ဧဒင်အချစ်ပုံပြင်: ရွန်းနီ၏ ကန်ချက်ကြောင့် လက်ကောက်ဝတ် ကျိုးခဲ့ရသည့် ကလေးငယ်

Friday 23 March 2012

ရွန်းနီ၏ ကန်ချက်ကြောင့် လက်ကောက်ဝတ် ကျိုးခဲ့ရသည့် ကလေးငယ်

ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ၀ုလ်ဖ် အသင်းနဲ့ မန်ယူ အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၉ နှစ်သား အရွယ် ပရိသတ် ကလေးငယ်
တစ်ဦးဟာ မန်ယူ တိုက်စစ်မှူး ၀ိန်းရွန်းနီရဲ့ ဂိုးသွင်းဖို့ ကြိုးစားရာမှာ ဘောလုံးကန်ချက် ထိမှန်ခဲ့မှုကြောင့် လက်ကောက်ဝတ် ကျိုးခဲ့ရကြောင်း သိရှိရပါတယ်။ အဆိုပါ ကလေးငယ်ဟာ ဂျယ်မီသောမတ်လို့ အမည်ရပြီး
ပွဲချိန် အတွင်းမှာ ရွန်းနီ ကန်သွင်းတဲ့ ဘောလုံးကို လက်နဲ့ ကာကွယ်ရင်း လက်ကောက်ဝတ်ရိုး ကျိုးခဲ့ရတာ ဖြစ်ပါတယ်။

မိုလီနော့ ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်ကို လာရောက် ကြည့်ရှုခဲ့တာဟာ သူ့ဘ၀မှာ ပထမဆုံး ပွဲ ဖြစ်ခဲ့ပြီး အခုလို ဒဏ်ရာ ရရှိခဲ့တာကြောင့် အမှတ်ရစရာ များစွာ ဖြစ်ခဲ့ရပါတယ်။ ကလေးငယ်ကို ဒဏ်ရာ ရပြီးချင်းမှာပဲ ဆေးရုံကို တင်ခဲ့ကာ လက်ကို ပတ်တီး စည်းထားရပြီး ပတ်တီးကို နောက်လမှသာ ဖြေရမှာ ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဖခင် ဖြစ်သူကတော့ ရွန်းနီဆီက တောင်းပန်မှုကို ရယူချင်ကြောင်း သိရှိရပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ မန်ယူ အသင်းက ၅ ဂိုး ၊ ဂိုးမရှိနဲ့ အနိုင်ရရှိ ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်နိုင်ဆဲပဲ ဖြစ်ကြောင်း သိရှိရပါတယ်။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...