ဧဒင်အချစ်ပုံပြင်: ပရိသတ်ကို မျက်လှည့် ပြတတ်တဲ့ ကြက်ဖ

Thursday, 5 April 2012

ပရိသတ်ကို မျက်လှည့် ပြတတ်တဲ့ ကြက်ဖ

ပရိသတ်ကို မျက်လှည့် ပြတတ်တဲ့ ကြက်ဖတစ်ခါတလေမှာ အနုပညာအလုပ် တွေ ဆက်တိုက် လုပ်လိုက်၊ တစ်ခါ တ လေမှာ ပျောက်သွား လိုက်နဲ့ ပရိသတ်ကို မျက်လှည့်တွေပြ တတ်တဲ့ အနုပညာ ရှင်တွေ ထဲမှာ ကြက်ဖလည်းအပါအဝင်ပါ။
တစ် ခါတလေ ပရိသတ်မြင်ကွင်းကနေ ပျောက်သွားတတ်တဲ့ကြက်ဖကို အနုပ ညာခြေလှမ်းနှေးသွားတတ်တာ ဘာ ကြောင့်လဲလို့မေးတိုင်း ကြက်ဖက 'ခြေ လှမ်းနှေးတာ ခြေထောက်ညောင်းလို့ ပါ'လို့ ရယ်ကျဲကျဲနဲ့အဖြေပေးတတ်ပါ တယ်။ ဟိုတလောက ကြက်ဖတစ် ယောက်
အငြိမ့်လူရွှင်တော်အဖြစ်ပါဝင် ခဲ့တယ်။ ဇာတ်ကားတွေလည်း ရိုက်ဖြစ် ခဲ့တယ်။ ရှိုးပွဲတွေမှာလည်း သီချင်းတွေ ဆိုဖြစ်နေတဲ့ကြက်ဖက ခုတလောမှာ အ နုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်နေ တယ်လို့တက်ြွကစွာ အဖြေပေးလာခဲ့ဖူး ပါတယ်။ ကြက်ဖ အဖြေ ကို နားထောင် ရင်း ဘယ်အ ချိန်မှာကြက် ဖ တစ် ယောက် အနု ပညာ ခြေလှမ်းပြန်နှေးလေ ဦးမလဲ ဆိုပြီး သူ့ပရိသတ်ကိုယ်စားသိချင် နေမိ ပါတယ်။
လတ်တလောမှာ ကြက်ဖရဲ့ အနုပညာလှုပ်ရှားမှုတွေ အေးနေတယ် လို့ သတိထားမိတဲ့အချိန်မှာပဲ ကြက်ဖနဲ့ တွေ့တော့ 'အခုအေးဆေးပဲ။ ဘာမှသိပ် မရှိပါဘူး။ ရှိုးလည်း မဆိုဖြစ်ဘူးဖြစ်နေ တယ်။ သီချင်းတွေပဲ ထိုင်ရေးဖြစ်နေတာ ပေါ့။ သင်္ကြန် အစီအစဉ်တွေကတော့ ဘာမှတိတိကျကျမသိသေးပါဘူး။ ဒီလို ပါပဲ။ ရန်ကုန်မှာပဲရှိမှာပါ'လို့ အဖြေပေး လာခဲ့ပါတယ်။
ဇင်ဖြူပြာမြင့်
မန္တလေးအာရုဏ်ဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...