ဧဒင်အချစ်ပုံပြင်: Gtalk Virus!!! သတိထားမိစေဖို့...

Friday 24 February 2012

Gtalk Virus!!! သတိထားမိစေဖို့...

hahaha Gtalk Virus !!!

Gtalkမှာ အပေါ်ကမြင်နေရတဲ့ လင့်မျိုးဝင်လာရင်လုံးဝမနှိပ်မိပါစေနဲ့..နှိပ်မိလိုက်ရင် သင်gtalkဖွင့်တိုင်း သင်ဘာမှမလုပ်ရဘဲနဲ့တခြားသူငယ်ချင်းတွေဆီကိုအလိုအလျောက်ဒီvirus လင့်တွေလျှောက်ပို့နေတော့ မှာဖြစ်ပါတယ်..သူ့စက်လည်းဗိုင်းရပ်ထိထားတယ်တဲ့လေ....တစ်ခု နှိပ်မိပြီးတာနဲ့ နောက်ထပ်လင့်တွေ မကြာခဏ ရောက်လာတော့တာပဲ..တမျိုးနဲ့တမျိုးတော့ မတူဘူးဗျာ့..... သူငယ်ချင်းတို့ ကြည့်ရှောင်လို့ ရအောင် ကျွန်တော့်ဆီဝင်လာတဲ့ လင့်တွေပြမယ်နော်.... လုံးဝ(လုံးဝ) မကလစ်မိစေနဲ့နော်.....

ကလစ်မိတာနဲ့ ဗိုင်းရပ်ထိပြီး ကိုယ့်အကောင့်မှာရှိတဲ့ သူငယ်ချင်းတွေ ဆီ အလိုလို ရောက်ကုန်မှာ.....


 is this your picture? http://j.mp/AigPpu?03n31is this your photo? 

http://j.mp/zVK0pT?o57zpis this really your photo? 

http://j.mp/yGJzLi?7pw22could this be your pic? 

http://j.mp/A0TSEc?xectzcould this be your picture? 

http://j.mp/xqFrVa?val70
hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ သင်ရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီပရိုဂရမ်ကို  run လိုက်ရင်တော့ ဖလန်းဖလန်း ထပါတော့မယ်။ အဲဒါ ဗိုင်းရပ်ပါ။ သင်.မဖွင့်ပါဘဲနဲ့ မက်ဆင်ဂျာ ဆော့ဝဲ မိမိစက်မှာ ရှိခဲ့ရင် အော်တို သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။
အကယ်၍ ဂျီတော့ကို ဖွင့်ထားမယ်ဆိုရင် သင့်ဂျီတော့မှာ ရှိတဲ့ သူငယ်ချင်းတွေကို  မိမိမပို့ပါပဲနှင့် သူ့ဘာသာ hahaha photo Jpeg...is this you? ဆိုပြီး သူ့ဘာသာ ပို့ပါလိမ့်မယ်။သင့်ကို ယုံကြည်တဲ့လူအားလုံး (ရလာတဲ့ဟာက ဘာလဲလို့ မစဉ်းစားဘဲ ဖွင့်တတ်သူ)ဟာ ဖွင့်လိုက်ရင် ဂျီတော့ဟာ...ဖလန်းဖလန်းနဲ့ အစည်းအဝေးနောက်ကျလို့ ကဗျာကရာ ဟိုးပြေးဒီပြေး လုပ်နေပါလိမ့်မယ်။
အဲဒီဗိုင်းရပ်ကို သတ်လိုပါက..
မူရင်းရေးထားတဲ့သူရဲ့ Malwarebytes softwareကလင့်ပျက်နေလို့ ကိုယ့်ကွန်ပြုတာထဲမှာ Portableအဖြစ်သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ DOWNLOAD လုပ်ပါ..)လင့်ကတော့ http://www.mediafire.com/?mkm2jmy2m4z (ဒေါင်းမာန်ဟုန်)

၁.. desktop မှာ save..ပါ။
၂..ပြီးလျှင် R- Click မှ install လုပ်ပါ။
၃..ပြီးလျှင် power..ကို နှိပ်ပြီးသာ ပိတ်လိုက်ပါ။
၎..Save Mode နှင့် F8 ကိုနှိပ်ပြီး ပြန်တက်ပါ။ Restart ပြန်လုပ်ပါ။
၅..Systerm Restore ကို Off လိုက်ပါ။ Control Panel > System > System Protection > Configure > Turn Off System Protection
၆..ပြီးလျှင်  Run ထားတဲ့ Anti Malware နှင့် Scan ဖတ်လိုက်ပါ။
၇..ကွန်ပြူတာကို ရီစတတ်ချပါ။ ပြန်တက်လာလျှင်...Anti..ကို ပြန်ပြီး စကင်ဖတ်ပေးပါ။ နှစ်ကြိမ် စကင်ဖတ်လိုက်လျှင် အိုကေပါပြီ။ တွေ့သမျှကို
အကုန် သတ်လိုက်ပါ။
ပြီးသွားပါပြီ။ သူငယ်ချင်းရဲ့စက်မှာ ဟဟဟ ဗိုင်းရပ် မတွေ့နိုင်တော့ပါ။ နောက်များ သူများ ပို့လာခဲ့လျှင်..လက်ခံ ရရှိခဲ့လျှင် စဉ်းစားပြီးမှ ဖွင့်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...