ဧဒင်အချစ်ပုံပြင်: လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ သရုပ်ဆောင်ရဲတိုက်နှင့် ရွေ့လျားစကား ပြောစင်မြင့်

Thursday 1 March 2012

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ သရုပ်ဆောင်ရဲတိုက်နှင့် ရွေ့လျားစကား ပြောစင်မြင့်

                                         ဟဲဟိုးမြို့ ကျောက်တိုင်ကွင်းတွင်ဆယ်ဘီးကားပေါ်တွင်ပြင်ဆင်ထားသော
                                         ရွေ့ လျားစကားပြောစင်မြင့်ကိုတွေ့ ရစဉ်(ဓါတ်ပုံ..မွန်မွန်မြတ်)
တောင်ကြီးသား ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် NLD ရှမ်းပြည်နယ်အောင်နိုင်ရေးခရီးစဉ်တွင်ပါဝင်ကူညီ

၂၉ ဖေဖေါ်ဝါရီ ၂၀၁၂ (YPI) ဟဲဟိုး - ရုပ်ရှင်နယ်ပယ်သားတစ်ဦး၏ ပထမဆုံးပါဝင်မှုအနေဖြင့် တောင်ကြီးသား နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ရှမ်းပြည်နယ်ခရီးစဉ်အတွင်းပါဝင်အားဖြည့်မည်ဖြစ်ကြောင်းသိရသည်။


ဇာတိမြို့သို့မရောက်ခဲ့သည်မှာ ငါးနှစ်ကျော်ကြာခဲ့ပြီဖြစ်သောရဲတိုက်သည် ရန်ကုန်အဲယားဝေးလေယာဉ်ဖြင့် ယနေ့ညနေ ၄း၃၀ ခန့်က ဟဲဟိုးမြို့သို့ရောက်ရှိခဲ့သည်။
မရောက်တာကြာပြီဖြစ်သည့်ဇာတိမြေကိုပြန်ရောက်ရသည့်အတွက် “တက်ကြွပျော်ရွှင်ချမ်းမြေ့မိပါတယ်” ဟုဆိုကာ NLD ပါတီဝင်တစ်ဦးအနေနှင့်ရှမ်းပြည်နယ်အောင်နိုင်ရေးခရီးစဉ်တွင်ပါဝင်ခွင့်ရသည့်အတွက် “အရမ်းကိုကျေနပ်မိပါတယ်” ဟု သရုပ်ဆောင် ရဲတိုက်က YPI ကိုပြောခဲ့သည်။“အန်တီကတစ်ချိန်လုံးရွှေ့နေရတာဆိုတော့ ဒီကွင်းမရခဲ့ဘူးဆိုရင် နောက်ထပ် Plan 2 ရှိသေးတယ်။ ရွှေ့လို့ရတယ်။ (မနက်ဖန်အတွက်) စိတ်တော့လှုပ်ရှားတာပေါ့ဗျာ ဘာလို့လဲဆိုတော့ ကိုယ့်နားကိုဒီလိုလူထုခေါင်းဆောင်တစ်ယောက် လာဖို့ဆိုတာခဲယဉ်းတယ်လေ”
ဆယ်ဘီးကားပိုင်ရှင် ဦးမျိုးသိန်း (အောင်ပန်းဇာတိ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...