ဧဒင်အချစ်ပုံပြင်: ပြည်ပနိုင်ငံသားခံ မြန်မာများ မြန်မာနိုင်ငံသား ပြန်လည်ခံယူရန် လျှောက်ထား မှုများ ရှိလာသည့် အတွက် လူဝင်မှုကြီးကြပ်ရေးက စိစစ်ပေးနေ

Tuesday 6 March 2012

ပြည်ပနိုင်ငံသားခံ မြန်မာများ မြန်မာနိုင်ငံသား ပြန်လည်ခံယူရန် လျှောက်ထား မှုများ ရှိလာသည့် အတွက် လူဝင်မှုကြီးကြပ်ရေးက စိစစ်ပေးနေ


ပြည်ပ နိုင်ငံသား အဖြစ် ခံယူထားသော  မြန်မာနိုင်ငံသား ဟောင်းများမြန်မာနိုင်ငံသား   အဖြစ်ပြန်လည်ခံယူလိုခြင်းလျှောက် ထားမှုများရှိ လာသည့် အတွက် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ  စိစစ်ပေးရမှု မှာဆယ်မှု ခန့်ရှိ နေပြီဖြစ် ကြောင်းသိရသည်။

ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသူများအနေနှင့် မြန်မာနိုင်ငံသား  အဖြစ်ပြန်လည်လျှောက်ထားမှု ဆောင်ရွက်သည့်  အခါတွင်သက် ဆိုင်ရာ နိုင်ငံ မြန်မာသံရုံးမှတဆင့်  အကြောင်းကြားပြီး  နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ယင်းကို ပြန်လည် စစ်ဆေးကာလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးခြင်းရှိ/မရှိ  အစရှိသဖြင့် စစ်ဆေးအတည်ပြုပြီးမှ   နိုင်ငံခြားရေး  ဝန်ကြီးဌာနသို့ပြန်လည် ပေးပို့ခြင်းရခြင်းဖြစ်ကာ  ယနေ့ချိန်ထိ ဆယ်မှုခန့် ရှိနေပြီဖြစ် ကြောင်းအဆိုပါ  ဝန်ကြီးဌာနမှတာ ဝန်ရှိသူတစ်ဦးက ပြောသည်။

''သမ္မတကြီး  ဖိတ်ခေါ်ပြီးတဲ့နောက်ပိုင်း ကစပြီးဒီလိုမျိုးမြန်မာ နိုင်ငံသားအဖြစ်ပြန်လည်လျှောက် ထားလို့နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့်စိစစ်ခိုင်းတာ ဆယ်မှုလောက် ရှိပါပြီ။စိစစ်တယ်ဆိုတဲ့နေရာမှာသူ တို့ရဲ့ ကိုယ်တိုင်ရေး ခံဝန်ချက်တွေ ထဲမှာပါတဲ့အတိုင်း ဟုတ်မဟုတ်၊ အရင်သူတို့ပြောတဲ့  လိပ်စာမှာတကယ် နေထိုင်မှုရှိ/မရှိ  ဆိုတာတွေစစ်ဆေးပြီးတော့မှ  အတည်ပြုပြီးနိုင်ငံခြားရေး ဝန်ကြီးဌာန ကိုပြန်တင်ရ ပါတယ်။ အဲဒီကမှ တဆင့်သမ္မတရုံးကို ဆက်တင်ပြပြီး ခွင့်ပြုသင့် မပြုသင့် ဆုံးဖြတ်တဲ့ အတိုင်းပါပဲ'' ဟုယင်းကဆိုသည်။

ယင်းအပြင်နိုင်ငံသား အဖြစ်ပြန်လည်ခံယူခွင့်  ရရှိခဲ့သူများရှိပါကလည်း  ယင်းတို့နေထိုင်ရာရပ်ကွက် တွင်အိမ်ထောင်စု  စာရင်းနှင့်နိုင်ငံသား ဖြစ်မှုပေါ် မူတည်၍  ဥပဒေကြောင်းအရရသင့် ရထိုက်သောနိုင်ငံသားစိစစ်ရေး  ကဒ်ပြားကို ထုတ်ပေး နိုင်ရန် လည်းစီစဉ်  ဆောင်ရွက်ထား ကြောင်း သိရသည်။

ယင်းကဲ့သို့  နိုင်ငံသား  အဖြစ်ပြန်လည်ခံယူလိုသည့်သူများ  အတွက်နိုင်ငံသား  စိစစ်ရေးကဒ်ပြား   ထုတ်ပေးမှုကို ၁၉၈၂ခုနှစ်     မြန်မာနိုင်ငံသားဥဒေနှင့်  အညီဆောင်ရွက်ပေး သွားရန်ရှိကြောင်း  လည်းသိရသည်။ ''အရင်တုန်းကတခြား နိုင်ငံသား အဖြစ်ခံယူထား သူတွေ ကိုပြန်လျှောက်ခွင့်  လုံးဝမပေးခဲ့ ပါဘူး၊  အခုမှပြန်လာပါလက်ခံတယ်  ဆိုတဲ့ ''သမ္မတကြီး ကြောင့်သာဒါကို ပြန်လုပ်ပေးတယ်  ထင်ပါတယ်။ သို့သော်လည်းပဲ  ဥပဒေထဲမှာ  ပါတဲ့နိုင် ငံတော် အကျိုးငှာပြန်လက်ခံနိုင်တယ် ဆိုတာလည်း  ပါတော့ဒီ ၈၂  မြန်မာနိုင်ငံသား  ဥပဒေ အရပဲ  လုပ်ကြတာဖြစ်ပါမယ်'' ဟုဥပဒေပ ညာရှင်တစ်ဦးက ယင်း၏ အမြင်ကို ပြောခဲ့သည်။

လက်ရှိတွင် လည်း  မြန်မာနိုင်ငံသား အဖြစ်ပြန်လည်လျှောက်ထားလိုသူများ  ဆက်လက်ရှိလာနေသေးကြောင်း  နိုင်ငံတကာ အသိုင်း အဝန်းမှ လာသော သတင်းများ  အရသိရသည်။

@Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...