ဧဒင်အချစ်ပုံပြင်: တရားစွဲခံထားရသူ သရုပ်ဆောင်မင်းအုပ်စိုး၏ နေအိမ်တွင် အကောက်ခွန်မဲ့ ယာဉ်နှင့် ဆိုင်ကယ်များတွေ့ ရှိ

Monday 27 February 2012

တရားစွဲခံထားရသူ သရုပ်ဆောင်မင်းအုပ်စိုး၏ နေအိမ်တွင် အကောက်ခွန်မဲ့ ယာဉ်နှင့် ဆိုင်ကယ်များတွေ့ ရှိ

သရုပ်ဆောင် မင်းအုပ်စိုး ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ညနေ (၅)နာရီအချိန်တွင်
ဗဟန်းမြို့ နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဖိုးစိန်လမ်း Holiday စားသောက်ရှေ့တွင် မူးယစ်ရမ်းကားနေစဉ်

မူးယစ်ရမ်းကားမှု၊ တာဝန်ဝတ္တရားနှောက်ယှက်မှု၊ ရဲဌာနယာဉ်ဖျက်ဆီးမှုအပါအ၀င်
အခြားအမှုများဖြင့်ပါ တရားစဲဆိုခံထားရသူ သရုပ်ဆောင် မင်းအုပ်စိုး ၏ နေအိမ်
တွင် အကောက်ခွန်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များတွေ့ ရှိ၍ သွင်းကုန်ထုတ်
ကုန် ဥပဒေပုဒ်မ(၁)၅/၃ ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း ရန်ကုန်တိုင်း ဒေသ
ကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှသိရသည်။

အဆိုပါနေအိမ်သို့ ဖေဖေါ်ဝါရီလ(၁၅)ရက်နေ့ တွင် သွားရောက်စစ်ဆေးစဉ် အ
ကောက်ခွန်မဲ့ Land Roder ယာဉ်သုံးစီး ၊ Hummer တစ်စီးနှင့် BSAဆိုင်ကယ်
သုံးစီးကို တွေ့ ရှိခဲ့ကြောင်း ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်း၏ ထုတ်ပြန်ချက်အရ
သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...