ဧဒင်အချစ်ပုံပြင်: နှစ်ပေါင်း (၇၆) နှစ်ကြာလုံးဝ မကျိန်းစက်သော ရဟန်းတော

Friday 9 March 2012

နှစ်ပေါင်း (၇၆) နှစ်ကြာလုံးဝ မကျိန်းစက်သော ရဟန်းတော

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တော်တွင် သုတေသီစိတ်ပညာရှင်များသည် ဗုဒ္ဓဘာသာ ရဟန်းတော်ကြီးတစ်ပါး (သက်တော် ၈၇နှစ်) ၏ ထူးခြားလှသော စွမ်းရည်ကို သုတေသနပြု စမ်းသပ်လေ့လာ နေကြသည်။ ထိုရဟန်းတော်ကြီး ၏ ထူးခြားလှသော စွမ်းရည်မှာ နှစ်ပေါင်း (၇၆) နှစ်ပတ်လုံး ကျိန်းစက်မှု လုံးဝမပြုဘဲ နေထိုင်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး နှင့် အတူ နယ်မြေသစ် စူးစမ်းရှာဖွေ သူများက တိဗက်နိုင်ငံ၊ ဂါလာမန်ဒါတာ အနောက်ဘက် တောကြီးထဲတွင် ရဟန်းတော်ကြီးအား တစ်ပါးတည်း သီတင်းသုံး နေထိုင်လျက်ရှိသည်ကို တွေ့ရှိခဲခြင်း ဖြစ်သည်။ ရဟန်းတော်၏ ဘွဲ့အမည်မှာ အရှင်ဒါဝါ ဖြစ်သည်။ ရဟန်းတော်ကြီး ၏စွမ်းရည်ကို (၃)လကျော်ကြာ စနစ်တကျ သုတေသန ပြုရန် နိုင်ငံတကာ သုတေသနအဖွဲ့က ဆုံးဖြတ်အတည်ပြုထားသည်။ ရဟန်းတော်ကြီး အရှင်ဒါဝါကမူ ‘လူသားအားလုံးတွင် ဆန္ဒပြင်းပြပါက မအိပ်စက်ဘဲ နေထိုင်နိုင်သော စွမ်းအားရှိသည်’ ဟုယုံကြည်ထားသည်။ သုတေသန သတင်းရေးသူတစ်ဦးက ‘ရဟန်းတော်ကြီး ဒါဝါဟာ ယနေ့မျက်မှောက် ကမ္ဘာမှာ အံ့ဩဖွယ် အကောင်းဆုံး ပုဂ္ဂိုလ်ကြီးပါပဲ’ ဟူ၍ ဖွင့်ဟဂုဏ်ပြုခဲ့သည်။ ဂျာမန်သုတေသန ပညာရှင် တစ်ဦးဖြစ်သော ဒေါက်တာဘားနဒ်ဟော့ဇ်မန်းက ‘ရဟန်းတော်ကြီး ဒါဝါရဲ့ စွမ်းရည်ကို တကယ်တွေ့မြင် သိရှိရတဲ့အခါမှာတော့ ကြားသိရတဲ့ သတင်းဟာ အံဩစရာ သိပ်မဖြစ်တော့ပါဘူး။ ရဟန်းတော်ကြီးဟာ ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်တဲ့ကာလ၊ ကိုးရီးယားစစ်ပွဲကာလ၊ ဗီယက်နမ်စစ်ပွဲကာလ (၁၉၃၀) ပြည့်နှစ်မှာ တစ်ကမ္ဘာလုံး စီးပွားရေး ကပ်ဆိုက်ပြီး စိုးရိမ်သောက ဖြစ်တဲ့ကာလ (၁၉၅၇) ခုနှစ်မှာ ရုရှားနိုင်ငံက စပွတ်နစ်ဒုံးပျံ လွှတ်တင်တဲ့ကာလ၊ (၁၉၅၇) ခုနှစ်မှာပဲ အမေရိကန်က လကမ္ဘာပေါ်ကို ပထမဆုံးလူသား ပို့ဆောင်တဲ့ ကာလတွေ အားလုံးမှာ မအိပ်စက်ပဲ နိုးထနေခဲ့ပါတယ်။ ရဟန်းတော်ကြီး ဒါဝါဟာ ကမ္ဘာ့သမိုင်းမှာ တကယ်မှတ်တမ်း တင်ထားသင့်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ သုတေသန ပြုချက်တွေအရ ရဟန်းတော်ကြီး ဒါဝါဟာ (၁၉၂၁)ခုနှစ်၊ (၁၁)နှစ်သားအရွယ်ကတည်းက ကြောင်ကလေး အိပ်သလောက်တောင် မအိပ်စက်ခဲ့ဘူးဆိုတာ တကယ်မှန်ကန်ကြောင်း ကျွန်တော် သိမြင်ယုံကြည်ပါပြီဋ’ ဟူ၍ ထုတ်ပြန်တင်ပြသည်။ ခိုင်မာသော သုတေသနပြုချက်များ အရ သိရှိရသော အရှင်ဒါဝါ ၏ အံ့ချီးဖွယ်စွမ်းရည်ကို အာရှ နှင့် ဥရောပထိပ်တန်း သတင်းစာများ ကလည်း ရေးသားဖော်ပြကြသည်။ ရက်သတ္တပတ် (၁)ပတ်ကြာ သုတေသနပြု လေ့လာအပြီး တွင် အချိန်နာရီများ ကုန်ဆုံးသွားသည် အထိ ရဟန်းတော်ကြီး ဒါဝါသည် မျက်လုံးပင် မမှိတ်ကြောင်း သုတေသီများက ထုတ်ပြန်တင်ပြသည်။ ခေတ်အမီဆုံး ကိရိယာများဖြင့် စမ်းသပ်ရာတွင် ရဟန်းတော်ကြီး ဒါဝါသည် သာမန်လူသားများ နှစ်ခြိုက်စွာ အိပ်ပျော်နေချိန်၌ လေသံတိုးတိုး ဖြင့် စကားပြောပင် မပျက်ကြောင်း သိရှိရသည်။ ဒေါက်တာ ဟော့ဇ်မန်းကမူ ‘ရဟန်းတော်ကြီးဒါဝါကို လူအများက လုံးဝမအိပ်စက်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ကျန်းမာရေး ပျက်မယ်လို့ ထင်မြင်ကြတယ်။ ဒါပေမယ့် ရဟန်းတော်ကြီးကတော့ ကျန်းမာလျက်ပါပဲ။ ရဟန်းတော်ကြီးဟာ အရွယ်နဲ့စာရင် ပိုမို နုပျိုနေသလိုပါပဲ။ ရဟန်းတော်ကြီးရဲ့ နှလုံး နဲ့ အဆုတ်ကလည်း အသက်(၃၀) နှစ်အရွယ် လူရွယ်တစ်ယောက် ရဲ့ နှလုံး နဲ့ အဆုတ်လို အလုပ်လုပ်ဆဲပါ။ ဒါဟာ ရဟန်းတော်ကြီး ဒါဝါရဲ့ မအိပ်စက်ဘဲ နေခြင်းက ရရှိတဲ့ အကျိုးကျေးဇူး ဖြစ်မှာပါ။ ကျွန်တော်တို့ တတွေဟာ ရဟန်းတော်ကြီး ဒါဝါရဲ့ ထူးခြားတဲ့စွမ်းရည်ကို လေ့လာ အတုယူ ကျင့်သုံးသင့်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့တတွေ အိပ်စက်ချိန်တွေကို နေ့စဉ် ဘ၀မှာ အကျိုးရှိအောင် အသုံးချနိုင်တယ်။ ဘ၀ရဲ့ အတွေ့အကြုံ တွေကို ပိုမိုလေ့လာ နိုင်မှာ ဖြစ်ပါတယ်’ ဟူ၍ တက်ကြွစွာ ဖွင့်ဟတင်ပြပေသည်။
from,သာသနာအလင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...