ဧဒင်အချစ်ပုံပြင်: ရခိုင် တစ်ဦး မလေးရှားတွင် မတ်လ ၁ ရက်နေ့က ကားတိုက်သေဆုံး

Saturday 3 March 2012

ရခိုင် တစ်ဦး မလေးရှားတွင် မတ်လ ၁ ရက်နေ့က ကားတိုက်သေဆုံး

မလေးရှားနှိင်ငံတွင် အလုပ် လုပ်နေသော ရခိုင်အမျိုးသား တစ်ဦးသည် မတ်လ (၁) ရက်နေ့က ကားတိုက် ခံရပြီး သေဆုံးသွားကြောင်း သတင်း ရရှိသည်။


Mg-Hla-Soe ကိုမောင်လှစော၏ နောက်ဆုံး ခရီး
သေဆုံးသွားသူမှာ ရခိုင်ပြည်နယ် မင်းပြားမြို့ နယ် ရမ်းဘွေ ကျေးရွာမှ အသက် ၃၉ နှစ်အရွယ် ကိုမောင်လှစော ဆိုသူ ဖြစ်သည်။

ကိုမောင်လှစောသည် အီပို့ပြည်နယ် စီတီရာ ၀မ်းမန်ဂျုံးဂျာယာတွင် အေးဂျင်း အလုပ်ဖြင့်

အလုပ်မရှိသူများကို အလုပ် သွင်းပေးနေသူဖြစ်ပြီး အဆိုပါ မြို့တွင်ပင် ကားတိုက်ခံရပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သူ၏ ညီတော်စပ်သူ ကိုမင်းဇော်က နိရဉ္စရာသို့ ပြောသည်။

" ဖြစ်ပုံကဒီလို့ ပါ၊ ကျွန်တော်အစ်ကိုက အဲဒီနေ့မနက်ပိုင်း ၁၀ နာရီမှာ မြန်မာဆိုင်ကို လ္ဘက်ရည်သောက်ဖို့  ဆိုပြီး ကားလမ်းမအတိုင်း စက်ဘီးစီးပြီး သွားကြပါတယ်။ မြန်မာဆိုင်ကို မရောက်ခင်မှာ နောက်ကနေ မောင်းလာတဲ့ တက္ကစီ တစီးက ၀င် တိုက်လိုက်တာ ဖြစ်ပါတယ် ။ တက္ကစီကားက အရှိန်ပြင်းပြင်းနဲ့ မောင်းလာတော့ ၀င်တိုက်လိုက်တာနဲ့ လွှင့်စင်ကျသွားပြီး ဦခေါင်း တစ်ခုလုံး ကွဲအက်သွားပါတယ်။ အဲ့ဒီနေရာမှာဘဲ ပွဲချင်းပီး သေသွားတာပါ။"

စက်ဘီးကို ၀င်တိုက်သူ တက္ကစီမောင်းသူမှာ မလေးရှား နိုင်ငံသား အိန္ဒိယ လူမျိုးတဥင်္ီး ဖြစ်သည်။ တက္ကစီ မောင်းသမား အန္ဒိယ လူမျိုးသည် ကားတိုက်မှု ဖြစ်ပြီး ချက်ချင်း သူကိုယ်တိုင် နီးစပ်ရာရာ ရဲစခန်း တစ်ခုသို့ ဖုန်းဆက် အကြောင်းကြားသဖြင့် သေဆုံးသူ ကိုမောင်လှစောကို ရဲများက နီးစပ်ရာဆေးရုံသို့ ပို့ခဲ့သည်ဟု သိရသည်။

ကားဖြင့် ၀င်တိုက်သူ မလေးရှားနိုင်ငံသား အိန္ဒိယလူမျိုးကို မလေးရှားရဲက ဖမ်းဆီးပြီး တရားစွဲထားသည်ဟု သိရသည်။

ကိုမောင်လှစောမောင်၏ ရုပ်အလောင်းကို မတ်လ ၃ ရက်နေ့က သဂြိုလ်ခဲ့သည်ဟု သိရသည်။ သေဆုံးချိန်တွင် ဇနီးနှင့် သားတယောက် ကျန်ရစ်ခဲ့ကြောင်း သတင်း ရရှိသည်။

၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ကျောက်ပြားကျေးရွာမှ အသက် ၄၂ နှစ်ရှိ မောင်ကံဘော်ဆိုသူသည်လည်း မလေးရှားနိုင်ငံ မွားမြို့နယ် Best Befeck ဖန်နီချာ စက်ရုံ တစ်ခုတွင် အလုပ်လုပ်ကိုင်နေစဉ် ကား မတော်တဆမူ တစ်ခုတွင် သေဆုံးသွားခဲ့သည်။

 ခိုင်မောင်ဦး (မလေး) နိရဉ္စရာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...