(၂၉.၃.၂၀၁၂)ရက်နေ့ နေ့လည်
၁၂း၀၀ နာရီတွင် ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ ကပ်ဖိဘန်းရပ်နေ
ကျဘန်းအလုပ်လုပ်ကိုင်သော မဖြူဝင်း အသက်(၂၆)နှစ်သည်
၎င်း၏အိမ်နီးနားချင်းမိသားစုနှင့်
စကားများကြရာမှအိမ်ပေါ်ထိကိုယ်ထိလက်ရောက်ရိုက်နှက်ခံခဲ့ရသည့်အပေါ်လိုအပ်သလိုကူညီဖြေရှင်း
ဖြစ်စဉ်မှာမဖြူဝင်းသည် တန်းလျှားတခုတည်း နေထိုင်သူ မယုထံမှ ငွေချေးရာမှ စတင်ခဲ့ပါသည်။
ငွေချေးပြီးအပြန်တွင်အိမ်နီးခြင်း
မောင်မျိုး၏ ဇနီးမိစန်းက အဆင်ပြေလားမေးရာမပြေဘူး
နင့်ယောင်္ကျားလည်းချေးထားလို့တဲ့ ဟုပြောဆိုမိရာမှ မိစန်း၏ ယောင်္ကျား
မောင်မျိုးက မကျေနပ်၍ မဖြူဝင်းအားနားမခံသာအောင် ဆဲဆို ကြိမ်းမောင်း
ခဲ့ပါသည်။မဖြူဝင်းမှာလည်း မခံနိုင်၍ ပြန်လည် တုန့်ပြန်ဆဲဆိုရာမှ အိမ်ပေါ်အထိ
တက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ခြင်းဆက်လက်
ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
အခင်းဖြစ်ပွားချိန်တွင်ဘေးအိမ်နားရှိသူဒေါ်စိန်ပုမတရားမလုပ်ကြပါနဲနင်တို့တရားလွန်နေပြီသူဌေးကို
သွားတိုင်မယ် ဟုပြောမှသာရိုက်နှက်ခြင်းမှာရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့ပါသည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှမောင်မျိုးတို့မိသားစုအားခေါ်ဆို၍အဖြစ်မှန်ကိုနှစ်ဦးနှစ်ဘက်
မေးမြန်းခဲ့ပါသည်။ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့်မောင်မျိုးနှင့်ဇနီးဖြစ်သူ မိစန်းတို့က
၎င်းတို့မှားယွင်းကြောင်းလည်းဝန်ခံပါသဖြင့်၎င်းတို့အားမဖြူဝင်း၏ဆေးဝါးကုသမှုစရိတ်အားကျခံစေပြီး
နောက်နောင်
တစ်ဦးနှင့်တစ်ဦး တစ်ဘက်နှင့်တစ်ဘက် ဤသို့ထပ်မံမဖြစ်ပွားစေရန်
ဝန်ခံကတိပြု လက်မှတ်ရေး ထိုးစေကာ အကြောင်းအမျိုးမျိုးကြောင့်
ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော မြန်မာပြည်သား အချင်းချင်း
ရိုင်းပင်းကူညီ ကြရန် ဥပဒေကြောင်းအရ အရေးယူခံရနိုင်ကြောင်း ပညာပေးပြောဆို
ဖြေရှင်းပေးခဲ့ပါသည်။
April 2, 2012 |
သတင်းလေးလာရောက်ဖတ်နေပါတယ်
ReplyDeleteဖတ်သွားပါတယ်
ReplyDelete