ဧဒင်အချစ်ပုံပြင်: လူငယ် ဖီလင် အပြည့်နဲ့ သင်္ကြန်ကို ရင်ခုန် တတ်ပါတယ် ဆိုသူ ဥာဏ်လင်းအောင်

Thursday, 5 April 2012

လူငယ် ဖီလင် အပြည့်နဲ့ သင်္ကြန်ကို ရင်ခုန် တတ်ပါတယ် ဆိုသူ ဥာဏ်လင်းအောင်

လူငယ် ဖီလင် အပြည့်နဲ့ သင်္ကြန်ကို ရင်ခုန် တတ်ပါတယ် ဆိုသူ ဥာဏ်လင်းအောင်မေး-ဥာဏ်လင်းအောင် ဒီနှစ် ဘယ် မှာ သင်္ကြန်ကျ မလဲ။
ဖြေ-ရန်ကုန်မှာပဲပေါ့။ ပရိသတ်ကို သီချင်းတွေ ဖျော်ဖြေပေးမှာပေါ့ဗျာ။
မေး-လူငယ် တစ်ယောက်ဖြစ်တဲ့ ဥာဏ်လင်းအောင်ရဲ့သင်္ကြန်ဖီလင်က။
ဖြေ- ပျော်ပါတယ်။ လူငယ်ဆိုတော့ လူငယ်ဖီလင်အပြည့်နဲ့ သင်္ကြန်ကို ရင်ခုန် တတ်ပါတယ်။
မေး- အနုပညာရှင် ဖြစ်လာတော့၊ ပရိသတ်အတွက်ဖျော်ဖြေရင်းသင်္ကြန် ရက်တွေကိုဖြတ်သန်းရတော့ အပြင် လူငယ်တစ်ယောက်စိတ်နဲ့ ပြန်ကြည့် ရင် မွန်းကျပ်သွားမလား။
ဖြေ- မဖြစ်ပါဘူး။ အဆိုတော်က ကျွန် တော်ဖြစ်ချင်တဲ့ဘဝပဲဟာ။ မမွန်းကျပ်ပါ ဘူး။
သီချင်းဆိုနေရင်းနဲ့လည်း ပျော်နေ တာပါပဲ။
မေး- သင်္ကြန်ကျော်ရင် ဒုတိယ Album ထွက်တော့မယ်ကြားတယ်။
ဖြေ- ဟုတ်ကဲ့ခင်ဗျ။ (၇)လပိုင်းသို့မဟုတ် (၈)လပိုင်းလောက်ထွက်ဖို့ မှန်းထားပါ တယ်။ အဲဒီAlbum ကိုလည်း ICနဲ့ တီး ထားတာပါ။
မေး- ဒါဆိုသင်္ကြန်မှာ အဲဒီ Album က သီချင်အသစ်တွေ ကိုမိတ်ဆက်ဆိုပြဦးမလား။
ဖြေ- ဟင့်အင်း။ မဆိုပြ တော့ပါဘူး။
မေး- ဘာကြောင့်ပါလဲ။
ဖြေ- ခွေမထွက်ခင်မှာ မဆိုသေးပါဘူး။ နည်း နည်း လျှို့ဝှက်ထား ချင်လို့ပါ။ (ရယ် လျက်)ခွေထွက် မှပဲနား ထောင်စေချင်လို့ပါပဲ။ဒါကြောင့်ကျွန်တော် သင်္ကြန်မှာ ပထမခွေက သီချင်းတွေပဲ ဆိုဖြစ်မှာပါ။
မေး-- ဒုတိယAlbum မှာ သီချင်း တွေက ဘယ်လိုပုံစံတွေလဲ။
ဖြေ- ပုံစံစုံပါပဲ။ အစုံမျှပြီး ထည့်ထား ပါတယ်။ ဪသာ်---အဲဒီမှာလည်း သူငယ်ချင်းနဲ့ပတ်သက်တဲ့ သီချင်းတစ် ပုဒ်ပါ သေးတယ်။ ပထမသီချင်း ရဲ့ အဆက်လိုဖြစ်ရအောင် ထည့်ထားတာ ပါ။ သီချင်းလေးက ကောင်းလည်း ကောင်းပါတယ်။
မေး- ပထမAlbum က သူငယ်ချင်း ကအရမ်းပေါက်ခဲ့တော့၊ အခုဒုတိယ Album ကသူငယ်ချင်းကိုရောပေါက် မယ်လို့ မှန်းထားပါသလား။
ဖြေ- ပထမသီချင်းတုန်းကလည်း ကျွန် တော်မမှန်းထားခဲ့ပါဘူး။ သူ့ဘာသာသူ ပေါက်သွားတာပါ။ ခုလည်း မမှန်းထား ပါဘူး။ ပေါက်ရင် ပေါက်မယ်။ မပေါက် ရင် မပေါက်ဘူးပေါ့။ ကံအတိုင်းပါပဲ။
မေး-ခုဆိုရင် ဥာဏ်လင်းအောင်ကို လူသိလာတာနဲ့အမျှ မီဒီယာတွေ အတွက်လည်းအချိန်အတော်ပေးလာ ရမှာပဲနော်။
ဖြေ-ဟုတ်ကဲ့ပါ။ မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ အတွက် ကျွန်တော်ဓာတ်ပုံတွေ ရိုက်ပေး ဖြစ်နေပါတယ်။ တတ်နိုင်သမျှ အချိန် ပေးပါတယ်။
မေး-ဓာတ်ပုံအရိုက် များလာတာနဲ့ အမျှ၊ အိုက်တင်တွေရောတော်တော် ရလာပြီလား။
ဖြေ- ပို့စ်တွေတော့ သိပ်မရသေးပါဘူး။ ဒါပေမယ့် ကင်မရာနဲ့တော့ မစိမ်းတော့ ပါဘူး။ နည်းနည်းရဲလာပါပြီ။ (ရယ်လျက်)
မေး-ဖက်ရှင်နဲ့ပတ်သက်တဲ့ ပြင်ဆင် မှုတွေကရော။
ဖြေ- အထွေအထူးမရှိပါဘူး။ သီချင်း ဆိုမယ်ဆိုလည်း ဆိုမယ့်အလျောက်၊ ဓာတ်ပုံရိုက်မယ်ဆိုလည်း ရိုက်မယ့် အလျောက်ပေါ့။ ကိုယ်လုပ်ရမယ့် အနု ပညာခေါင်းစဉ်နဲ့ လိုက်ဖက်အောင်တော့ ပြင်ဆင်ပါတယ်။ ဒီလောက်ပါပဲ။
မေး- ဟုတ်ပါပြီ။ သင်္ကြန်ရောက် တော့မယ်ဆိုတော့ နှစ်သစ်အတွက် ကြိုတင် ဆုတောင်းစကားလေးပါး လိုက်ပါဦး။
 ဖြေ- ဟုတ်ကဲ့။ နှစ်သစ်မှာ လူတိုင်း စိတ် ညစ်စရာတွေ ကင်းဝေးပြီး အစစ အရာရာ အဆင်ပြေကြပါစေဗျာ။
ဇင်ဖြူပြာမြင့်
မန္တလေးအာရုဏ်ဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...