားစီ နေရတာကြာပြီလေ။ ဒီအချိန်က ပြန်လည်စည်းလုံး ညီညွတ် ရမယ့်အချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဂီတသမားတွေ လည်းစည်းလုံးပါတယ်ဆိုတာမျိုးကိုလိုချင်တာပါ။ တလောက  ဦးလားရှိုးသိန်းအောင်ဆီကတစ်ယောက် ရုံးကိုလာတယ်။   နောက်အန်တီမာမာအေး ကိုလည်း လှမ်းဆက်သွယ်နေပါ တယ်။ သူ့ကိုလည်း လာစေချင်ပါတယ်။ သူက ကျွန်တော့်ရဲ့ အဒေါ်လို၊ အမေလိုလည်းဖြစ်တော့ပွဲလုပ်ဖြစ်ဖြစ်၊မဖြစ်ဖြစ် သူ့ကိုပြန်လာ   စေချင်တာပါ”လို့ပြောပါတယ်။ မာမာအေးကို ဖိတ်ခေါ်လို့ရပြီးဒီမှာပရိသတ်တွေအတွက် ဖျော်ဖြေပွဲလုပ်ခွင့် ရမယ်ဆိုရင် အန်တီမာမာအေးနဲ့တွဲပြီး စုံတွဲသီချင်း တစ်ပုဒ်   လောက်ဆိုချင်ကြောင်း ဇော်ဝင်းထွဋ်က သူ့ရဲ့ဆန္ဒကို ပြောပြ ပါတယ်။”အဓိကကတော့ ကျွန်တော်တို့ရဲ့ မြန်မာ့ဂီတကို ဖော်ထုတ်ချင်လို့ ပါ။ မြန်မာသံ သီချင်းတွေ ကို ဖော်ထုတ်ချင်တယ်။ မဆွေကိုခေါ်တာလည်းဒီရည်ရွယ်ချက်ပါပဲ။ မဆွေဆိုခဲ့တဲ့ မြန်မာသံ သီချင်းတွေအများကြီးရှိတယ်။ ဒီဘက်ခေတ် အဆိုတော်တွေ အနေ နဲ့ မြန်မာသံသီချင်းတစ်ပုဒ်လောက်မဆိုနိုင်ဘဲ အဆိုတော်လုပ်ရင် စဉ်းစားပါလို့ ပြောချင်ပါတယ်။ မြန်မာသံတစ်ပုဒ်လောက်တော့ ဆို ပြသင့်တယ်”လို့ ပြောပါတယ်။
လင်းအက္ခရာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...