![]() |
အသက်(၈)နှစ်အရွယ်ရှိ ကလေးငယ်တဦး ဒါဏ်ရာများဖြင့် လဲနေ |
ဗဟန်းရဲစခန်းတာဝန်ကျအရာရှိမှ အဆိုပါကိစ္စကို မိမိတို့ရဲစခန်းမှ တာဝန်မယူနိုင်ကြောင်း၊ မကူညီနိုင်ကြောင်း ပြောခဲ့သည်။ အနှေးယာဉ်လုပ်သား ကိုသံချောင်းသည် ရဲစခန်းကို တာဝန်သိပြည်သူတယောက် အနေဖြင့် သတင်းသွားပို့သော်လည်း ရဲအရာရှိ၏ ငြင်းပယ်မှုကြောင့် လဲနေသောကလေးထံပြန်သွားပြီး လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်လုပ်သားများ မှ တတ်နိုင်သမျှငွေကြေးစိုက်ထုတ်ခါ တက္ကစီကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။
ဆက်လက်ပြီး ကလေးရဲ့မိဘများကိုဆက်သွယ်မှုရရန်ကြိုးစား ဆောင်ရွက်နေသည်။
ထိုသို့ တာဝန်ကျရဲအရာရှိရဲ့ တာဝန်မဲ့မှုနှင့် ပြည်သူထဲက အနှေးယာဉ်လုပ်သားတဦးရဲ့ တာဝန်ယူမှုအသိစိတ်ဓါတ်ကို နိုင်းယှဉ်နိုင်ရန် တင်ပြလိုက်ပါသည်။ ဗဟန်းရဲစခန်းမှ ရဲအရှိများသည် ဗဟန်းမြို့နယ်အတွင်း တရားမဝင်နှိပ်ခန်းများ၊ကာရာအိုကေဆိုင်များ၊ဘောလုံးပွဲပြသောဘီယာဆိုင်များ၏ လုံခြုံရေးကို လိုင်းကြေးရယူပြီး ဗဟိုစီမံချက်ရှိလျင်အကြောင်းကြားခြင်း၊ NLD ရုံးချုပ်ရဲ့လှုပ်ရှားများကို စောင့်ကြည့်မှတ်တမ်းယူခြင်း၊ ဗဟန်းမြို့နယ်အတွင်း ရဟန်းသံဃာကျောင်းတိုက်များကို စောင့်ကြည့်သောအလုပ်များသာ လုပ်နေသည်ဟု သိရှိရသည်။
သတ္တိခဲ ( Myanmar Police Force )
No comments:
Post a Comment