ဧဒင်အချစ်ပုံပြင်: “နိုဝင်ဘာလမှာ ကျင်းပမယ့် One Lady Show အတွက် ပြင်ဆင်နေပြီ ဖြစ်တဲ့ ထွန်းအိန္ဒြာဗို”

Wednesday 1 August 2012

“နိုဝင်ဘာလမှာ ကျင်းပမယ့် One Lady Show အတွက် ပြင်ဆင်နေပြီ ဖြစ်တဲ့ ထွန်းအိန္ဒြာဗို”



ထွန်းအိန္ဒြာဗိုက လတ်တလောမှာ ဒါရိုက်တာ ကိုပေါက် ရိုက်တဲ့ ‘ကြယ်ကြွေည ရဲ့ ဟိုဘက်မှာ’ ဇာတ်ကားကို ဟိန်းဝေယံ၊ စိုးပြည့်သဇင်တို့နဲ့ သရုပ်ဆောင်နေ ပါတယ်။ ဒီဇာတ်ကားမှာ ထွန်းအိန္ဒြာဗိုက ဆရာဝန်မတစ်ယောက် နေရာကနေ သရုပ်ဆောင်ရပါတယ်။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်ပြီး ဇာတ်ကို ဖတ်ကြည့်တဲ့ အချိန်တုန်းက ရိုက်ရတာ အဆင်ပြေမှပြေပါ့ မလား ဆိုတဲ့ စိတ်ရှိခဲ့ပြီး အသက်အရွယ် မျိုးစုံအတွက် အချစ်မျိုးစုံရှိ ကြောင်း၊ ချစ်နည်း မျိုးစုံ လည်းရှိကြောင်း၊ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ဇာတ်ရုပ် ဖြစ်အောင် ကြိုးစားလုပ်ကြည့်မယ်ဆိုတဲ့ စိတ်နဲ့လက်ခံဖြစ်ခြင်းဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
ဟိန်းဝေယံ၊ ထွန်းအိန္ဒြာဗို၊ သင်ဇာ ဝင့်ကျော် တို့ရိုက်ကူးတဲ့မာယာနွံဇာတ် ကားလည်း ထွက်လာပြီး ဒီဇာတ်ကားကလည်း အသက်အရွယ်ကွာခြားတဲ့ အချစ်ဖြစ်ပေမယ့် ဇာတ်လမ်းပုံစံချင်းတော့ မတူ ကြောင်း ပြောပါတယ်။ ထွန်းအိန္ဒြာဗိုက သြဂုတ်လထဲမှာ မလေးရှား ဖျော်ဖြေရေးသွားဖို့ ရှိပြီး ဖျော်ဖြေမှာက ၁ရက်ထဲဖြစ်ပေမယ့် ဈေးဝယ် ထွက်ချင်တဲ့ အတွက် ၅ရက် လောက်ေ
န မှာဖြစ်ပြီး ခင်ပွန်းဖြစ်သူပါ လိုက်မှာဖြစ်ပေမယ့် သားကတော့ ကျောင်းပြန်ဖွင့်ပြီ ဖြစ်တဲ့ အတွက် မခေါ်ဖြစ်ကြောင်း ပြောပါတယ်။ နို ဝင်ဘာမှာ ကျင်းပမယ့် One Lady Show အတွက် ကြိုတင်ပြင်ဆင်နေမှုအပိုင်းကိုတော့ ထွန်းအိန္ဒြာဗိုက” One Lady Show အတွက်က ဒီဇိုင်နာ လတ်လတ်နဲ့ လည်း ဒီဇိုင်း တွေ တိုင်ပင်ထား တာတွေရှိပြီ။ တချို့ လည်း ပြင်ဆင်ချုပ်လုပ်နေတာတွေ ရှိပြီ။ ကျွန်မ ဝယ်လာတာတွေရော၊ အခုသွားရင် ထပ်ဝယ်မှာတွေလည်း ရှိတယ်။ အဝတ်အစားပိုင်းက ဒီလောက်ပေါ့။ အဝတ်အစားက သိပ်ထူးထူးခြားခြား ရှိမှာ မဟုတ်ဘူး။ ကျွန်မခန္ဓာကိုယ်က အများကြီး ထူးထူးခြားခြား သိပ် မလိုက်ဘူး။ ဝတ်နေကျလောက်ပဲဖြစ်မှာပဲ။ သီချင်းတွေ လည်း ရွေးချယ်နေပြီ။ တီးဝိုင်းက ကိုဥက္ကာတို့ Plus Three Band ပဲ။ တချို့ သီချင်းတွေကို ဗားရှင်းပြောင်းပြီး တီးကြလိမ့် မယ်။ နိုဝင်ဘာ ၃ရက်နေ့လို့ မှန်းထားတယ်။ နေရာကတော့ MCC ပဲဖြစ်ဖို့ များတယ်။ One Lady Show သီချင်းဖျော်ဖြေရေး ဖြစ်တဲ့ အတွက် သီချင်း ဆိုဖို့ကို အဓိကထားမှာ ပေါ့။ ဒါပေမဲ့ dancer တွေပါမယ်။ ကျွန်မ အဝတ်လဲ နေတုန်းမှာ တင်ဆက်ပေးမယ့် မောင်နှမတွေ အချို့တော့ပါမှာပါ” လို့ပြော ပါတယ်။ ထွန်းအိန္ဒြာဗိုက လက်ရှိ ထွက်စရာ ရုပ်ရှင် ဇာတ်ကားကြီး ၆ကား ကျန်နေပြီး ရိုက်ဖို့ လက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမရှိ သေးဘဲ ဗီဒီယို ဇာတ်ကားတွေပဲ လက်ခံထား ကြောင်းပြောပါတယ်။ အကယ်ဒမီ၂နှစ် ပေါင်းပေးမယ် ဆိုတဲ့ သတင်းအပေါ် ထွန်းအိန္ဒြာဗို က ”Up To Date တော့ဖြစ်သွားတာပေါ့လေ။ ၂နှစ်ပေါင်း ဆိုတော့ တာဝန်များ ကြီးမလား မသိဘူး။ ပညာရှင်တွေ ရွေးချယ်ကြမှာ ဆိုတော့ ဘာမှမပြောတတ် ပါဘူး။ အခုက အကယ်ဒမီ တစ်ခါ ရလိုက်ပြီဆိုရင် လွန်ခဲ့တဲ့ ၃နှစ်က ဇာတ် ကားကြီးဖြစ်နေတာ။ Up To Date မဖြစ်တာတော့ မကောင်းဘူး။ Up To Date ဖြစ် သွားရင် လူတိုင်း စိတ်ဝင်စားမှုပို လာတာပေါ့”လို့ ပြောပါတယ်။ ခိုင်ဝေလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...