ဧဒင်အချစ်ပုံပြင်: "မ"ဆိုတဲ့အဓိပ္ပါယ်ကိုဦးအောင်သိန်းလင်းပြန်ရှင်းပြပုံ ရုပ်/သံဖိုင်...

Wednesday 21 March 2012

"မ"ဆိုတဲ့အဓိပ္ပါယ်ကိုဦးအောင်သိန်းလင်းပြန်ရှင်းပြပုံ ရုပ်/သံဖိုင်...

ဖြစ်စဉ်အမှန်က မတ်လ(၁၈)ရက်နေ့မှာ ဦးအောင်သိန်းလင်းနဲ့ ပြည်ခိုင်ဖြိုးပါတီမှ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေတို့ တာမွေဈေး ပြောင်းရွှေ့ဖို့ လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာမွေဈေးကို သွားခဲ့ကြပါတယ်။ တာမွေဈေးကို ယခုနေရာမှ နောက်တစ်နေရာသို့ မပြောင်းရွှေ့ချင်ဘဲ လက်မှတ်ရေးထိုးတောင်း ဆို ခဲ့တဲ့ တာမွေဈေးသူ ဈေးသားတွေရဲ့ ဆန္ဒကို ပြည့်မြောက်အောင် ဒီမိုကရေစီ ကျကျ အများစုဆန္ဒနဲ့အညီ
ပြည်ခိုင်ဖြိုးမှ ဆောင်ရွက်ပေးပါ့မယ်လို့ သွားရောက်ကတိပေးစကားပြောကြားတာပါ။ ဖြစ်ရပ်အမှန်က ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံရာမှာ တာမွေဈေးသူဈေးသားတွေ ဟာ ပြောင်းဖူး တွေပေါ်မှာ "မ" လို့ရေးပြီး မပြောင်းဖူး ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဈေးနေရာအနှံ့အပြား မှာ ပြောင်းဖူးတွေ ချိတ်ဆွဲကာ ဈေးမပြောင်းချင်တဲ့ သူတို့ရဲ့ ဆန္ဒကို ဖော်ထုတ်ပြသခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရပ်မှန်ကို ဦးအောင်သိန်းလင်း မဲဆွယ်ရာမှာ ပြောင်းဖူးနဲ့ ယတြာချေတယ်လို့ ပြည်သူတွေအပေါ် သတင်းပေါ်ထွက်ခဲ့တာပါ။ 

ဗီဒီယိုဖိုင်ပါ ရှာဖွေ တင်ပြလိုက်ရပါတယ်။

goldenmyanmarမှတဆင့်ဖော်ပြခြင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...