ဧဒင်အချစ်ပုံပြင်: မြန်မာဝတ် စုံလေးနဲ့ဝတ်ရတာ သဘောအကျ ဆုံးပါပဲဆိုတဲ့ မိုးယုစံ

Saturday, 5 May 2012

မြန်မာဝတ် စုံလေးနဲ့ဝတ်ရတာ သဘောအကျ ဆုံးပါပဲဆိုတဲ့ မိုးယုစံ

မြန်မာဝတ် စုံလေးနဲ့ဝတ်ရတာ သဘောအကျ ဆုံးပါပဲဆိုတဲ့ မိုးယုစံ   "လောကမှာ မိုးယုအနေနဲ့ စံထားမိတဲ့ယောကျာ်း တစ်ယောက်ဆိုရင် မိုးယု အနီးကပ်မြင်တွေ့နေရတာကတော့ အဖေပေါ့နော်။ယောကျာ်းတွေထဲမှာ မိုးယုနမူနာ ထားတဲ့ယောကျာ်းက အဖေပေါ့။ အဖေ့စိတ်ကိုကြိုက်တယ်။ အဖေက ကိုယ့်မိသားစုကိုအပြည့်အဝဦးဆောင်နိုင်တယ်။ ဆုံးမပဲ့ပြင်နိုင်တယ်။ တစ်ချို့သောမိသားစုတွေဆိုရင် အမေကပဲအဓိကပဲလေ။ မိုးယုတို့ မိသားစုမှာဆိုရင် အဖေရော၊ အမေရောဆုံးမတယ်။ ပြီးတော့ အဖေက လည်းရိုးသားမှုရှိတယ်။ ယောကျာ်းပီသတယ်။ အိမ်ထောင်တစ်ခုကို ဦးစီးနိုင်တယ်။ အမေ့အပေါ် မှာ လည်း သစ္စာရှိတယ်။ ဒါကြောင့် အဖေ့ကို စံနမူနာထားပါတယ်။
ဘဝမှာယောကျာ်းတစ်ယောက်အတွက် စိတ်မညစ်ဖူးပါဘူး။ယောကျာ်း တစ်ယောက်အတွက်လည်း စိတ်ညစ်ဖို့ မတန်ဘူး လို့ထင်ပါတယ်။ အနာဂတ် မှာ အေးချမ်းတဲ့မိသား စုပေါ့နော်။ ပျော်ပျော် ရွှင်ရွှင်နဲ့ ကိုယ်ချစ်တဲ့သူရော ၊ ကိုယ့်မိသား
စု၊ နောက်ဖြစ်လာမယ့် မိသား စုရော အားလုံး သိုက်သိုက်ဝန်းဝန်း နဲ့ပျော်ပျော်ရွှင်ရွှင်နေချင် တယ်။မြန်မာ မိန်းကလေး တစ်ယောက်ဖြစ်တဲ့ အတွက် ဘယ်လောက်ပဲ မလှ ဘူးပြောပြော မြန်မာဝတ် စုံလေးနဲ့ ဝတ်လိုက်တာ ပို ပြီးတော့ကျက် သရေရှိ တာပေါ့နော်။မြန်မာ မိန်းကလေး တစ်ယောက် မြန်မာဝတ်စုံနဲ့ ဝတ်တာ နဲ့ တခြားနိုင်ငံခြားသူ တစ်ယောက် ကမြန်မာဝတ်စုံ ဝတ် တာတောင် မတူဘူးလေ။မြန်မာ မလေးဖြစ်တဲ့ မိုးယု က မြန်မာဝတ်စုံဝတ် ရတာကို သဘော အကျဆုံးပါပဲ။
ထွန်းထွန်းဝင်း(ပုပ္ပါး)
SHADE Journal

1 comment:

  1. တခါတလေလေးဝတ်ပြီးတော့မှ ဟွန်း-----ပြောချင်ဘူး

    ReplyDelete

Related Posts Plugin for WordPress, Blogger...