ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်

ချီလီနိုင်ငံက ရေကူးကန်ကြီးတခုဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အနက်ဆုံး ရေကူးကန်ကြီးအဖြစ် ဂင်းနစ်စံချိန် တင်ခဲ့ပါတယ်။ဆက်လက်ကြည့်သွားနိုင်ပါတယ်နော်....

ချီလီ နိုင်ငံ၊ Algarrobo မြို့က ပစ္ဆိဖိတ် ကမ်းခြေမှာ တည်ဆောက်ထားတဲ့ San Alfonso del Mar အမည်ရ ရေကူးကန်ကြီး ဟာ ပင်လယ်၊ သမုဒ္ဒရာလား ထင်မှတ်မှားနိုင်ပါတယ်။ ရွက်လှေတွေ၊ မော်တော် ဘုတ်တွေ စီးပြီး အနားယူအပန်းဖြေဖို့ အတွက် တကယ့်ကို ပင်လယ်သမုဒ္ဒရာလို ခံစားရနိုင်ပါတယ်တဲ့။

ရေဂါလန်ပေါင်း ၆၆ သန်း ဖြည့်သွင်းရတဲ့ ဒီရေကူးကန်ကြီးဟာ ပစ္ဆိဖိတ် သမုဒ္ဒရာထဲက ရေတွေကို သန့်စင် သွင်းထုတ်ဖို့ ကွန်ပျူတာ စနစ်တွေသုံးပြီး စီမံထားတာဖြစ်သလို ဒီရေကူးကန်ကြီးကို ၅ နှစ်တာ အချိန်ယူ တည်ဆောက်ခဲ့ပြီး ကုန်ကျ စာရိတ်ကတော့ အမေရိကန်ဒေါ်လ ၁.၅ ဘီလျံတောင် ရှိခဲ့ပါတယ်။

ဧက ၂၀ ကျယ်ဝန်းတဲ့ ရေကူးကန်ကြီဟာ အိုလံပစ်ရေကူးကန်ပေါင်း ၂၀ ပေါင်းလိုက်တာနဲ့ ညီမျှပြီး အနက်ဆုံးနေရာက ၁၁၅ ပေရှိပါတယ်။ တနှစ်ကို ထိမ်းသိမ်းပြုပြင်စာရိတ်က အမေရိကန် ဒေါ်လာ ၂.၇ သန်းလောက် ကုန်ပါတယ်တဲ့။

တကယ့် အံ့ဘွယ် ရေးကူးကန်ကြီးတခုဖြစ်ပါတယ်။





No comments:
Post a Comment