ဧဒင်အချစ်ပုံပြင်: ထိုင်းနိုင်ငံတောင်ပိုင်း စူပါမားကတ်များ မီးလောင်မှု ရှို့မီးများဖြစ်မည်ဟု ယူဆနေကြ

Saturday 3 March 2012

ထိုင်းနိုင်ငံတောင်ပိုင်း စူပါမားကတ်များ မီးလောင်မှု ရှို့မီးများဖြစ်မည်ဟု ယူဆနေကြ

ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တာနီပြည်နယ် မွမ်ခရိုင်မြို့လယ်မှ စူပါမားကတ်နှစ်ခု မတ် ၁ ရက် နံနက် စောစောပိုင်းတွင် ရဲတပ်ဖွဲ့က ရှို့မီးဟု ယူဆသည့် မီးလောင်မှုများ ဖြစ်ပွားကြောင်း သိရသည်။ ပထမ မီးလောင်မှုမှာ ထာနီစူပါဈေး၏ စားသောက်ဆိုင်များရှိရာ အထပ်တွင် ထိုနေ့ နံနက် ၁ နာရီခန့်က စတင်ပြီး တစ်နာရီကျော် လောင်ကျွမ်းခြင်းဖြစ်သည်။ မီးသတ်ကား လေးစီးဖြင့် ငြိမ်းသတ်ရာ နာရီဝက်ခန့် အတွင်း
မီးညွန့်ကျိုးအောင် ငြိမ်းသတ်နိုင်ခဲ့သည်။ ပထမမီး စတင် လောင်ကျွမ်းပြီး မကြာမီမှာပင် မွမ်ခရိုင်မြို့လယ်မှ ဘစ်စီစူပါမားကတ်ကို မီးစတင်လောင်ကျွမ်းခဲ့ပြန်သည်။ ဤမီးမှာ စတိုခန်းမှ စတင်လောင်ခြင်းဖြစ်သည်။ တစ်ပြိုင်တည်းလောင်သည့်အတွက် ရှို့မီးများဖြစ်မည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ပြီး ယခုအခါ စုံစမ်းလျက်ရှိသည်။ (အင်တာနက်)

1 comment:

  1. မီးဆိုတာမကြားချင်တော့ပါဘူးကွယ်
    သူမွှေရင်ကုန်ရော

    ReplyDelete

Related Posts Plugin for WordPress, Blogger...