ဧဒင်အချစ်ပုံပြင်: မလေးရှားတွင် ရခိုင် စက်ရုံ အလုပ်သမား တစ်ဦး မတော်တဆ သေဆုံး

Monday 20 February 2012

မလေးရှားတွင် ရခိုင် စက်ရုံ အလုပ်သမား တစ်ဦး မတော်တဆ သေဆုံး

မလေးရှာနိုင်ငံ ပိုကလန်မြို့နယ် Rapison Aluminum စက်ရုံ တစ်ခုတွင် အလုပ် လုပ်ကိုင်နေသူ ရခိုင်အမျိုးသား တစ်ဦးသည် မတော်တဆ ဖြစ်ပွားမူတစ်ခုတွင် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

Ko-Than-Tun-Funeral ကိုသန်းထွန်းရဲ့ နောက်ဆုံးခရီး
သေဆုံးသွားသူမှာ ရခိုင်ပြည်နယ်ရမ်းဗြဲမြို့နယ် ချောင်းဝကျေးရွာမှ ကိုသန်းထွန်းဆိုသူ ဖြစ်ပြီး သေဆုံးချိန်တွင် အသက်၄၃ ရှိပြီး ဖြစ်သည်။

ကိုသန်းထွန်းသည် ပိုကလန်မြို့နယ်ရှိ Rapison Aluminum စက်ရုံတွင် ကိုဖော်ကလက် လော်ရီ ကားမောင်းနေသူ ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ နံနက်က ၁၀ ခန့်က ကုန်ပစ္စည်းတင်ပြီး ကားမောင်းနေစဉ် ကုန်တန်ချိန်များသဖြင့် ကားတိမ်းမှောက်ရာမှ ကားပိကျကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ကို သန်းထွန်းသည် ဖော်ကလက် လော်ရီကားပေါ်မှ မတော်တဆလိမ့်ကျ၍ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ဆေးရုံတွင် ဆရာဝန်များ ခွဲစိက်မူ အပြီးတွင် သေဆုံးသွားခြင်း ဖြစ်သည်။

" ပစ္စည်းတွေကို ကားပေါ်အပြည့် သယ်လာတော့ ပစ္စည်းတွေများလွန်တဲ့ အတွက် ကားက မသယ်နိုင်ဘူး။ အဲဒီအချိန်မှာဘဲ လော်ရီကားက မှောက်သွားတယ်။ သူကား ကားပေါ်က လှိမ့်ကျပြီး သမံတလင်း အပေါ်ကို အကျမှာ ကားက အရှိန်နဲ့ ဖိလိုက်တော့ နောက်ကျောဘက် ခန္ဓာကိုယ် တစ်ခုလုံး အကုန်ကျေမွသွားတယ်။ ချက်ချင်း အနီးအနားက ဆေးရုံကို ပို့တယ်။ ဆေးရုံမှာ ဆရာဝန်တွေ ခွဲစိက်အပြီးမှာဘဲ ဆုံးသွားပါတယ်" ကိုသန်းထွန်း၏ ယောက်ဖ တော်စပ်သူ ကိုထွန်းထွန်သိန်းက ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး နိရဉ္စရာသို့ ပြောသည်။

ကိုသန်းထွန်းတွင် သားသမီး သုံယောက်နှင့် ဇနီး ဖြစ်သူ ကျန်ရစ်ခဲ့သည်။ ကိုသန်းထွန်းကို အဆိုပါ မလေးမြို့တွင် ဖေဖေါ်ဝါရီလ၁၉ ရက်နေ့တွင် သဂြိုလ်ခဲ့သည်။ 

ခိုင်မောင်ဦး (မလေး) နိရဉ္စရာမှ သတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...