ဧဒင်အချစ်ပုံပြင်: ရန်ကုန်-မော်ကျွန်း အဝေးပြေး ကားတစ်စီးတိမ်မှောက်

Friday 24 February 2012

ရန်ကုန်-မော်ကျွန်း အဝေးပြေး ကားတစ်စီးတိမ်မှောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ရန်ကုန်-မော်ကျွန်းအဝေး ပြေးကား ပြေးဆွဲလျက်ရှိသော မှန်လုံကားတစ်စီးသည် ဖေဖော် ဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီတွင် မော်ကျွန်းမြို့မှ အထွက် ရာဇူတိုင် အမှတ် (၁)တံ တားအလွန်တွင် တိမ်းမှောက်မှု ဖြစ်ပွားရာ လူတစ်ဦးပွဲချင်းပြီး သေဆုံး၍ လူ ၁၆ ယောက် ဒဏ်ရာရရှိခဲ့သည်။
 ဖြစ်ပွားပုံမှာ ဒရိုင်ဘာကိုမြင့် ဝေမောင်းနှင် သော ကားသည် ရာဇူ တိုင်အမှတ်(၁)တံတားသို့ အရောက် တွင် ဘရိတ်ချို့ယွင်းသွားပြီး လမ်း ဘေးသို့ထိုးဆင်းသွားရာ သေဆုံး သူငှက်တော်ကျေးရွာနေ ကိုထွန်း သိန်း ၂၃ နှစ်သည် ကားပေါ်က ခုန်အဆင်း မြေပြင်ပေါ်သို့အရောက် ကားမှာ၎င်းပေါ်သို့လဲကျတိမ်းမှောက် သွား၍ ကားဝိတ်ပိမိသဖြင့် ပွဲချင်း ပြီးသေဆုံးသွားသည်။ ကား အတွင်း ကျန်ရှိသူများမှာ ဒဏ်ရာများ ရရှိပြီး ကားကိုအားချင်းတည့်မတ်ကာ ကယ်ထုတ်ခဲ့ရသည်။ ၄င်းကားမှာ အရှေ့ပိုင်းအနည်း ငယ်ပျက်စီးသွားပြီး နောက်ဖက်နှင့် ဘေးဖက်ရှိ လေကာမှန်တချို့လည်း ပျက်စီးသွားသည်။ ဒဏ်ရာရရှိသူများအနက် စ ပယ်ယာကိုစိုင်းရတ် ၂၇ နှစ်(လည်ချောင်း၊ ရင်ဘတ်ဒဏ်ရာ)နှင့် ဆရာတော် ဦးဥတ္တရ(ဦးခေါင်းဒဏ် ရာ)တို့ ဒဏ်ရာပြင်းထန်၍ အရေး ပေါ်ကုသလျက်ရှိပြီး အခြားဒဏ်ရာ ရရှိသူ လေးယောက်ကိုလည်း ဆေး ရုံတင် ကုသလျက်ရှိသည်။
ရဲရဲနီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...