ဧဒင်အချစ်ပုံပြင်: သူယုတ်များအား မယုံမှားစေလို

Thursday 5 April 2012

သူယုတ်များအား မယုံမှားစေလို

(၈.၃.၂၀၁၂)ရက်နေ့ည(၇)နာရီခန့်တွင်ထိုင်းနိုင်ငံမဲဆောက်မြို့ကွင်းပိုင်းဗလီ အနီးတွင်နေထိုင်သော
 မောင်ကျော်စွာလင်း အသက် (၂၁) နှစ်သည် မိမိ၏နေအိမ်တွင်းသို့တရားမဝင် ဝင်ရောက်ရှာဖွေပြီးမိမိ၏ ဇနီးဖြစ်သူ မ မြတ်နိုးသူနှင့်မသန္တာတို့အားတည်းခိုခန်းသို့ခေါ်ဆောင်ကာသားမယားအဖြစ်ပြုကျင့်ခဲ့သော
အမှုကိုကူညီဖြေရှင်းပေးပါရန် PVA ရုံးသို့ လာရောက်တိုင်ကြား ခဲ့ပါသည်။
ဖြစ်စဉ်မှာ(၁၉.၂.၂၀၁၂)ရက်နေ့ည(၁)နာရီခန့်ကမမြတ်နိုးသူ နေထိုင်မကောင်းဖြစ်နေပါသဖြင့်ခင်ပွန်းဖြစ်သူ
ကျော်စွာလင်းနှင့်မသန္တာတို့သည်7elevenstoreဆိုင်သို့စားစရာများနှင့်ဆေးဝါးများသွားရောက်ဝယ်ယူနေစဉ်
တွင်အမည်မသိလူသုံးဦးအိမ်အတွင်းသို့ရှမ်းစကားများပြော၍ ဝင်ရောက်လာခဲ့ပါသည်။၎င်းတို့ကသူတို့သည်
ထောက်လှမ်းရေးကဖြစ်ကြောင်းနှင့်မြင်းဆေးများသတင်းရ၍ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်းချိန်းချောက်
ပြောဆိုပြီးအိမ်အတွင်းသို့မွှေနှောက်ရှာဖွေခဲ့ကာပိုက်ဆံအိတ်ထဲမှဘတ်ငွေ(၂၇၀၀)နှင့်ခေါင်းအုံးအောက်တွင်
သိမ်းထားသောဘတ်ငွေ(၂၈၀၀)ပေါင်းဘတ်ငွေ(၅၅၀၀)နှင့်အပေါင်ခံထားသောတယ်လီးဖုန်းတစ်လုံးမြတ်နိုးသူ
ကိုင်ဆောင်သောတယ်လီဖုန်း တစ်လုံးပေါင်း(၂)လုံးကိုသိမ်းယူ ခဲ့ပါသည်။ ထိုနောက်မြတ်နိုးသူ အား
 တစ်ကိုယ်လုံးချွတ်ခိုင်းပြီးပိန်ပိန်နှင့်လူတစ်ယောက်မှရှာဖွေသည်ဟုအကြောင်းပြ၍တကိုယ်လုံးအနှံ
ကိုင်တွယ်ပြီးမှအင်္ကျီ အဝတ်အစား များပြန်ဝတ်ခိုင်းစေပါသည်။ထိုအချိန်တွင် မောင်ကျော်စွာလင်း
 နှင့် မသန္တာ ပြန်ရောက်လာရာ၎င်းလူသုံးဦးထဲမှဝဝနှင့်တစ်ယောက်ကမောင်ကျော်စွာလင်းအား
ကြက်သွန်လှီးသောဓါးဖြင့်ထောက်ကာမောင်ကျော်စွာ၏လက်ကိုလိမ်ကြမ်းပြင်ပေါ်၌မှောက်ခိုင်းထားပြီး 
 ပါလာသောတယ်လီဖုန်းတစ်လုံးနှင့် ဘတ်ငွေ (၉၆၀)ကို ထပ်မံ သိမ်းယူလိုက်ပါသည်။မသန္တာအားလည်း မမြတ်နိုးသူအားပြုသကဲ့သို့တစ်ကိုယ်လုံး ချွတ်ရှာဖွေပြီး မသန္တာ၏ တယ်လီဖုန်းကိုပါသိမ်းယူခဲ့ပါသည်။
ထို့နောက်မာင်ကျော်စွာလင်းအားပိန်ပိန်နှင့်လူတစ်ယောက်က ဓါးဖြင့်ထောက်ခါ စောင့်နေခဲ့ပြီး မြတ်နိုးသူ
နှင့် မသန္တာ အားဆီးစစ်မည် ဟု ဆိုကာ ကျန်လူ နှစ်ဦးမှ ခေါ်ဆောင်သွားခဲ့ပါသည်။ အခန်းတွင် ကျန်ရစ်သော မောင်ကျော်စွာလင်းသည်အလစ်အငိုက်တွင်၎င်းအားစောင့်သောသူ၏မျက်နာအားလက်သီးဖြင့်
ထိုးကာထွက်ပြေးခဲ့ပြီးသူငယ်ချင်းများထံအကျိုးအကြောင်းပြောပြကာအကူညီတောင်းခဲ့သော်လည်းမမြတ်နိုးသူ
တို့အားအဆက်အသွယ်မရခဲ့ပါ။မနက်မိုးလင်းခါမှ မောင်ကျော်စွာလင်း၏ သူငယ်ချင်းထံသို့ မမြတ်နိုးသူမှ
ဖုန်းဆက် လာပါသည်။ ညက ခေါ်ဆောင်သွားသောသူများမှာ ရဲမဟုတ်ကြောင်း မမြတ်နိုးသူနှင့် မသန္တာတို့အား တည်းခို ခန်းတစ်ခုသို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားပြီး ဝဝနှင့်လူက မသန္တာအား၎င်း ပိန်ပိန်ပါးပါးနှင့်လူက မမြတ်နိုးသူအား၎င်း အခန်းတစ်ခန်းစီသို့ ခေါ်ဆောင်ကာ သားမယား အဖြစ်ပြုကျင့်ခဲ့ပြီး မမြတ်နိုးသူ အားသားမယားအဖြစ်ပြုကျင့်ခဲ့သူမှာ၎င်းအပြင်တည်းခိုးခန်းမှတခြားလူတစ်ဦးပါခေါ်ကာမမြတ်နိုးသူအားသားမယားအဖြစ်ပြုကျင့်စေခဲ့ပါသည်။၎င်းရဲအတုယောင်ဆောင်သူ
များကတစုံတရာတိုင်တန်းခြင်းပြုခဲ့ပါကလာရောက်သတ်ပြစ်မည်ဖြစ်ကြောင်းလည်း ချိန်းချောက်ခဲ့ကြောင်း
သိရှိရပါသည်။
ဤသို့လူမဆန်ပဲမြေနိမ့်ရာလှံစိုက်တတ်သောအခွင့်အရေးသမားများကိုရှာဖွေဖော်ထုတ်အရေးယူနိုင်စေခြင်း
အလို့ငှာPVA သည် ထိုင်းနိုင်ငံရဲတပ်ဖွဲ့များ၏ အကူအညီပါရယူ စုံစမ်းလျှက်ရှိပါသည်။
April 4, 2012

1 comment:

  1. အမှုမှန်မြန်မြန်ပေါ်ပါစေဗျာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...