ဧဒင်အချစ်ပုံပြင်: စင်ကာပူတွင် ဖျော်ဖြေပွဲ ကျင်းပမည့် Wonder Girls

Wednesday 1 August 2012

စင်ကာပူတွင် ဖျော်ဖြေပွဲ ကျင်းပမည့် Wonder Girls


နာမည်ကျော် ကိုရီးယားအမျိုးသမီးတေးဂီတအဖွဲ့ Wonder Girls of လာမည့် စက်တင်ဘာ ၈ ရက်တွင်စင်ကာပူနိုင်ငံ Resorts World Convention Centre ရှိ Compass Ballroom တွင် ဂီတဖျော်ဖြေပွဲတစ်ခု ကျင်းပသွားရန် စီစဉ်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။ Wonder Girls အဖွဲ့၏ ပထမဆုံး ဂျပန်တေးအယ်လ်ဘမ် Nobody for Everybody သည် ဇူလိုင် ၂၄ ရက်က ဂျပန် နိုင်ငံ၏ အရောင်းရဆုံး တေးအယ်လ်ဘမ်
များတွင် နံပါတ်ခုနစ် နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ထို့ပြင် ယင်းအဖွဲ့သည် သြဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်တို့ တွင်လည်း အခြားကိုရီးယားပေါ့ပ်
တေးဂီတအဖွဲ့များနှင့် အတူ ဂျပန်နိုင်ငံသို့ သွားရောက်ဖျော်ဖြေရန် စီစဉ်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။Wonder Girls အဖွဲ့ကို ကိုရီးယား လှပျိုဖြူလေးများ ဖြစ်သည့် ယူဘင်၊ ရန်နီ၊ ဆန်း၊ ဆိုဟီးနှင့် လိုင်မ်တို့ဖြင့် ၂ဝဝ၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ¤င်းတို့၏ အဆို၊ အက၊ အလှများ ဖြင့် ပေါင်းစပ်ဖျော်ဖြေတင်ဆက်ထားသည့် Tell Me၊ So Hot၊ Nobody၊ Be My Baby နှင့် Saying I Love You တေးသီချင်းများမှာ ပရိသတ်များ၏ အထူးအားပေးနှစ်သက်ခြင်
း ခံခဲ့ရသည်။ဂီတလှုပ်ရှားမှု
များနှင့် ရုပ်သံလိုင်းများအတွက် အမေရိကန် ပြည်ထောင်စုတွင် အချိန်
အတော်ကြာ နေထိုင်ခဲ့ပြီး နောက် Wonder Girls အဖွဲ့သည် လွန်ခဲ့သည့်
နိုဝင်ဘာလ Wonder Worldိ အယ်လ်ဘမ်ကို ထုတ်ဝေခြင်းဖြင့် ကိုရီးယားဂီတလောကသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ယခုအခါ ပြီးခဲ့သည့် လက ထုတ်ဝေခဲ့သည့်Wonder Party အယ်လ်ဘမ်ကို အရောင်းမြှင့်တင်ရေး
ပြုလုပ်လျက်ရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...