ဧဒင်အချစ်ပုံပြင်: မြိုင်ကြီးငူတိုက်နယ်ဆေးရုံတွင် လေးမြွှာပူးကလေးများကို အောင်မြင်စွာမွေးဖွား

Wednesday 7 March 2012

မြိုင်ကြီးငူတိုက်နယ်ဆေးရုံတွင် လေးမြွှာပူးကလေးများကို အောင်မြင်စွာမွေးဖွား

မြိုင်ကြီးငူတိုက်နယ်ဆေးရုံတွင် လေးမြွှာပူးကလေးများကို အောင်မြင်စွာမေ...



ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ မြိုင်ကြီးငူတိုက်နယ်ဆေးရုံတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က ဆေးရုံတာဝန်ခံ ဒေါက်တာစောစိုးမင်းက လေးမြွှာပူးကလေးများကို အောင်မြင်စွာ မွေးဖွားပေးပြီးနောက် ဘားအံပြည်သူ့ ဆေးရုံကြီးသို့ ဆက်လက်ပေးပို့ ပြုစုစောင့်ရှောက်ထားရှိရာ ယခုအခါ အမြွှာကလေး လေးဦးစလုံး ပေါင်ချိန်များ တိုးမြင့်လာပြီး ကျန်းမာစွာရှိနေကြောင်း သတင်းရရှိသည်။
အဆိုပါ လေးမြွှာပူးကလေးများကို လှိုင်းဘွဲ့မြို့နယ် ကော့စိန်ကျေးရွာနေ ဦးပြည်ထိုက် ၂၅ နှစ်၊ ဒေါ်ခင်ညွန့် ၃၄ နှစ်တို့ သဘာဝအတိုင်း ရိုးရိုးမွေးဖွားခဲ့ခြင်းဖြစ်ပြီး အမြွှာကလေးများမှာ ယောက်ျားလေးတစ်ဦးနှင့်
မိန်းကလေးသုံးဦးတို့ ဖြစ်သည်။
''ကလေးတွေက ကီလိုချိန်အရမ်းသေးငယ်နေတဲ့အတွက် ဘားအံဆေးရုံကြီးကို ဆက်လက်ပေးပို့ စောင့်ရှောက်ထားတာပါ။ ဘားအံဆေးရုံကြီးမှာ အထောက်အကူပြု ဆေးကိရိယာတွေ ဒီမှာထက် ပိုမိုစုံလင်ပါတယ်။ လက်ရှိကလေးအခြေအနေ တစ်နေ့တခြား တိုးတက်လာပါ တယ်။ ကလေးလေးဦးစလုံး ရှင်သန်ဖို့ အခွင့်အရေး များပြားလာပါပြီ''ဟု ကလေးများကို မွေးဖွားပေးခဲ့သူ မြိုင်ကြီးငူတိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာစောစိုးမင်းက ပြောကြားပါသည်။ မြိုင်ကြီးငူ တိုက်နယ်ဆေးရုံတွင် မွေးဖွားခဲ့သော ပထမဦးဆုံးနှင့် ဒုတိယမွေးဖွားသော အမြွာကလေးမှာ မိန်းကလေးနှစ်ဦးဖြစ်ပြီး အလေးချိန် ၁ ဒသမ ၃ ကီလိုနှင့် ၁ ဒသမ ၁ ကီလိုအလေးချိန်ရှိကာ တတိယမွေးဖွားသူမှာ ယောက်ျားလေးဖြစ်ပြီး အလေးချိန် ၁ ဒသမ ၁ ကီလို၊ စတုတ္ထမွေးဖွားသူမှာ မိန်းကလေးဖြစ်ပြီး အလေးချိန် ၀ ဒသမ ၇ ကီလိုရှိကြောင်း သိရှိရသည်။
BY:     :http://www.news-eleven.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...