ဧဒင်အချစ်ပုံပြင်: Mr.Bean သေဆုံးပြီဟု သတင်းများ ထွက်ပေါ်ခဲ့

Saturday 3 March 2012

Mr.Bean သေဆုံးပြီဟု သတင်းများ ထွက်ပေါ်ခဲ့



Mr.Bean သေဆုံးသွားပြီဆိုသော သတင်းများသည် ကောလဟာလသာ ဖြစ်ကြောင်း  ပြန်လည် ဖြေရှင်းမှုများ ပြုလုပ်ခဲ့ရသည်။ ဟောလီးဝုဒ်ထိ ထိုးဖောက် နာမည်ကြီးခဲ့သည့် ဗြိတိသျှ သရုပ်ဆောင် ရိုဝမ် အက်ကင်ဆန် သေဆုံးသွားပြီဆိုသော သတင်းများသည် Twitter မှတစ်ဆင့် လျင်လျင်မြန်မြန် ပျံ့နှံ့လာသည်။ Mr.Bean ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ရင်း ကမ္ဘာသိ နာမည်ကျော်ခဲ့သော အက်ကင်ဆန်သည် နောက်ပိုင်းတွင် ၎င်းအနေဖြင့် အသက်ရှင်လျှက် ရှိနေသေးကြောင်း Twitter တွင် လွှင့်တင်ကြေညာကာ
ယခုကိစ္စသည် ကောဟလာလသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

“ကျုပ်မသေဘူးဗျ” ဟု အက်ကင်ဆန်၏ Twitter တွင် အင်္ဂါနေ့က ရေးသားထားခဲ့သည်။ နာမည်ကျော် အနုပညာရှင်များ သေဆုံးကြောင်း ကောလဟာလ ထွက်ပေါ်ခြင်းသည် ဟောလီးဝုဒ်တွင် အဆန်းတကျယ်ကိစ္စ မဟုတ်ချေ။ ယခုလ အစောပိုင်းက အက်ဒီမာဖီသည်လည်း ကောဟလာလ၏ သားကောင်အဖြစ် သေဆုံးကြောင်း သတင်းမှားများ ထုတ်လွှင့်ခံရဖူးသည်။ ချာလီရှင်း၊ ကီဗင်ဘွန်း၊ ဂျွန်ဘွန်ဂျိုဗီတို့ အပါအဝင် နာမည်ကျော် အများအပြားသည်လည်း ယမန်နှစ်က အလားတူ သတင်းမှားများအတွက် ဖြေရှင်းခဲ့ရဖူးသည်။
By Planet@PLANET

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...