ရှမ်းပြည်နယ်(အရှေ့ ပိုင်း) မိုင်းခတ်မြို့၊
မိုင်းနုန်းကျေးရွာတွင် တန်ခိုးကြီး နှီးဘုရားတစ်ဆူအား မြန်မာသက္ကရာဇ်(၇၀၀)
ပြည့်နှစ်တွင် တည်ထားပူဇော် ကိုးကွယ်ထားရှိခဲ့ရာ သက်တန်းအားဖြင့် (၆၇၀)ကျော်လွန်ခဲ့ပြီဖြစ်ပါသည်။
ထိုအချိန်က မိုင်းခတ်မြို့ နယ်တွင် ရွာကြီး (၄၂)ရွာနှင့်
ရွာငယ်(၃)ရွာစုစုပေါင်း (၄၅)ရွာရှိပြီး န၀င်းကြေသော ကျေးရွာ
အုပ်စုဟုခေါ်ဆိုခဲ့ကြပါသည်။
မိုင်းခတ်မြို့ကို ထိုအချိန်က မြို့စားကြီးဦးခမ်းရှဲန်မှ
အုပ်ချုပ်ကြောင်း၊ မြို့စားကြီး၏ လက်အောက်တွင် အမတ် (၂)ဦး
ခန့်ထားကြောင်း၊ မိုင်းခတ်မြို့ နယ်ရှိ ရွာများအနက် ပါကန်ရွာတွင်
မိုင်းနုန်းတစ်နယ်လုံးမှ လေးစားကြည်ညိုရသော မဟာထေရ်ဥပါလန် ဟူသော
ဆရာတော်ကြီးသီတင်းသုံးနေထိုင်တော်မူကြောင်း၊
ဆရာတော်ကြီးသည် ဈာန်ရရုံမျှမက သတ္တ၀ါအားလုံး၏ စကားကိုလည်း
နားလည်တတ်မြောက်တော်မူကြောင်း ဆရာတော်ကြီး၏သီလ၊သမာဓိ၊ပညာ တို့ကြောင့် နတ်၊
သိကြားများပင် လာရောက်ဖူးမျှော်ကြည်ညို
ကြကြောင်း၊ ဆရာတော်ကြီးသည် သက်တော် (၁၅၂)၊ ၀ါတော် (၁၀၅)၀ါ၌ ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
မဟာထေရ်ဥပါလန်ဆရာတော်ကြီး
သက်တော် (၅၈)နှစ်တွင် တစ်ညသောအခါ၌ အိပ်မက်တစ်ခု မြင်မက်ကြောင်း၊
အပ်မက်ထဲတွင် မြန်မာနိုင်ငံ၌ ရွှေ ငွေ၊ ကြေး စသော သတ္တုများ သစ်သားများဖြင့်
ပူဇော်ထားရှိသော ရုပ်ပွားတော်များရှိသော်လည်း ၀ါးနှီးဖြင့်
ပြုလုပ်ပူဇော်ထားသော ရုပ်ပွားတော် မရှိသေးကြောင်း၊ နှီးဖြင့် ရက်လုပ်သော
ရုပ်ပွားတော် တဆူ ပြုလုပ်ကိုးကွယ်ပေးရန်
သိကြားမင်းက ဆရာတော်ဘုရားကြီးအား လာရောက် လျှောက်ထားတောင်းပန်ကြောင်း အပ်မက်မြင်မက်သည်ဟု ဆိုလေသည်။
နောက်တစ်နေ့နံနက်တွင်ဆရာတော်ဘုရားကြီးသည်မြို့စားကြီးနှင့်အမတ်နှစ်ဦးအားခေါ်ယူ၍ အပ်မက် အကြောင်းကိုပြောပြ
ကာ
နှီးဖြင့်ပြုလုပ်သောရုပ်ပွားတော်တစ်ဆူပြုလုပ်လိုကြောင်းတိုင်ပင်လေသည်။
မြို့ စားမင်းလည်းသဘောတူလေသည်။ုပ်ပွါးတော်မြတ်
ရက်လုပ်ရန်ဝါးခုတ်ရာတွင်လူပျို၊အပျိုစစ်စစ်မျာ ဖြစ်ရန် လိုကြောင်း
အပျိုလူပျို များအနက်မှ ရွှေ(ခမ်း)၊ငွေ(ငင်း)၊ ကျောက်(ကျောက်မျက်
ရတနာ)၊(ရှဲန်) အမည်ရှိသူများကို ရွေးချယ်ပေးရန်လိုကြောင်း ဆရာတော်ကြီးမှ
ပြောကြားသဖြင့် သေချာစွာ ရွေးချယ်၍ ထိုနှစ်နတ်တော် လဆန်း (၈)ရက်နေ့တွင်
စတင် ၀ါးခုတ်လေသည်။
နတ်တော်လပြည့်ကျော် (၈)ရက်နေ့တွင် နှီးဖြာမည့်သူအားလုံး ဆရာတော်ကြီးထံ ငါးပါးသီလ ခံယူပြီးမှ နှီးများ စတင်
ဖြာကြကြောင်း၊ နှီးဖြာ၍ ရုပ်ပွားတော် မရက်လုပ်မီ နှီးများမခြောက်သွေ့စေရန်နှင့် ကြာရှည်ခံရန်၊ ပိုးမထိုးရန်အတွက် ရေစိမ်ကြကြောင်း
၊ရေကန်တူးပြီး
ရေစိမ်ရန် သဘောတူကြကြောင်း၊ ရေကန်ထဲသို့ နမ့်နုံးချောင်းမှ ရေခပ်ထည့်
မည်ဖြစ် သဖြင့် သန့်ရှင်းစင်ကြယ်သောရေရ ရှိရန် မြို့စားကြီးက
မည်သူတစ်ယောက်မျှ ချောင်းထဲတွင် ရေမချိုး၊ အ၀တ်မလျှော် ရဟု အမိန့်ထုတ်
ထားကြောင်း၊ နတ်တော်လကွယ်နေ့မှ စ၍ မိုးသည်းထန်စွာရွာသွန်းသဖြင့်
နှီးစိမ်သောကန်မှာ နမ့်နှံးချောင်းရေများဖြင့် လျှံ တက်
ဖုံးလွမ်းနေကြောင်း၊ ရွာသားများကနှီးများရေ
ချောင်းထဲသိုမျှောပါသွားပြီဟု ထင်မှတ်ကြကြောင်း၊ ထည့်ထားသော နှီးများမျောပါမသွားသည့် အပြင်ငါး၊ လိပ်၊ ပုဖွန် များစသော ရေနေ
သတ္တ၀ါများ
မြူးတူးပျော်ပါးနေသည်ကို တွေ့ရှိရကြောင်း၊ ပြာသိုလဆန်း
(၈)ရက်နေ့မှစတင်၍နှီးဘုရားကိုယ်တော်မြတ်ကြီးကို စတင် ရက်လုပ်ကြကြောင်း၊
နှီးများဆည်ယူကြသောအခါ၊ ရေသတ္တ၀ါများမရှိကြတော့ကြောင်း၊ရွာသားများက
ဆရာတော်ကြီးအား လျှောက်တင်
ကြရာဆရာတော်မှ နတ်၊ သိကြားများလာရောက် ပူဇော်ကြခြင်းဖြစ်သည်ဟု မိန့်တော်မူကြောင်း။
ပြာသိုလဆန်း (၁၁)ရက်နေ့တွင် နှီးဘုရားရက်လုပ်နေသည့် နေရာသို့ ၀တ်ဖြူစင်ကြယ်ဝတ်ပြီး တောင်ဝှေးနှင့်ပုခုံးပေါ်တွင်
တောင်း
(၂)လုံးကို ထမ်းလာသော အဘိုအိုတစ်ယောက် ရောက်ရှိလာကြောင်း၊ထိုအဘိုးအို
ဘယ်အရပ်မှ လာရောက်သည်ကို မသိကြပါ။ ရွာသားများက အဘိုအို နှီးရက်လုပ်သည်ကို
တတ်ကျွမ်းပါသလား၊ ကူညီရက်လုပ်ပေးနိုင်မလားဟု မေးမြန်းလေသည်။ အဘိုအိုလည်း
ကူညီရက်လုပ်ပေးခဲ့သည်။ အဘိုးအို၏ ထူးခြားချက်မှာ ရွာသားများ၊
နှီးဘုရားရက်လုပ်၍ ထမင်းစားချိန်တွင် တစ်နေရာသို့ ထွက်ခွာသွား ပြီး
လုပ်ငန်းပြီးဆုံးချိန်တွင်လည်း ပျောက်ဆုံးနေတတ်ကြောင်း၊ ဤသို့ဖြင့်
နှီးဘုရားကိုယ်တော်မြတ်ကြီး၏ မျက်နှာတော်ကို ရက်လုပ်ခဲ့ကြ
မနက်မိုးသောက်သောအခါ
မြို့စားကြီးနှင့် အမတ်တို့ရောက်ရှိလာပြီး.... ဘုရားကြီးမှာ ကြည်ညိုဘွယ်ရာ
အချိုးအဆစ်ပြေပြစ်တင့် တယ်လှ သဖြင့် မြို့စားကြီးကအတိုင်းမသိ
ကြည်နူးဝမ်းမြောက်ပီတိဖြစ်၍အဘိုအိုကြီးအား ထိုက်ထိုက်တန်တန် ကန်တော့ရန်
ရှာဖွေ ခိုင်းလေသည်။
ရွာအားလုံးနီးပါး ရှာသော်လည်း မတွေ့ရှိကြောင်း၊ ဆရာတော်ကြီးက
နှီးဘုရားရက်လုပ်ခြင်းကို နတ်၊ သိကြားများက အဘိုးအိုယောင်ဆောင်၍
လာရောက်ကူညီရက်လုပ်ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ရာ တစ်နယ်လုံး
အံ့သြ၀မ်းမြောက်ခြင်းဖြင့်..သာဓု
အနုမောဒနာပြုကြကြောင်း။
နှီးဘုရားကိုယ်တော်မြတ်ကြီးကို ရှမ်းဘာသာဖြင့်(ဖကျောက်အင်းဆန်) ဟု
ခေါ်ဆိုကြောင်း၊ ဖကျောက် (ဘုရား)၊ အင်း (သိကြားမင်း) ဆန် (ရက်လုပ်တာ)၊
ဒါကြောင့် မြန်မာလို သိကြားမင်းရက်လုပ်သောဘုရားဟု ခေါ်ကြကြောင်း၊နှီးဘုရားရုပ်ပွားတော် သီတင်းသုံးရာဌာနသည်
ရှမ်း/အရှေ့၊ ကျိုင်းတုံမြို့နယ်၏ မြောက်ဘက် (၅၁)မိုင်အကွာတွင် တည်ရှိပြီး
မိုင်းခတ်မြို့နယ်၏ အနောက်မြောက် ဘက် (၇)မိုင် အကွာ၊
မိုင်းနုန်းကျေးရွာတွင် တည်ရှိပါသည်။
ပုံတော်အနေအထားမှာ
အဘယ-၀ရဒမုဒြာရုပ်ပွါးတော်ဖြစ်ပြီး
ညဏ်တော်အမြင့်မှာ (၉)တောင်၊ တင်ပြင်ခွေနှစ်ဖက် အကွာအဝေးမှာ
(၆)တောင်ရှိပြီး၊ မျက်လွှာတော်ချထားသောပုံတော် ဖြစ်ပါသည်။
နှီးဘုရား ရုပ်ပွါးတော်မြတ်၏ ထူးခြားချက်မှာ
(၁)
ဂျပန်ခေတ် ကျိုင်းတုံစော်ဘွား၏ ပုလိပ်အမှုထမ်းတစ်ဦးသည် ဘုရားဝတ်တက်ပြီး
ဆီမီးပူဇော်စဉ် မီးလောင်နေရာ မည်သူမှ မသိကြဘဲ မိုးချိန်းသံ၊
မိုးကြိုးပစ်သံကြားမှ ရွာသားများ ထွက်၍ကြည့်ရာဘုရားကြီးအနီးတစ်ဝိုက်၌
မိုးသည်းသန်စွာရွာနေသည်ကို ထူးခြားစွာ တွေ့မြင်
နေရ ပါသည်။
(၂) ကာကွယ်ရေးရှမ်းခေါင်းဆောင်အဖွဲ့မှ ကင်မရာ (၅)လုံး (၆)လုံးဖြင့် ဘုးရားကြီးအား ဓါတ်ပုံရိုက်ကြရာ တစ်ပုံမှ မထင်ဘဲဖြစ်နေသည်ကို
တွေ့ခဲ့ရသည်။ဆရာတော်မှ အလှူငွေရှာရန်အတွက် ခွင့်တောင်းမှ ပုံတော် မြင်ခဲ့ရပါသည်။
(၃)မိသားစုတစ်စုသည် အလှူဖွယ်အစုစုတို့ကို ဘုရားကြီးအားလှူဒါန်းပြီး ဘုရားကြီး၌ ရှိသော ရေခွက်ဖြင့်ရေစက်ချရာ ရေများ အောက်သို့
မကျဘဲ အံ့သြစွာ တွေ့ရပေသည်။ လှူဒါန်းသော အရာများ မစင်ကြယ်သဖြင့် ဤသို့ဖြစ်သည်ဟု ဆိုကြပါသည်။
(၄)
မိုင်းခတ်မြို့နယ်မှ ၀န်ထမ်းတစ်ဦး၏ ဇနီးသည် ဘုရားကြီးအား လာရောက်ဖူးရာ
မည့်သည့်အကြောင်းများကြောင့်မသိ ပုံတော်ကို မမြင် ရဘဲ ရှိနေသည်ဟု ဆိုပါသည်။
(၅)
ဘုရားကြီး၏ ပလင်တော်အား ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက်
အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြသော်လည်း မူလ စတင် တည်ဆောက်စဉ်က ပုံထက်
ပိုမိုပြုပြင်၍ မရသည်မှာ ထူးခြားအံဖွယ်အဖြစ် ထင်ရှားသော
သာဓကတစ်ရပ်ပင်ဖြစ်ပါကြောင်းနှင့် ကုသိုလ် ပွါးနိုင်ကြပါစေကြောင်း
ခင်ဗျား......
(Eastern Shan State ( Keng Tung ) ဘလော့မှ မှီငြမ်းပူဇော်ပါသည်)။
No comments:
Post a Comment