ဧဒင်အချစ်ပုံပြင်: ရန်ကုန်းတိုင်းဒေသကြီးအတွင်းရှိ မီတာဖတ်ဝန်ထမ်း၇၅ဦးတာဝန်မှရပ်စဲခံရ

Friday 27 April 2012

ရန်ကုန်းတိုင်းဒေသကြီးအတွင်းရှိ မီတာဖတ်ဝန်ထမ်း၇၅ဦးတာဝန်မှရပ်စဲခံရ


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦးကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က မကြာသေးမီ ရက်ပိုင်းတွင်  တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရသည်။ ယင်းသို့ တာဝန်မှ ရပ်စဲခံရသည့် ၇၅ ဦးတွင် ၄၄ ဦးမှာ အမြဲတန်းဝန်ထမ်း ဖြစ်ပြီး ၃၁ ဦးမှာ နေ့စားဝန်ထမ်းများဖြစ်ကာ ယင်းတို့ကို မီတာကောက်ခံရာတွင် ငွေပိုကောက်ခံခြင်း များပြုလုပ်သည် ဟုဆိုကာ ယခုကဲ့သို့ တာဝန်မှ ရပ်စဲ ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးထံမှ သိရသည်။

‘‘အခုလို ရုတ်တရက် တာဝန်ကရပ်စဲခံလိုက်ရတော့ မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်သွားတာပေါ့၊ ကျွန်မတို့ရုံးမှာ လုပ်တဲ့ မီတာဖတ်ဝန်ထမ်းကောင်လေးက သူမိဘကိုလုပ်ကျွေးနေတာ၊သူကို မှီခိုအား ထား နေရတဲ့ မိသားစု အရမ်း ဒုက္ခ ရောက် သွားတယ် နောက်အလုပ်ရှာရဖို့ကလည်း ခက်သွားပြီလေ၊ ဒီလို အစိုးရရုံးက ဒီလိုကိစ္စနဲ့ထုတ်ပယ်လိုက်တယ်ဆိုတော့ ကျန်တဲ့ဌာနဆိုင်ရာတွေက ဘယ်လို အလုပ်ခန့် ပါတော့မလဲ အမှန်တော့ ဒီကောင်လေးက ဒီလို ငွေပိုကောက်ခံ တာတို့ မတရား လုပ်တာတို့မရှိဘူး ၊ မှန်မှန်ကန်ကန်ပဲ အလုပ်လုပ်နေတာ ကျွန်မတို့ အလုံမီတာရုံးက တစ်ရုံးလုံးသိတယ် ၊ အခု ကိစ္စက ဒီ ၇၀ကျော်မှာ ကောင်း တဲ့သူရော မကောင်းတဲ့သူတွေပါ အကုန်ရောပါသွားတဲ့ သဘောပဲ တစ်ဦးချင်း စုံစမ်း စစ် ဆေးပြီးမှ ဌာနဆိုင်ရာအနေနဲ့ အရေးယူသင့်တာပါ ’’ ဟု ယခုလက်ရှိ တာဝန်ထမ်း ဆောင်နေသော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးက ပြောသည်။

ယခုအခါ ယင်းကဲ့သို့တာဝန်မှ ရပ်စဲခံလိုက်ရသည့် ကိစ္စကို ရပ်စဲခံရသူ ကာယကံရှင်တစ်ချို့က
  ကျေနပ်မှုမရှိကြောင်း သိရသည်။

‘‘ကျွန်တော်တို့လို အပြစ်မရှိတဲ့ မီတာဖတ်ဝန်ထမ်းတွေ ဘာသွားလုပ်ကိုင် စားသောက်ကြတော့မလဲ၊ စနစ်တကျ စုံစမ်းစစ်ဆေးပြီးမှ ဘယ်သူကတော့ဖြင့် မီတာဖတ်တဲ့နေရာမှာ ငွေပိုကောက်ခံတယ် ၊မသမာမှု တွေရှိတယ်၊ ဘယ်ဝန်ထမ်း ကတော့ ဖြင့် ရိုးရိုး သားသားနဲ့ အလုပ်လုပ်နေတာ ဆိုတာကို ဌာနဆိုင်ရာက တာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ စုံစမ်းစစ်ဆေးသင့်တယ်၊ အခုလိုမျိုး
  အုတ်ရောရော ကျောက်ရော ရော အထုတ် ခံရတာတော့ အချို့ဝန်ထမ်းတွေ အရမ်းနစ်နာ သွားရတယ် ၊ ဘာလုပ်ကိုင်စားလို့စားရမှန်း မသိတော့ဘူး အခုဆိုအရမ်း ဒုက္ခရောက်နေတယ်၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ အနေနဲ့ ဒီကိစ္စကို စနစ်တကျ  ပြန်လည် စီစစ်စေချင်တယ်’’ ဟု တာဝန်မှ ရပ်စဲခံရသည့် သင်္ဃန်းကျွန်မြို့နယ် နေသူ တစ်ဦးကပြောသည်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...