ဧဒင်အချစ်ပုံပြင်: မဲဆောက်မြို့လယ် လူသတ်မှု သတင်းစာရှင်းလင်းပွဲ

Friday 27 April 2012

မဲဆောက်မြို့လယ် လူသတ်မှု သတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံများ - ဧရာဝတီ

မနေ့တုန်းက ရတနာကုန်သည် စောစံငြိမ်း ဆိုသူ မဲဆောက်မြို့လယ်ခေါင်က နေအိမ်မှာ သတ်ဖြတ်ခံရပြီး၊ ဒီအမှု ကျူးလွန်သူတွေကို ဖမ်းမိထားတယ်လို့ မဲဆောက်မြို့ ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။
မဲဆောက်ရဲက ဒီနေ့မှာဘဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပြစ်မှုကျူးလွန်သူ ၂ ဦး ဆိုသူကိုလည်း ပြသခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူ လို့ ရဲက စွပ်စွဲထားသူတွေကတော့ ကွယ်လွန်သူရဲ့ ဇနီးသည် နန်းနုဒီး၊ မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားအောက်က ရေလယ်ကျွန်းမှာ ကျက်စားတဲ့ အသက် ၂၀ အရွယ် မောင်အောင်ကိုဦး ဆိုသူတို့ ဖြစ်ပါတယ်။

သူတို့ကို အပြီးသတ် စစ်ဆေးမှုတွေပြုလုပ်ပြီးရင် တရားစွဲသွားမှာဖြစ်တယ်လို့ မဲဆောက်မြို့နယ်ရဲမှူးကြီး ရဲဗိုလ်မှူး အေကလပ် အင်ထလစစ်က ဆိုပါတယ်။

လူသတ်မှုမှာ ပါဝင်တာ သူတို့ ၂ ဦးတည်း မဟုတ်ပါဘူး တဲ့။

ရဲစခန်းမှာ အောင်ကိုဦး ပြောသွားတာကတော့ ”မဲဆောက်က လူတဦးကို သတ်ပေးဘို့ မြန်မာဘုန်းကြီးတပါးက လာငှားလို့ သွားတာ ဖြစ်တယ်” လို့ ဆိုပါတယ်။

အမှုမှာပါရှိတဲ့ မြန်မာဘုန်းတော်ကြီး ဆိုသူကို မဲဆောက်ရဲက "သဲလွန်စရရှိထားပြီ" လို့ ဆိုပါတယ်။

မောင်အောင်ကိုဦး ဘယ်လို ဖမ်းမိတာလဲ?

"သတ်ပြီးတာနဲ့ အိမ်ရှင် မိန်းမက ကျနော့ကို တိုက်အပေါ်ထပ်မှာဘဲ ပုန်းနေခိုင်းတယ်" လို့ သူက ဆိုပါတယ်။

အဲဒီ အိမ်ပေါ်မှာဘဲ ပုန်းနေရာကနေ မွန်းလွဲပိုင်းမှာ ထိုင်းရဲက ဖမ်းမိခဲ့တာပါ တဲ့။

နန်းနုဒီးကတော့ ဘာဖြောင့်ချက်မှမပေးသေး ဘူးလို့ ရဲက ဆိုပါတယ်။

ဒီအမှု ရက်ပိုင်းအတွင်းမှာ အားလုံး ပြီးစီးသွားမှာဖြစ်တယ်လို့ မဲဆောက်ရဲက ဆိုပေမဲ့ သတင်းထောက်တွေရဲ့ အသေးစိတ်မေးမြန်းချက်တွေကိုတော့ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

အသက် ၅၀ အရွယ် သေဆုံးသူ စောစံငြိမ်းဟာ သမီးပျိုသားပျို ၃ ဦးရှိပြီး မဲဆောက်ဈေးမှာ ကုန်ပစ္စည်းမျိုးစုံ ဆိုင်ကြီး ဖွင့်ထားပါတယ်။

သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတဦးက သူတို့ လင်မယားကြားမှာ အငယ်အနှောင်း ထားတဲ့ကိစ္စနဲ့ မကြာခဏ ပြဿနာတွေဖြစ်လေ့ရှိတယ် တဲ့။ ဒါပေမဲ့ ပြဿနာရဲ့အရင်းခံကိုတော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ကြပါဘူး။

မဲဆောက်မြို့လယ်က "ကျောင်းကြီး" ဘုန်းတော်ကြီးကျောင်းမှာထားတဲ့ ကိုစံငြိမ်းရဲ့ ရုပ်ကလာပ်ကိုတော့ ဒီလ ၃၀ ရက်နေ့မှာ မြေချမှာ ဖြစ်ပါတယ်။






zarny win at The Irrawaddy's Blog


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...