ဧဒင်အချစ်ပုံပြင်: မိမိပရိုဖိုင်မှာဖြစ်ဖြစ်blogမှာဘဲဖြစ်ဖြစ်mp3 သီချင်း playlist လေး ထည့်ရအောင်

Thursday 23 February 2012

မိမိပရိုဖိုင်မှာဖြစ်ဖြစ်blogမှာဘဲဖြစ်ဖြစ်mp3 သီချင်း playlist လေး ထည့်ရအောင်

ဧဒင်စာဖတ်သူငယ်ချင်းတောင်းဆိုချက်လေးကိုပြန်လည်ဝေမျှလိုက်ပါတယ်.. ဒီသီချင်း Playlist လေးးကို ဒီလင့်လေးမှာ (http://www.podsnack.com/) သွားပြီး ရယူရပါတယ်တဲ့။ ပြီးတော့ မိမိအကောင့်လေး ဖောက်ရပါတယ်တဲ့
ကဲ အဲတော့ အဲလင့်လေးကို သွားပြီးတော့ အကောင့်လေးဖောက်လိုက်ရအောင်ဗျာ အကောင့်ဖောက်ပြီးရင်တော့ activate တွေ ဘာတွေလုပ်ပြီး sign in ပေါ့ဗျာ။ ပြီးရင်တော့ မိဒီက playlist လုပ်ချင်တာဆိုတော့ Build a playlist ပေါ့ဗျာ
ပီးရင်တော့ သူက step 3 ခု ရှိတယ်
1. Add Track
2. Customize
3. Publish ဆိုပြီးပေါ့ ပထမဆုံးတော့
အဆင့်တစ် ဖြစ်တဲ့ Add Track ပေါ့
Title မှာ ကိုယ်ပေးချင်တဲ့ Title ပေးပေါ့ မိဒီကတော့ My Playlist လို့ပေးထားတယ် ပြီးတော့ သီချင်းက ဘယ်ကယူမှာလဲ Youtube ကနေယူမှာလား My computer ကနေ ယူမလားပေါ့ မိဒီကတော့ ကိုယ်စက်ထဲက သီချင်းပဲ သုံးချင်တာမို့ My computer ကို ရွေးလိုက်ပါတယ်
My computer ရွေးပြီးရင်တော့ Browse ကိုရွေးပြီး ကိုယ့်စက်ထဲက ထည့်ချင်တဲ့သီချင်းကို ရွေးလိုက်ယုံပဲနော်
ပြီးရင်တော့သူက ကိုယ်ရဲ့ သီချင်းတွေကို upload လုပ်မယ်ပေါ့စိတ်ရှည်ရှည်လေးတော့ စောင့်ပေါ့နော်
upload လေး ပြီးရင်တော့ သီချင်းလေးတွေ playlist လေး ထွက်လာပြီပေါ့နော် အဲမှာ ပုံလေးတွေသုံးချင်တယ်ဆိုရင် edit track ကနေပြီးတော့ ပုံလေးတွေထည့်ထည့် ဒါမှမဟုတ် Next သွားပြီးမှ Edit all ကနေပြီးပဲ ပုံသွားထည့်ထည့် ရတယ်လေနော် မိဒီကတော့ Next ကို အရင်ရွေးလိုက်မိတယ်
ပြီးရင်တော့ အစောကပြောခဲ့သလို Edit all ကိုနှိပ်ပြီး မိမိသီချင်းလေတွေမှာ ပုံလေးတွေထည့်ပေါ့နော်
ပုံလေးတွေ အားလုံးထည့်ပြီးသွားရင်တော့ Done ကို နှိပ်လိုက်နော်။ ပြီးရင် ဘာလုပ်ရမလဲဆိုတော့ ကိုယ့် playlist လေးကို ဘယ်လို template လေးတွေ သုံးချင်လဲဆိုတာကို စိတ်ကြိုက် template လေးတွေ ရွေးပြီး preview ကြည့်ပြီး စိတ်တိုင်းကျရွေးချယ်လို့ရပါတယ်။ နောက် အောက်က setting မှာလည်း စိတ်ကြိုက်ပြုပြင်လို့ရတယ်နော်
ပြီးရင်တော့ finish ပေါ့နော်။ ကဲ စိတ်ကြိုက်ပြင်ဆင်မှုလေးပြီးသွာရင်တော့ Code လေးတွေထုတ်ရအောင်လို့ Free Embed ကိုရွေးလိုက်နော်
ပြီးရင်တော့ ကိုယ့် playlist လေး ရပြီပေါ့နော် ကုဒ်ကတော့မိဒီပြထားပေမယ့် အဆင်ပြေတာလေး ရယူပေါ့နော်
ကုဒ်လေးတွေ copy ယူပြီးရင်တော့ မိမိပရိုဖိုင်လေးရဲ့ text box လေးမှာ paste ပေါ့နော် ထုံးစံအတိုင်း HTML လေးတော့ ပြောင်းအုံးနော် အဟဲ ဒါလေးကတော့မိဒီရဲ့ playlist လေးပေါ့နော် နမူနာလေးပါ
အားလုံးလဲ အဆင်ပြေမယ်ထင်ပါတယ် လိုအပ်တာရှိရင်လဲ ပြောပါနော်
တစ်ခုတော့ရှိတယ် ကွန်နက်ရှင်လဲ အတော်အသင့်အဆင်ပြေမှဖြစ်မယ်ဗျ
အတော်လေးတော့လေးတယ်
လိုအပ်ချက်တွေရှိရင်လဲ ပြောပါနော် မိဒီလိုအပ်ချက်ကြောင့် အဆင်မပြေမှာဆိုးလို့ပါ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ ။
  ဒီဇင်ဖွေး ရေးသားချက်အားပြန်လည်တင်ပြလိုက်ပါတယ်။

1 comment:

Related Posts Plugin for WordPress, Blogger...