ဧဒင်အချစ်ပုံပြင်: ခုနစ်ရက် သားသမီးများအတွက် (၃၀.၄.၂၀၁၂) မှ (၆.၅.၂၀၁၂) ထိ တပတ် စာဗေဒင်ဟောစာတမ်း

Sunday 29 April 2012

ခုနစ်ရက် သားသမီးများအတွက် (၃၀.၄.၂၀၁၂) မှ (၆.၅.၂၀၁၂) ထိ တပတ် စာဗေဒင်ဟောစာတမ်း


ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
သင်တန်းတက်ရခြင်း သို့မဟုတ် ဘ၀အတွက်အသုံးဝင်သော ပညာတခုသင်ရခြင်းဖြစ်တတ်သည်။
မမျှော်လင့်ဘဲ လူတဦး၏အကူအညီရမည်။  ခရီးသွားရင်း သူခိုးခိုးခံရတတ်သည်။ အလုပ်တွင်အခက်
အခဲတွေ့မည်။ အထက်လူကြီးဆရာသမား၏ ငြိုငြင်ခြင်းခံရတတ်သည်။ အလွန်ခင်မင်သူ
တဦးနှင့် အဆင်မပြေဖြစ်ကာ လမ်းခွဲရတတ်သည်။ မျက်စိရောဂါဖြစ်တတ်သည်။ အချစ်ရေးတွင်
အစစအရာရာအဆင်ပြေနေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပေါင်မုန့်နို့ဆမ်းကပ်
လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃၊ ၀၊ ၀၊ ၄)
တနင်္လာသားသမီးများ၏ကံကြမ္မာ
မကြာခင်ရက်အတွင်း ငွေအစုလိုက်အပုံလိုက်ဝင်မည်။ အိုးပိုင်၊ အိမ်ပိုင်ရမည်။ ရေလမ်းခရီးသွားရတတ်သည်။
မိတ်ဆွေနှင့်ပတ်သက်ပြီးစိတ်ညစ်စရာကြုံတွေ့ရတတ်သည်။ သမီးရှိသော် သမီးအိမ်မှထွက်သွားတတ်သည်။
သတိထားကြည့်ရှုစောင့်ရှောက်ပါ။ စီးပွားရေးနောက်တမျိုးလုပ်ရန်ပေါ်လာမည်။
လုပ်ပါအောင်မြင်မည်။ ရင်ဘတ်အောင့်နေမည်။ အချစ်ရေးတွင် နောက်တယောက်ကိုပြောင်းရင်ကောင်းမလား
စဉ်းစားနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပေါင်မုန့်ထောပတ်သုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၉၊ ၂၊ ၂၊ ၅)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
အလှူအတန်းတခုလုပ်ဖြစ်မည်။ အလှူလုပ်ပြီးသော်ငွေအလုံးအရင်းနှင့်ဝင်မည်။ အစိုးရ၏ချီးမြှောက်ခြင်းခံရမည်။
မသွားတော့ဘူးလိုလိုနှင့်ခရီးသွားရတတ်သည်။အဆင်မပြေတာများ အဆင်ပြေတော့မည်။ အလုပ်တွင်စကား
များခြင်းဖြစ်တတ်သည်။ နေရာပြောင်းရခြင်း၊ အခန်းပြောင်းရခြင်း၊ အိမ်ပြုပြင်ရခြင်းဖြစ်တတ်သည်။
လေထိုးလေအောင့်ဖြစ်တတ်သည်။ အချစ်ရေးတွင်အဆင်ပြေမည်။ မိမိဘက်မှမှန်ကန်ဖို့အရေးကြီးသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား နွားနို့ (၂ ) ခွက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀၊ ၀၊ ၈၊ ၁)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သော ကိစ္စများပေါ်မည်။ အောင်မြင်မည်။ စိတ်ချမ်းသာမှုများ၊ တိုးတက်မှုများ တခုပြီး
တခုဖြစ်တော့မည်။ မိမိကြံစည်ထားသောအကြံအစည်များအားလုံးအဆင်ပြေမည်။ ထီပေါက်ကိန်းရှိသည်။
သို့သော်ထီမထိုးပါနှင့် ထီပေါက်သော် မိမိကျန်းမာရေးညံ့တတ်သည်။ လုပ်ငန်းတွင်စာချုပ်စာတမ်းသတိထားပါ။
စာရင်းအင်းမှားတတ်သည်။ အချစ်ရေးတွင်စိတ်ချမ်းသာမှု၊ စိတ်ကျေနပ်စရာများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပဲလမုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂၊ ၂၊ ၃၊ ၀ )
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ စိန်ပစ္စည်းဝင်ခြင်းဖြစ်လိမ့်မည်။ အလုပ်တွင်
နာမည်ကောင်းရမည်။ လာဘ်ရွှင်မည်။ လက်အောက်ငယ်သားများထံမှ အကူအညီကောင်းရမည်။
ငွေလူလိမ်ခံရတတ်သည်။ ဘာသာရေးနှင့်ပတ်သက်သောဓါတ်ပုံများရောက်လာတတ်သည်။ ကောင်း၏။ မိဘများကျန်းမာ
ရေးညံ့နေတတ်သည်။ ဆိုးဆိုးဝါးဝါးမဟုတ်ပါ။ မိမိကိုယ်တိုင် ခေါင်းကိုက်ခြင်း၊ အကြောနာခြင်းဖြစ်နေမည်။
အချစ်ရေးတွင်မိမိတောင်းခံထားသောချစ်သူထံမှမိမိကို လက်ခံကြောင်းသတင်းကောင်းကြားရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား စမူဆာကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅၊ ၉၊ ၅၊ ၁ )
သောကြာသားသမီးများ၏ကံကြမ္မာ
ကောင်းသောပြောင်းလဲခြင်းများနှင့်ကြုံရတတ်သည်။ ဗုဒ္ဓဟူးနံနှင့်ပတ်သက်ပြီး စိတ်ညစ်စရာဖြစ်တတ်သည်။
ငွေဝင်မည်။ ငွေကုန်များနေမည်။ ညီအကိုမောင်နှစ်မအတွက်စိတ်ပူပင်သောကရောက်နေတတ်သည်။ ဖုန်းထွက်ခြင်း၊
ပျက်ခြင်းဖြစ်နေမည်။ ထူးခြားသောဓါတ်ပုံရောက်လာတတ်သည်။ အလုပ်တွင်ရာထူးတက်ခြင်း၊
လစာတိုးခြင်း၊ စီးပွားတက်ခြင်းများဖြစ်မည်။ မျက်စိနှင့်ပတ်သက်ပြီးငွေကုန်ရတတ်သည်။ ခေါင်းတခြမ်းကိုက်ခြင်း၊
ခါးနာခြင်းဖြစ်နေမည်။ အချစ်ရေးတွင် မိမိချစ်သောသူနှင့်စိတ်တူကိုယ်တူဖြစ်နေသောကြောင့်စိတ်ချမ်းသာနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ဘဲသားမုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၈၊ ၄၊ ၇၊ ၄ )
စနေသားသမီးများ၏ကံကြမ္မာ
အလှူလုပ်ရခြင်း၊ မင်္ဂလာဆောင်ရခြင်းဖြစ်တတ်သည်။ ငွေရေးကြေးရေးအလွန်အဆင်ပြေနေမည်။
မိဘကိုကောင်းစွာလုပ်ကျွေးနိုင်သောအချိန်ဖြစ်သည်။ မြေ၀င်ခြင်း၊ စက်ပစ္စည်းဝင်ခြင်း၊ အိမ်ပိုင်ရခြင်းများဖြစ်နေမည်။
ပညာတခုရတတ်သည်။ ပြည်ပခရီးသွားရတတ်သည်။ အလုပ်ပြောင်းရန်အကြောင်းဖြစ်တတ်
သည်။ ကောင်းသည်။ အမှုအခင်းဖြစ်တတ်သည်။ သတိထားပါ။ နားနှင့်ပတ်သက်သောရောဂါဖြစ်ခြင်း၊
နားအူခြင်းဖြစ်တတ်သည်။ အချစ်ရေးတွင်ကြားလူတဦးဝင်ရောက်နှောင့်ယှက်နေလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၉၊ ၃၊ ၃၊ ၄ )
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင် ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်
(ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး)
ဖုန်း- +6016 690 3513+ 6012 9133 093
E-mail:swezinwati@gmail.com
* မလေးရှား မဟုတ်သောအခြားနိုင်ငံများမှ ဗေဒင်မေးမြန်းလိုသူများကို အီးမေးလ်မှတဆင့်ဟောစာတမ်းပို့ပေးနေပါသည် *

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...