မြစ်ကြီးနား၊ မေလ ၅ ရက်နေ့၊ နံနက် ၉နာရီ၊၂၀၁၂၊ ဆိုင်းဆွတ်
ယနေ့နံနက်
၆နာရီခွဲနှင့် ၇နာရီက မြစ်ကြီးနားမြို့ အေဒင်အမှိုက်ပုံ လမ်းကူးတံတားအနီး
ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ရာ လုံခြုံရေး ကင်းတပ်သား ၂
ဦးဒဏ်ရာရရှိသွားသည်ဟု
သိရသည်။
ပထမပေါက်ကွဲသည့် ဗုံးတွင်
ဒဏ်ရာရခြင်းမရှိသော်လည်း ပေါက်ကွဲသည့်နေရာတွင် လုံခြုံရေး ကင်းတပ်သားများက
သွားရောက်ကြည့်ရှုနေစဉ် ဒုတိယမြောက် ဗုံးပေါက်ကွဲပြီး ဒဏ်ရာရရှိသွားခြင်း
ဖြစ်သည်။
ဒဏ်ရာရရှိသူ ၂ ဦးအနက် တဦးမှာ စိုးရိမ်ရသည့် အနေအထားဖြစ်သည်ဟု ဆေးရုံမှ ရရှိသည့် သတင်းအရ သိရသည်။
မြစ်ကြီးနားမြို့တွင်
လွန်ခဲ့သည့် လ သင်္ကြန်ကာလတွင် မြို့အထွက် ရထားသံလမ်းအနီး
ဗုံးတလုံးပေါက်ကွဲခဲ့သကဲ့သို့ ယခင်သီတင်းပတ်ကလည်း
ဆေးရုံကြီးအနီးလမ်းဆုံတွင် ဗုံးပေါက်ကွဲမှုကြောင့် ၃ ဦးဒဏ်ရာရရှိခဲ့သည်။
ဗုံးကွဲမှုများမှာ မည်သည့် အဖွဲ့အစည်းလက်ချက်ဖြစ်သည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။
YPI
No comments:
Post a Comment