ဧဒင်အချစ်ပုံပြင်: ဗိုလ်သန်းရွှေတို့ နာမည်တွေကို အသုံးချနေတယ်

Thursday 3 May 2012

ဗိုလ်သန်းရွှေတို့ နာမည်တွေကို အသုံးချနေတယ်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သူ့မြေး ဖိုးလပြည့် နဲ့ ပါဝါကြီးတယ်လို့ ယူဆရသူများရဲ့ နာမည်ကို သုံးပြီး AA Medical Products Ltd က ဗိုလ်ကျ အနိုင်ကျင့်နေတယ် တဲ့။ ဧရာဝတီကို ရောက်လာတဲ့ စာတစောင်ကို ဖော်ပြလိုက်ပါတယ်။

(AA က အွန်လိုင်းမှာတော့ နာမည်ကြီးပါပဲ။ http://www.demowaiyan.org/2011/07/blog-post_4191.html မှာ ဖော်ပြထားချက်အရဆိုရင် ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ ပြည်မြန်မာကုန်တိုက်က ဆိုင်ခန်းတွေကို အပိုင်စီးမှုဟာ AA ရဲ့ လက်ချက်လို့ ဆိုပါတယ်။)

မပြောင်းလဲသေးတဲ့ တရားစီရင်ရေး

အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ လာဘ်စားမှုတွေဟာ ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုးတွေဖြစ်နေလို့ နိုင်ငံတော်တည် ဆောက်ရေးမှာ အတားအဆီးအနှောက်အယှက် တွေဖြစ်နေတာကြောင့် ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးနေပါတယ်လို့ သမ္မတကြီးပြောသွားခဲ့တာကို နားထောင်လိုက်ရပါတယ်။ သမ္မတကြီးက အရေးယူနေတယ် လို့ပြောနေပေမဲ့လည်း အဂတိလိုက်စားမှုတွေ လာဘ်စားမှုတွေ မတရားမှုများရှိနေပါတယ်ဆိုတာ သမ္မတကြီးနှင့် အများပြည်သူအား သိစေချင်ပါတယ်။

ရန်ကုန်မြို့လယ်မှာရှိတဲ့ AA Medical Products ကုမ္ပဏီဟာ ရဲစခန်းများ၊ တရားသူကြီးများကို ငွေပေးလာဘ်ထိုးပြီး ကုမ္ပဏီမှ ဆေးတဆင့်ရောင်းချသည့် ကိုယ်စားလှယ်များကို ၄င်းတို့စိတ်ကြိုက်အမှုဆင်ကာ တရားစွဲအမှုဖွင့်ပါတယ်။ အမှုနှင့်မသက်ဆိုင်သည့် ပုဒ်မဖြင့် ဆေးတဆင့်ရောင်းချသူတွေကို မတရားငွေညှစ်ပါတယ်။ ငွေပေးသော်လည်း နောက်ထပ်အမှုမျိုးမျိုးတပ်ကာ ရဲစခန်းမှုးများ တရားသူကြီးများနှင့် ပူးပေါင်းပြီး မတရားလုပ်နေတဲ့ AA Medical Products ကုမ္ပဏီ၏ လုပ်ရပ်များအား သမ္မတကြီးသိစေချင်ပါတယ်။

AA Medical Products မှ ဆေးဝါးများကို အကြွေးစနစ်ဖြင့်တစ်ဆင့် ၀ယ်ယူရောင်းချသူများကို ငွေပေးချေပြီးသော်လည်း စာရင်းဖျောက်ပြီး အပ်နှံပစ္စည်းအလွဲသုံးစားလုပ်ကြောင်းစွပ်စွဲကာ ရဲစခန်းများမှအာမခံမရဘဲ အချုပ်ခံရမည့်ပုဒ်မများဖြင့်တိုင်ကြားပါတယ်။ ဒီလိုမျိုးတိုင်ကြားရာမှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုး အောင်ဒိုင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှုးများကို ငွေသိန်းရာချီပေးညှိနှိုင်းပြီး လုပ်ကြံလီဆယ်ကာတရားစွဲဆိုတယ်လို့သိရပါတယ်။ တရားရုံးမှာလည်း အစိုးရရှေ့နေနဲ့ တရားသူကြီးများကို နိုင်ငံတော်မှအကြီးအကဲများအမည်သုံးကာ ငွေသိန်းရာချီပေးပြီး တရားခံကို နည်းမျိုးစုံခြိမ်းခြောက် မတရားငွေညှစ်ပါတယ်။

ထောင်ချမခံလိုပါက ငွေပေးခိုင်းပြီး ငွေရရှိချိန်တွင် ငွေရတန်ဖိုးမပြဘဲ ညှိနှိုင်းပြေလည်သွားကြောင်း အမှုရုတ်သိမ်းခွင့် တောင်းခံတာကို တရားရုံးကလည်း(ငွေယူထားခြင်းကြောင့်) မသိဟန်ဆောင်ကာ အမှုပိတ်ပေးခဲ့ပါတယ်။ ၄င်းကုမ္ပဏီမှ လုပ်ကြံဖန်တီး သည့် အမှုတစ်မှုဟာ အနည်းဆုံးသိန်းတစ်ထောင်ရှိပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ဆေးတဆင့်ရောင်းချသူများကို လီဆယ် အမှုဖွင့်ပြီး တောင်းယူခဲ့သောငွေပမာဏမှာ ကျပ်ငွေမှာ ကုဋေတစ်ထောင်ခန့်ရှိတယ်လို့သိရပါတယ်။

မတရားစွပ်စွဲခံရသည့်အမှုဖြစ်လို့ မလုပ်ပေးကြသည့် ရဲဝန်ထမ်းများနှင့် တရားသူကြီးများကို အထက်လူကြီးများသို့ မမှန်မကန် လိမ်လည်တိုင်ကြားကာ ဒုက္ခပေးပါတယ်။ လိမ်လည်တိုင်ကြားတာကို အထက်မှမသိရှိပဲ မတရားဖိအားပေးသည့်ဒဏ်ကို မခံနိုင်ကြသည့် ပန်းဘဲတန်းရဲစခန်းမှူး ဘုန်းကျော်ညွှန့် တရားသူကြီးဟောင်း ရှေ့နေဦးစိုးကြည်တို့ဟာ ကြိုးဆွဲချသေသည်အထိ ဖြစ်ခဲ့ရပါတယ်။

မတရားမှန်းသိသော်လည်း တိုင်ကြားအရေးယူနိုင်ခြင်းမရှိတဲ့အတွက် ဥပဒေမဲ့မတရားအနိုင်ကျင့်တဲ့ အလုပ်တွေကို ပိုလုပ်လာကြပါတယ်။ အဓိကလုပ်နေတဲ့သူများကတော့ ဦးမြတ်သင်းအောင်၊ ဦးဇော်မိုးခိုင်၊ ဒေါက်တာ ဒေါ်စောနေနွယ်၊ ကျော်ဇော်အောင်၊ ထွန်းလှဖြူ၊ ကျော်ကျော်စိုး တို့ဖြစ်ပါတယ်။ ကျော်ဇောအောင်မှ ယခင်ထောက်လှမ်းရေးပြုတ်ဖြစ်ပြီး ထွန်းလှဖြူ၊ ကျော်ကျော်စိုးတို့မှာ အကျင့်စာရိတ္တမကောင်းသည့်အတွက် စသုံးလုံးနှင့် ရဲတပ်ဖွဲ့မှ အရေးယူခဲ့လို့ ပြုတ်လာသူများဖြစ်ပါတယ်။

၎င်းတို့လုပ်ခဲ့တဲ့အကျင့်အတိုင်း ဒီလိုမျိုးမတရားလုပ်ကြံဖို့အတွက် ၀န်ထမ်းတွေကိုလည်း ခိုင်းစေပါတယ်။ ကုမ္ပဏီဝန်ထမ်း များထဲမှ အဆင်မပြေသော ခိုင်းတဲ့အတိုင်းမလုပ်နိုင်တဲ့ ၀န်ထမ်းတွေကိုလည်း လစာမပေးပဲ လပေါင်းများစွာ ဒုက္ခပေးပြီး အလုပ်သမားရုံး သို့တိုင်ကြားမှသာ အလုပ်သမားရုံးမှာ လစာထုတ်ပေးပါတယ်။ အလုပ်သမားရုံးတွင် လစာထုတ်ပြီး အပြန်မှာတော့ လစာလာထုတ်တဲ့ ၀န်ထမ်းကို ရဲနှင့်ဖမ်းခိုင်းပြီး အလွဲသုံးစားလုပ်မှု၊ ခိုးမှုဖြင့် အမှုအမျိုးမျိုးတပ်ကာ အချုပ်ထဲထည့် ဒုက္ခပေးသည့်နည်းဖြင့် လက်စားချေ သည်မှာ အလွန်ကြောက်စရာကောင်းလှပါတယ်။

ဒီလိုမျိုးဥပဒေကိုဂရုမစိုက်ပဲ ရဲစခန်းများ၊ တရားရုံးများကို ငွေပေးစည်းရုံးအသုံးချပြီး လူအများကို အချုပ်ထဲထည့် ငွေညစ်မှုများ လုပ်လာသဖြင့် ဆေးကုမ္ပဏီမှာ မာဖီးယားဂိုဏ်းလိုမျိုး တဖြည်းဖြည်းဆိုးရွားလာနေပါတယ်။ ရဲစခန်းများ၊ တရားရုံးများ၊ အစိုးရရှေ့နေ များမှာလည်း ငွေယူထားပြီး ယခင်အစိုးရလက်ထက်လူကြီးနာမည်များကို တွင်တွင်သုံးနေခြင်းကြောင့် အမှန်အတိုင်းမဆုံးဖြတ်ရဲဘဲ အပြစ်မရှိသူများငွေမပေးနိုင်လျှင် အချုပ်ကျထောင်ကျဖြစ်နေပါတယ်။ အပြစ်မရှိကြောင်းမှန်ကန်ပေမဲ့ ငွေကြေးအင်အား သြဇာအရှိန်အ၀ါ မရှိခြင်းကြောင့် မတရားလုပ်အနိုင်ကျင့်သူလူတစ်စုကို ကြောက်ရွံ့နေကြရပါတယ်။

ဒါကြောင့် AA Medical Products မားဖီးယားဂိုဏ်းကဲ့သို့အုပ်စုဖွဲ့ ဥပဒေမဲ့လုပ်ရပ်များကြောင့် ဆေးကိုယ်စားလှယ်များနှင့် ကုမ္ပဏီဝန်ထမ်းများ ၊ နိုင်ငံဝန်ထမ်းများ၊ ပြည်သူလူထုများဟာ ဒီမိုကရေစီအစိုးရလက်ထက်တွင် ဥပဒေရဲ့အကာအကွယ်ကို မရပဲ ငွေချမ်းသာသူ လုပ်ပိုင်ခွင့်ရှိသူများကို ကြောက်ရွံနေကြရတယ်ဆိုတာ နိုင်ငံတော်သမ္မတကြီးနှင့် ပြည်သူလူထုသိရှိအောင် တင်ပြလိုက် ရပါတယ်။
http://4.bp.blogspot.com/-C1w-HzeLkbQ/T6JMs6bcjYI/AAAAAAAAAGI/aeapqh9T0A8/s1600/0005.jpg
http://3.bp.blogspot.com/-xRSuoWy5pI4/T6JMtVWhtbI/AAAAAAAAAGU/3XCWaN8WmEw/s1600/0006.jpg
http://4.bp.blogspot.com/-cjbYF3NROI8/T6JMsRB6eVI/AAAAAAAAAFw/J4gnGRf_7lA/s1600/0003.jpg
http://3.bp.blogspot.com/-xRSuoWy5pI4/T6JMtVWhtbI/AAAAAAAAAGU/3XCWaN8WmEw/s1600/0006.jpg
 .irrawaddy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...