အာကာသအတွင်းသို့ ဓာတ်လှေကားဖြင့်သွားနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း ဂျပန်နိုင်ငံမှ နာမည်ကျော်ဆောက်လုပ်ရေးကုမ္ပဏီ အိုဘာယာရှိကော်ပိုရေးရှင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၃၆၀၀၀ အကွာတွင်ရှိမည့် အာကာသစခန်းတစ်ခုသို့ ကမ္ဘာမြေမှခရီးသည်များကို ဓာတ်လှေကားဖြင့်ပို့ပေးနိုင်မည့်စီမံကိန်းအား ၂၀၅၀ ပြည့်နှစ် အစောဆုံးထားပြီး
တည်ဆောက်သွားနိုင်ရန်မျှော်မှန်းထားကြောင်း ကုမ္ပဏီကထုတ်ပြန်ကြေညာခဲ့သည်။ အာကာသဓာတ်လှေကားအတွက် ကေဘယ်ကြိုးများပြုလုပ်ရာတွင် သံမဏိထက်အဆ ၂၀ မာသော
ကာဗွန်နာနိုကျုဘ်များကို အသုံးပြုသွားမည်ဖြစ်သည်။
စီမံကိန်းအရ ကေဘယ်ကြိုးသည် ကမ္ဘာနှင့်လအကွာအဝေး၏ လေးပုံတစ်ပုံမျရှိမည့် ကီလိုမီတာ ၉၆၀၀၀ ထိ
ဖြစ်ပြီး ကျန်အစွန်းတစ်ဖက်မှာ အလေးချိန်မျှစေမည့်အရာဝတ္တုတစ်ခုဖြင့် ချိတ်ဆက်ထားမည်ဖြစ်ကာ ကီလိုမီတာ ၃၆၀၀၀ အကွာအလယ်တွင် အာကာသစခန်းတစ်ခုရှိမည်ဖြစ်သည်။
ယင်းကေဘယ်တွင်တပ်ဆင်မည့်ဓာတ်လှေကားမှာ လူ ၃၀ ထိတင်ဆောင်နိုင်မည်ဖြစ်သည်။ တစ်နာရီကီလိုမီတာ ၂၀၀ နှုန်းဖြင့် ရွေ့လျားမည်ဖြစ်ကာ စခန်းသို့ရောက်ရန် ၇ ရက်ခွဲ ကြာမြင့်မည်ဖြစ်သည်။
Ref:Yomiuri
No comments:
Post a Comment