ဧဒင်အချစ်ပုံပြင်: မြေဇာပင်များရဲ့ဒုက္ခ

Thursday 5 April 2012

မြေဇာပင်များရဲ့ဒုက္ခ

မြန်မာနိုင်ငံရခိုင်ပြည်နယ်မင်းပြားမြို့နယ်ပန်းမြောင်ရွာနှင့်မြောက်ဦးမြို့နယ်ကူးတို့ကျေးရွာနေရခိုင်အမျိုးသား
များဖြစ်သော ကိုမောင်သန်း အသက်(၄၀)နှစ်၊ ကိုအောင်သန်း (၃၆)နှစ်နှင့် မောင်ဝင်းတင် (၃၄)နှစ် တို့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ ၃၀.၃.၂၀၁၂ နေ့တွင် လူဝင်မှုကြီးကြပ်ရေးရုံး (တောမော) လက်မှတ်ဖြင့်လာစဉ် အထုပ်အပိုးများ နှင့် ကားဂိတ်တွင် ထိုင်းရဲမှ ဖမ်းဆီးပြီး အချုပ်ထဲတွင်(၄)ရက်
 နေထိုင်ခဲ့ရပါသည်။ အုန်းပြန့်ဒုက္ခသည် စခန်းမှ အဒေါ်ဖြစ်သူ၏ အကူအညီဖြင့် အချုပ်မှ (၃.၃.၂၀၁၂)ရက်နေ့ တွင် လွတ်မြောက် ခဲ့ပါသည်။ လွတ်မြောက်လာပြီးနောက်တွင် အုန်းပြန့်ဒုက္ခသည် စခန်းသို့ ခရီးသွားရန်နှင့် မဲ့ဆောက်မြို့ တွင် ယာယီနေထိုင် စားသောက် တည်းခိုခွင့် ကို ပြည်သူ့စေတနာ့ ၀န်ထမ်း အသင်း(PVA) သို့ အကူအညီ တောင်းခံခဲ့ပါသည်။ သို့ဖြစ်ပါ၍ နားခိုရာမဲ့နေသော ထိုင်းနိုင်ငံ မဲ့ဆောက်သို့ လာရောက်အလုပ် လုပ်ကိုင်သော ဒုက္ခရောက် မြန်မာပြည်သူ/သားများ အတွက် ပြည်သူ့စေတနာ့ ၀န်ထမ်းအသင်း ချမှတ်ထား သော အခမဲ့ အလုပ်ရှာပေးခြင်း၊ ရှေ့ဆက်မည့် ခရီးလမ်းကို ပို့ဆောင်ပေးခြင်း၊ (၇)ရက် ယာယီတည်းခို စားသောက် နေထိုင်ခွင့် ဖြင့် လက်ခံ ကူညီခဲ့ပါသည်။
စေတနာဝန်းထမ်းအသင်းမှဖော်ပြသည်။
April 4, 2012

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...