ဧဒင်အချစ်ပုံပြင်: ပိုက်ဆံပေးမှ ထိုင်လို့ရတဲ့ ထိုင်ခုံ (ကြောက်စရာထိုင်ခုံ. . . . . . . )

Sunday 26 February 2012

ပိုက်ဆံပေးမှ ထိုင်လို့ရတဲ့ ထိုင်ခုံ (ကြောက်စရာထိုင်ခုံ. . . . . . . )

ဒီကို့ယို့ကားယား နိုင်တဲ့ ခုံတန်းလျားရဲ့ ဒီဇိုင်းဟာ သင့်ရဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေကို ထုတ်ယူမယ့် နောက်ဆုံး ပေါ် ဒီဇိုင်းပဲပေါ့ ။ သင်မြင်တဲ့အတိုင်းပါပဲ ..အကြွေစေ့လေးထည့်လိုက်ပါ ဒါဆိုရင်သင့်အတွက် ထိုင်ခုံက သက်တောင့်သက်သာရှိစေမှာ ဖြစ်ပြီး သင်အနားယူနိုင်ပါပြီ ။ ဒါပေမယ့်လည်း သင်ထိုင်နေတဲ့အချိန်ပြည့်ပြီဆိုတာနဲ့ သင် နောက်ထပ် အကြွေစေ့ထပ်ထည့်မှာသာ ထပ်ပြီးထိုင်လို့ ရမှာ ဖြစ်ပါတယ် ။

အကယ်၍ သင်ဟာ ပိုက်ဆံမပေးပဲ ထိုင်ချင်တယ်ဆိုပါစို့ ။ ဒါဆိုရင်တော့ သင့် တင်ပါ့းမှာ စူးရာတွေ ခြစ်မိစေမှာ ဖြစ်ပြီး ၀မ်းနည်းစရာကောင်တာက အဲဒီနေရာမှာ တခြား အနားယူစရာ ထိုင်ခုံလည်းမရှိပါဘူး ။ ဒါကြောင့် သင်ထိုင်ချင်တယ်ဆိုရင်တော့ အကြွေစေ့ပေးပြီး ထိုင်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ် ။
ကဲဘယ်လို ပေးပြီး ထိုင်ရတယ်ဆိုတာ လေ့လာကြည့်ပါဦး ။
လေလွင့်ငှက်ငယ်လေး မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်

3 comments:

  1. မြန်မာပြည်မှာဆို ရေပြတ်တဲ့နေရာမျိုးတွေဆို ရေအိုးလေးတွေနဲ့ လှူတာနော်.. သူတို့က ထိုင်ခုံကို အဲ့လိုတောင်လုပ်ပြီး ပိုက်ဆံယူတယ် မှားပါတယ်

    ReplyDelete
  2. မထိုင်တော့ဘူး အညောင်းခံလိုက်တော့မယ်
    ကောင်းဘူးလား :P

    ReplyDelete
  3. တစ်ညိုးပါလား...ဟိဟိ...ဆိုးတယ်နော်..လူတွေ

    ReplyDelete

Related Posts Plugin for WordPress, Blogger...